ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလပထမသီတင်းပတ် ဗုဒ္ဓဟူးနေ့ သြဝါဒ ၁၁၊ ၁၊ ၂၀၂၃

သာမန်ကာလပထမဗုဒ္ဓဟူးနေ့ ရှင်မာကု ၁း၂၉-၃၉

 ချစ်လှစွာသောညီအကိုမောင်နှမအပေါင်းတို့ ယေဇူးဘုရားရှင်ရဲ့လောကတဲ့ကိုဆင်ကြွလာတာကလူတွေကောင်းကျိုး

အတွက်ဖြစ်ပါတယ်။ လူတွေရဲ့အဓိကလိုအပ်တဲ့ ဝိညာဉ်ရေးတရားဟောပြောပေးသလို လူတွေရဲ့ကာယအတွက်

အခြေခံလိုအပ်တဲ့ကုသခြင်းတွေ ပြုလုပ်ပေး‌တော်မူပါတယ်။ ယေဇူးဘုရားရှင်ရဲ့သက်တော်စင်အကြောင်း ရေးထား

တဲ့ဧဝံဂေလိကျမ်းစာရယ် သုံးပုံတစ်ပုံက ကုသခြင်းတွေ၊ ကျန်သုံးပုံတစ်ပုံက‌ဟောပြောတဲ့တရားတော်တွေ၊ နောက်ဆုံ

း သုံးပုံတစ်ပုံကဒုက္ခခံခြင်း၊ အသေခံခြင်းနဲ့ သေရမှရှင်ခြင်းတွေပါတယ်။ သင်ဟာရားရှင်ရဲ့ကုသခြင်း တန်ခိုးတွေကို

မယုံဘူးဆိုရင် သင်ဟာ  ဧဝံဂေလိသတင်းကာင်း ကျမ်းစာရဲ့ သုံးပုံတစ်ပုံကိုမယုံတာဘဲ။ ယေဇူးဘုရားရှင်ရဲ့ကုသခြင်း

တန်ခိုးတော်တွက လူကို ကာယဝိညာဉ် အပြည့်စုံဆုံးအခြေအနေသို့ ပြန်ရောက်စေပါတယ်။ လောကကဆရာဝန်တွေ

ကုသပျောက်ကင်းစေတာနဲ့ မတူဘူး။ ဆီမုန်ရဲ့ယောက္ခမကို ကုသပေးတာကြည့်လိုက်ရင် အဖျားရောဂါပျောက်ကင်းပြီး

ချက်ချင်းလက်ငင်းကို အကောင်းပဿတိအတိုင်းဖြစ်သွားပါတယ်။ ယေဇူးဘုရားရှင်လုပ်သမျှတန်ခိုးတော်က အပြည့်

စုံဆုံးဖြစ်သလို ကနန်မြို့လက်ထပ်ပွဲမှ ပထမဦးဆုံ လုပ်ခဲ့တဲ့ တန်ခိုးမှာလည်း အကောင်းဆုံ စပျစ်ရည်အဖြစ် ပြောင်းလဲ

နိင်သလိုပါပဲ။ ယေဇူးဘုရားရှင်က လူးတွေအများကြီးကို ကုသပျောက်ကင်းပေးနေသလို မအားမလပ်ပင်ပန်းနေပေမယ့်။

မနက်မိုးမလင်းမှီ လူသူကင်းဝေးတဲ့ အရပ်ကိုသွားပြီးတစ်ပါတည်းဆုတောင်းနေပါတယ်။ ကျွန်တော်တို့အလုပ်တွေ

ဘယ်လောက်များများ ဆုတောင်းမှုမပါရင် လုပ်သမျှဟာ အရာမရောက်ပါဘူး။ လူတွေကတော့ ယေဇူးဘုရားရှင်ကို လိုက်

ရှာနေကြတယ်။ အဲဒီလာက်တာင်ယေဇူးဘုရားရှင်ကအရေးပါတယ်။ အသုံးဝင်တယ် နာမည်ရနေတာတောင်ယေဇူးဘုရား

ရှင်က "အခြားမြို့ရွာများသို့ ခရီးဆက်ကြမိန့်တာ်မူပါတယ်"။ ကျနော့်သာသနာပြုတွေလည်း ကိုယ်‌အောင်မြင်နာမည်ရတဲ့

နေရာအရပ်မှာပဲ ဆက်နေခြင်းတဲ့စိတ်ကို‌ဖျောက်ရပါ့မယ်။ ကိုယ့်နဲ့ဆင်ပြေတဲ့နေရာ၊ ကိုယ့်ဇိမ်ကျတဲ့နေရာမှာပဲ တာဝန်

ထမ်းဆောင်နေချင်လို့ဖြစ်ပါဘူး။ ဘုရားသခင်ရဲ့တရားတော်တွေကို နေ့ရာတိုင်းမှာဟောပြောပးဖို့က ပိုအရေးကြီးပါတယ်။

ဒါကြောင့် ကိုယ်ကာယသာ နေကောင်းမထိုင်မသာအတွက် ကုသပေးနေပြီး ဝိညာဉ်ရေးမှာ ဘာမျှတို့တဲ့ပြောင်းလဲမှု မလိုချင်

တဲ့လူတွေက အမှားကြီမှာနေပါပြီ။ ကိုယ်ကာယအတွက် ကျမ်မာချင်းကြသလို ဒီထက်ပိုအရေးကြီးတဲ့ ဝိညာဉ်ရေးအတွက်

တို့တဲ့ပြောင်းလဲလာနိုင်အောင် အ‌ရေးတယူကြိုးစားဆောင်ကြပါဆို။ နားစဉ်သူအားလုံးအပေါ်ဘုရားသခင်‌ကောင်းကြီ

းမင်္ဂလာများခံစားကြရပါစေ။

Add new comment

1 + 5 =