ဖာသာရ် Alphonse အောင်ကိုလတ် (မန္တလေး) အာဒ်ဝင်တူးကာလ ဒုတိယ စနေနေ့ သြဝါဒ ၁၀၊ ၁၂၊ ၂၀၂၂

 ဒီနေ့ဧဝံဂေလိကျမ်ို့းသခင်ယေရှုရဲ့တပည့်တော်သုံးပါး ပေတရူး၊ ယောဟန်၊ ယာကုပ်တို့တောင်ပေါ်ကနေ နဲ့စထား

ပါတယ်။ သခင်ယေဇူးအဆင်းသဏ်ဍန်ပြောင်းလဲတာကိုတပည့်တော် ၃-ပါးက သူတို့မျက်စိနဲ့ ကိုယ်တိုင်တွေး၊

မိုးဇယ်နဲ့ဧလိယကိုလည်းတွေ့၊ ခမည်းတော်ဘုရားကဤသူသည်ငါး၏ချစ်သားပါလို့ ပြောတာကိုလည်းကြားရ၊

လူတွေရဲ့ဘာသာစကားတွေနဲ့ယှဉ်ပြ၊ ဖော်ပြလို့မရနိုင်တဲ့အတွေ့အကြုံမျိုးတွေ့ကြုံအပြီး၊ ပေတရူးကထိတောင်

ပေါ်မှာတဲ့သုံးဆောင်ဆောက်ပြီးနေကြပါစို့လို့ပြောတဲ့တောင်ပေါ်ကနေပြန်ဆင်းနေကြတာပါ။ စကားတပြောပြော

ဆင်း‌နေရင်းသခင်‌ယေဇူးကသူတို့မြင့်ခဲ့ရတာတွေကိုရှင်ပြန်ထမြောက်ခြင်းမတိုင်ခင်ဘယ်သူ့ကိုမှမပြောကြဖို့ပြော

ချိန်တပည့်တော်တွေကနားမလည်၊ သိချင်တာတွေကိုပြန်မေးကြတယ်။ အဲ့ဒါဆိုရင်ဘာလို့ကျမ်းတတ်ဆရာတွေက

ဧလိယအရင်လာမယ်လို့ပြောကြတာလဲဆိုပြီးတော့ အဖြေကတော့ကျမ်းစာမှာဖတ်ရတဲ့အတိုင်ပဲဧလိယကလာခဲ့

ပြီ ပြီလူတွေကသူတို့လုပ်ခြင်တိုင်းလုပ်ကြတယ်။ သခင်ယေဇူးးကသူ့ကိုလည်းအဲဒီလိုပဲလုပ်ကြမှာပဲလို့ပြောတယ်။

ယေဇူး‌‌ပြောတဲဧလိယက ယောဟန်(ယောဟန်ဗတ္တိစတာ) ကို ရည်ညွန့်‌‌ကြောင်းသူတပည့်တွေကနားလည်ကြတယ်။

လူတွေသာယောဟန်ကိုမက်ဆီးယားသခင်ကြွလာမယ့်လမ်းပေးတဲ့သူဧလိယကိုကိုယ်စားပြုတဲ့သူလို့ မမြင့်၊ လမ်းမ

ခံကြတဲ့အတွက်ခရစ်တော်ယေဇူးးကိုလဲလို့မက်ဆီးယားလို့မမြင်နိုင်၊ လက်မခံနိုင်ကြဘူး။ လူတွေအဒီလိုဖြစ်အောင်

ပြောတဲ့သူတွေရှိတယ်။ သူတို့ကကျမ်းတတ်ဆရာတွေပဲ။ ကျမ်းတတ်ဆရာတွေကမက်ဆီးယားကြွမလာခင်၊ လာ

မယ့်လမ်းကိုပြင်ဆင်ပေးဖို့ ဧလိယကအရင်လာမယ်လို့ဓမ္မဟောင်းကျမ်းမှာရေးထားကြောင်းလူတွေကိုဟောပြော

ကြတယ်။ အခုဧလိယက‌ရောက်မလာသေးဘူးဆိုတော့သခင်ယေဇူးးကမက်ဆီးယားမဟုတ်ဘူးလို့ပြောကြတယ်။

သူတို့ပြောတာကိုနားထောင်ယုံကြည့်တဲ့သူတွေက ယောဟန်ရဲ့ပြင်ဆင်ခြင်းလုပ်ငန်း၊ သခင်ယေဇူးရဲမက်ဆီးယားရှင်

အဖြစ်ကြွလာခြင်းတွေကိုတခုမှအရှိအတိုင်း၊ အဖြစ်အတိုင်းအမြင်တော့ဘူး။ သူတို့ရဲ့မျက်စိတွေကသူတို့ကြားထား

လက်ခံထားတဲ့အရာတွေနဲ့ဖုံးနေတော့အဖြစ်အပျက်အမှန်ကိုမမြင်တော့ဘူး။ မျက်လုံးအစုံအကောင်ကြီးရှိနေပါ

လျက်နဲ့စုံလုံးကန်းသလိုအဖြစ်ကိုရောက်သွားတယ်။ ကျမ်းတက်ဆရာတွေကသူတို့သိ၊ သူတို့တက်တဲ့အတက်ပညာ

တွေနဲ့သခင်‌ယေဇူးကမက်ဆီးယားမဟုတ်ပါဘူးလို့ဆိုကြတယ်။ ပညာမာနတွေနဲ့ပြည့်နေတော့ဘုရားရဲ့ကြွလာခြင်း

ကိုတောဘူး။ ဒါ့အပြင်သူတို့ရဲ့အဟေားအပြောတွေနဲ့တခြားသူတွေကိုပါဘုရားကိုမြင်ရမသိရအောင်ဟန့်တာတဲ့

တားဆီးတွေဖြစ်သွားတယ်။ ကျွန်ုပ်တို့တတွေရောဘုရားရဲ့ကြွလာခြင်းအတွက်ပြင်ဆင်နေတဲ့ဒီကာလမှာကိုယ့်ကိုယ်

ကိုပြန်မေးကြည့်ကြရအောင်။ ကျွန်ပ်တို့တို့ရဲ့ဘဝမှာဘာတွေကများဘုရားကိုမတွေ့မမြင်အောင်တာဆီးထားပါသလဲ။

တပါးသူတွေဘုရားကိုမမြင်မတွေ့အောင်အတာအဆီးများဖြစ်နေပါသလား။ ကိုယ့်ရဲ့အခြေအနေအမှန်ကိုသိရှိလက်ခံ

နိုင်ဖို့ဘုရားရှင်ထံမှာအလင်းကျေးဇူးနဲ့ နိမ့်ချခြင်းကျေးဇူးတွေကိုတောင်းခံရပါမယ်။ ပြီးရင်တော့ဧဘိယနဲ့

ယောဟန်ဗတ္တိစတာတို့လိုတရားလမ်း၌ဘဝအသက်တာကိုရှင်သန်လျှောက်လှမ်းရင်မိမိနဲ့တွေ့ဆုံရသူတွေကိုပါဘုရားရှင်

ထံလမ်းပြပို့သူ၊ လက်တွဲခေါ်ဆောင်သူတွေဖို့ကြိုးစားအားထုတ်သွားကြပါစို့။

 

 

Add new comment

5 + 0 =