ဖာသာရ် Alphonse အောင်ကိုလတ် (မန္တလေး) အာဒ်ဝင်တူးကာလ တတိယ တနင်္လာနေ့ သြဝါဒ ၁၂၊ ၁၂၊ ၂၀၂၂

ချစ်လှစွာသောညီအကိုမောင်နှမအပေါင်းတို့ယနေ့ဧဝံဂေလိကျမ်းမှာ သခင်ယေဇူးက ဂျေရူစလင် ဗိမာန် တော်ထဲမှာ

 တရားဟောနေချိန်ရဟန်းအကြီးအကဲတွေ၊ သက်ကြီးဝါကြီးတွေရောက်လာပြီး မီးခွန်မေးကြတယ်။ ခုလိုတွေ

လုပ်ဖို့ဘယ်ကနေဘယ်လိုအာဏာမျိုးကိုရထားတာလိုလဲလို့မေးကြတယ်။ သူတို့ရဲ့စိတ်ထဲမှာဖြစ်ပျက်နေသမျှကို

သိနေတဲ့ ကိုယ့်တော်ကသူ့တို့ရဲ့မေးခွန်းကိုမေးခွန်းတခုနဲ့ပဲပြန်တုံ့ပြန်လိုက်ပါတယ်။ ယောဟန်ရဲ့‌ဆေးကြာခြင်က

ဘယ်ကလာသလဲ။ ကောင်းကင်ကလား၊ လူ‌တွေဆီကလားဆိုပြီးတော့ပြန်မေးလိုက်ပါတယ်။ သခင်ယေဇူးကို ကျဉ်

းထဲ့ကျပ်ထဲ့ရောက်အောင်လုပ်ဖို့ကောက်ကျစ်တဲ့ အကြံ‌ဆိုးကြီးတွေနဲ့‌ရောက်လာခဲ့တဲ့သူတွေ။ ဒီမေးခွန်းကြောင့်သူ

တို့ကိုယ်တိုင်ပဲ အခက်တွေ့သွားတယ်။ ကျမ်းစာမှာ ဖတ်ရတဲ့အတိုင်းပဲ ဘုရားဆီကလို့‌ဖြေရင်အဲဒါဆိုဘာလို့မယုံကြ

တာလဲလို့အမေခံရမယ်။ လူတွေ့စီကလို့ဖြစ်ပြန်ချင်းလည်း ယောဟန်က ဘုရားစေလွှတ်တဲ့ပရောဖက်တစ်ပါးလို့ ခံ

ထားတဲ့လူတု ကြီးရဲ့ရန်ကိုကြောက်ရတယ်။ ဆုပ်လည်းစူးစားလည်းရူးအခြေအနေမှာ မသိဘူးလို့ဖြည့်ဖို့ကိုသာရွေ

းချယ်ခဲ့ကြတယ်။ ဒီလိုမသိဘူးဆိုးတာလေး‌ေဖြဖို့တောင်သူတို့ကြားထဲအကြိတ်အနယ်ဆွေးနွေးရသေးတယ်။

အတွေးအခေါ်အကြံအစည်တွေကောက်ကျစ်ပြီး တစ်ပါးသူကိုချောက်ချဖို့သာလမ်းရှာနေတဲ့အတွက် လွယ်ကူနေတဲ့

အရာတောင်မှာက်ခဲခံသွားတယ်။ တကယ်ဆိုသူတို့ကယောဟန်ဟာဘုရားစေလွှတ်တဲ့သူ ဆိုတာမသိစရာအကြောင်း

မရှိဘူး။ သူ့တို့ရဲ့နှလုံးသားကမာနတွေမနာလိုမုန်းထားမှုတွေနဲ့  ပြည့်နှက်နေပြီအမှန်တရားကိုလက်မခံနိုင်ကြဘူး။

ဘုရားအကြောင်းကိုပြောဖို့ကသူတို့ရဲ့မူပိုင်ခွင့်လို့ခံယူထားပြီးသူတို့နဲ့အပြိုင်ဟောပြောသူကိုသာအပြတ်ရှင်းဖို့သာစိတ်

အားထက်သန်နေကြတယ်။ လူ့တို့အတွက်ပဲသူတို့တွေ့တယ်တကိုယ်‌ကောင်းဆန်ကြတယ်။ အတွင်းစိတ်မှမကောင်း

တာတွေနဲ့ပဲပြည့်နေတော့နေထိုင်သွားလာပြောဆိုရမှာမလတ်လပ်တော့ဘူး။ ရိုးရိုးသာမန်လူတွေလိုလွတ်လပ်စွာအ

တွေးခေါ်နိုင်၊ မပြောဆိုနိုင်တော့ဘူး။ သူ့တို့ဘဝကအမြဲအမြဲပူလောင်နေတယ်။ ဒီလိုလူတွေရဲ့မေးခွန်းကို သခင်ယေဇူး

ကလိမ်မာပါးနပ်စွာနဲ့တုံ့ပြန်ခဲ့တယ်။ အတွင်းစိတ်ကကောက်ကျစ်တာမရှိရာနှုန်းပြည့်သန့်စင်နေတော့မြင်သမျှ၊ တွေ့

သမျှအရှိကိုရှိတိုင်းမြင့်တယ်။ စကားပြောဆိုရာမှာလည်းအမှန်တရားကိုလွတ်လွတ်လပ်လပ်‌ပြောဆိုနိုင်တယ်။ ပြန်

လည်ဆန်းစစ်ကြည့်ကြရအောင်။ တနည်းတဖုံနဲ့တည်းဒီရဟန်းအကြီးအကဲတွေ့လို့များဖြစ်နေသလား။ တပါးသူ

တွေနဲ့ဆက်ဆံရာမှာ မနာလိုဝန်တိုပြီးမကောင်းကြံတဲ့အချိန်တွေရှိပါလား။ ရှိခဲ့ရင်ဒီအချိန်အတွက်ဘုရားရှင်ကိုဝန်ချ

တောင်းပြီလိုအပ်သောကျေးဇူးတော်တွေတောင်းခံကာ ယေဘုဇူးဘုရာရှင်ပြတဲ့လမ်းကိုချက်ချင်းပြလိုက်ရောက်ကြရ

ပါမယ်။ ဆက်ပြီတော့ရဟန်းအကြီးအကဲတွေ သခင်ယေဇူးကို‌မေးတဲ့မေးခွန်းအပေါ်  ထောက်ရှု့ကြည့်ကြရအောင်။

သူ့တို့ကဒီအခွင့်ကိုဘယ်သူ့ဆီကရသလဲလို့မေးကြတယ်။ ဘုရားဆီကဆိုတာသေချာတာပေါ့ယေဇူးကဘုရားရဲ့သား

တော် မက်ဆီယားဖြစ်တယ်။ ဒါပေမဲ့ အဲလိုပြောလိုက်လို့မရဘူး။ အဲဒီအချိန်ကအကြီးအကဲတွေ၊ ယဇ်ပ‌‌ရောဟိတ်တွေ

၊ ဂျူးလူမျိုးသက်ကြီးဝါကြီးတွေသာဘိန်းမှတော်ထဲမှာ‌ေဟာပြောလို့ရတယ်။

 ယေဇူးကသူတို့ထည့်ကမဟုတ်တဲ့တွက်စည်းမျဉ်းစည်းကမ်းအရအခွင့်မရှိဘူးလို့ပြောလို့ရတယ်။ ဘုရာဆီကအခွင့်

ရတယ်ပြောရင်လည်းသက်သေပခိုင်းမယ်။ ဒါမှမဟုတ်ဘုရားရဲ့နာမ‌ေတာ်ကိုအလွဲစားလုပ်တယ်လို့ပြောကြမယ်။

အဲလိုအကျပ်ရိုက်အောင်ကိုမေးခွန်းကိုမေးကြတာ။ အမှန်တရားအတိုင်းအသက်ရှင်နေထိုင်ပြီးလူ့တို့ရဲ့စိတ်နေ

သဘောထားတွေကိုသိနေတဲ‌ယေဇူးက သူ့တို့ဆင်တဲ့ထောက်ကနေလွတ်အာင်ရှောင်နိုင်ခဲ့တယ်။ ယေဇူးဘုရား

ပြောတာတွေကိုလူတွေက နားထောင်ကြတယ်။ လူအုပ်ကြီးကတရားနာချင်တဲ့တွက်‌ယေဇူး‌နောက်ကိုတိုးကျိတ်

ပြီးလိုက်ကြတယ်။ ဒါတွေကြောင့်လည်း အခွင့်အာဏာရှိသူတွေကမနာလိုကြတာ။ ဘုရားဆီကရတဲ့ခွင့်အပြင်ယေဇူး

ရှင်‌ဟောပြောသွန်သင်ချက်တွေက သြဇာရှိပြီးသူတွေနားထောင်ချင်တဲ့အကြောင်းအရင်ရှိတယ်။ အဲ့ဒါကတော့ ယေဇူး

ဘုရားရှင်ကသူကျင့်တဲ့ဘုရားကိုသာဟောပြောသွန်သင်တယ်။ သူဟောတာကိုသူ့ကျင့်တယ်။ တခြားသူတွေကျင့်ဖို့‌

ဟောပေးတာမဟုတ်ဘူး။ အပြောနဲ့အလုပ်ထပ်တူကျတယ်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာလည်းပြောနဲ့အလုပ်ညီတဲ့သူ

တွေတွေ့ဖူးကြမှာပါ။ အဲဒီလူတွေကလေးစားခြင်းခံကြရတယ်။ သူတို့ရဲ့စကားတွေကလည်းသြဇာရှိတယ်။ တဖက်

မှာလည်းအခွင့်အာဏာရာထူးတွေရှိနေပေမယ့်။ အပြောနဲ့အလုပ်မညီတဲ့အတွက်လူတွေရဲ့လေးစားခြင်းမခံရသူတွေ

ဒုနဲ့ဒေးပါပဲ။ လူကြီးမို့ကြောက်လို့နာခံရပေမယ့်ရှိသေလေးစားတဲ့စိတ်‌ေတာ့မရှိဘူး။ ကြန်ုပ်တို့ရောဘယ်လိုမျိုးအ

စားထဲမှာပါနေပါသလဲ။  မိမိကိုယ်ကိုဆန်းစစ်ကြည့်ကြပါဆုံး။

 

 

Add new comment

1 + 10 =