ဖာသာရ် Alphonse အောင်ကိုလတ် (မန္တလေး) သာမန်ကာလ (၁၉) ကြိမ်မြောက် သောကြာနေ့ သြဝါဒ ၁၂၊ ၈၊ ၂၀၂၂

 ဒီနေကြားနာရတဲ့ဧဝ့ဂေလိကျမ်းစာထဲ့မှာသခင်ခရစ်တော်က ဓမ္မဟောင်းကာလမှာအိမ်ထောင်ကွဲခွင့်

ကိုတရားဝင် ခွင့်ပြုပေခဲ့တဲ့မိုးဇယ်ရဲ့ ဥပဒေနဲ့ပတ်သက်ပြီးသွန်သင်တယ်။ ခရစ်တော်ပြောတာက

မိုးဇယ်ဟာထိုခေတ်အချိန်အခါ ကများပြားလာတဲ့လင်မယားကွာရှင်းပြတ်ဆဲခြင်းများကိုထိန်းချုပ်

ဖို့ရန်ရွယ်ပြီးတော့ ထိုဥပဒေကိုပြဒါန်းခဲ့ခြင်းဖြစ်ပါတယ်။ မိုးဇယ်ဥပဒေ မတိုင်ခင်ကအမျိုးသားများ

သည်သူတို့မပေါင်းသင်းလိုတော့သည်အမျိုးသမီးကိုစွန့်ပြစ်ပြီး နောက်တစ်ယောက်နဲ့ပေါင်းသင်းကြ

တယ်။ စွန့်ပြစ်ခံရတဲ့အမျိုးသမီးမှာမူနောက်အိမ်ထောင်ပြုခွင်မရ။ နောက်အိမ်ထောင်ပြုလျှင်အရင်

အိမ်ထောင်သည်အမျိုးသားက ထိုအမျိုးသမီကိုအိမ်ထောင်ရေးဖောက်ပြန်မူဖြင့် တရားစဲ့ပြီးကျောက်

ခဲနဲ့ပေါက်သေဒဏ်ပေးလိုရပါတယ်။ ထိုပြသနာများကိုဖြေရှင်းပေရန် မိုးဇယ်က မိမိမယားကို

မပေါင်းသင်းလိုလျှင်ဖြတ်စာပေး၍ကွာရှင်းခွင့်ပေးခဲ့ခြင်းဖြစ်တယ်။ ထိုဖြတ်စာရှိပြီဆိုလျှင်စွန့်ပြစ်

ခံအမျိုးသမီးသည် လည်းလွတ်လပ်စွာနောက်အိမ်ထောင်ပြုလိုရပြီဖြစ်တယ်။ ဒါကြောင့်

သခင်ခရစ်တော်က မိုးဇဘ်ဟာထိုဥပဒေကို ပြဒါန်းရခြင်းမှာ ထိုခေတ်အခါက ဂျူးလူမျိုးများ

၏ခေါင်းမာမှုကြောင့်ဖြစ်တယ်လို့ဆိုခဲ့တယ်။ ဒါ့အပြင်ဆက်လက်၍ သခင်ခရစ်တော်သွန်သင်

သည်မှာမည်သည်ဥပဒေမှ လက်ထပ်ထိမ်းမြားခြင်းရဲ့ထာဝရဖြစ်ခြင်းနှင့်မကွဲကွာနိုင်ခြင်း

ကိုဖယ်ဖျက်လိုမရဘူလို့ဆိုခဲ့တယ်။

 သခင်ခရစ်တော်သည်ကမ္ဘာဦးကျမ်းကို ကိုးကာ၍ အစဦးကတည်းကဘုရားသခင်သည်လူ

ယောကျာ်းနှင်လူမိန်းမကို ဖန်ဆင်ပြီးသင်တို့သည်နှစ်ဦးမဟုတ်တစ်ဦးတည်းဖြစ်သည် ဆိုသည့်

ကျမ်းပိုဒ်များကို ကိုးကား၍သွန်သင်ခဲ့တယ်။ ထိုသွန်သင်ချက်များကို MK 10:1-12,

Mt 5:31-32, Mt 19:3-9, Lu 16:18 တို့မှာတွေ့ရတယ်။ ထိုကျမ်းချက်များကို အခြေခံ၍

အမိကက်သလစ်အသင်တော်က လက်ထပ်ထိမ်းမြားခြင်းသည်ယောကျာ်းတစ်ယောက်နဲ့ မိန်းမတစ်

ယောက်အကြားပြုတဲ့သန့်ရှင်းမြင်မြတ်ပြီးတဲ့တရားဝင်ပြုလုပ်တဲ့ဂတိကဝတ်၊ ထိုအပြင်ဘုရားသခင်

ရှေ့မှာပြုလုပ်တဲ့ပဠိညာဉ်ဖြစ်တယ်။ ထိုကြောင့်စက္ကရမင်တူးအဖြစ်တင်မြောက်ပေးခဲ့တယ်။

လင်မယားကွာရှင်း ပြတ်ဆဲခြင်းသည်သဘာဝနဲ့ဆန့်ကျင်သောအပြစ်ကိုကျူးလွန်ခြင်းဖြစ်သည်။

ထို့အပြင်သူတို့အချင်ချင်းဘုရားရှေ့၊ လူရှေ့ပြုခဲ့ကြတဲ့ဂတါသစ္စာများကိုဖောက်ဖျက်ခြင်းဖြစ်တယ်။ 

ထိုသို့ပြုခြင်းသည်မိသာစုနှင်လူအဖွဲ့အစည်းတစ်ခုကို ကမောက်ကမဖြစ်စေတဲ့အတွက် အကျင့်စာရိတ

ပျက်ပြားခြင်းဖြစ်သည် (CCC 2384) ဟုသွန်သင်ထားသည်။ မိသားစုများသည်နိုင်ငံတော်၊ သာသနာတော်

လူအဖွဲ့အစည်းတစ်ခုလုံး၏အခြေခံအုပ်မြစ်တယ်။ ဒါကြောင့်မိသားစုများအားလုံးစည်းလုံညီညွတ်မှုရှိဖို့၊

အိမ်ထောင်သည်အမျိုးသားနှင့်အမျိုးသမီးများ တစ်ဦး အပေါ်တစ်ဦးနားလည်ခွင့်လွတ်သည်းခံနိုင်

ယေဇူး၊ မာရီးယား၊ ဇူဇယ်တို့၏ သန့်ရှင်းသောအိမ်ထောင်စုကို အတုယူ ရှင်သန်နိုင်ကြရန်ဆုတောင်း

ပေကြစို့။ ထိုအပြင်အကြောင်းအမျိုးမျိုးကြောင့်အိမ်ထောင်ရေးကွာရှင်းထားသူများ၊ ပထမအိမ်ထောင်

ကွဲပြီးနောက်အိမ်ထောင်ပြုထားသူများ၊ အိမ်ထောင်ရေးအဆင်မပြေဖြစ်နေကြသောသူများအားလုံး

အတွက်လည်းအထူးသတိရဆုတောင်းပေကြပါစို့။

 

Add new comment

2 + 6 =