ဖာသာရ်  Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၁၅) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ သြဝါဒ ၁၃၊ ၇၊ ၂၀၂၂

၁၃ ဂျူလိုင် ၂၀၂၂

           ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို အစိုးရတော်မူသောအဖ ကိုယ်တော်သည် ပညာရှိသူတို့အား ဤအရာများကိုထိမ်

ဝှက်ထားတော်မူလျက် ငယ်ရွယ်သူတို့အား ဖေါ်ပြတော်မူသည်ဖြစ်၍ ကျေးဇူးတော်ကိုကျွန်ုပ်ချီးမွမ်းပါ၏။ လူတွေနဲ့ပက်သက်

ပြီး အကြောင်းအရာတစ်ခုကို သမ္မာကျမ်းစာက ဆိုထားတာရှိတယ်။ အဲဒီအကြောင်းအရာကို နတ်ဆိုးတွေကိုလဲ မပြောထားဘူး၊

ကောင်းကင်တမန်တွေကိုတောင်မပြောထားဘူး။ လူကိုဘုရား၏ပုံသဏ္ဍာန်တော်အတိုင်းဖန်ဆင်းထားခြင်းအကြောင်းဖြစ်တယ်။

ဒီအချက်က ကျွန်တော်တို့ရဲ့လူဖြစ်ခြင်းကို ဖြစ်စေတဲ့အရာဖြစ်တယ်။ လူသားတွေက လူမဟုတ်တဲ့ တိရစ္ဆာန်လောကနဲ့ ခြားနားပြီး

တစ်ထူးတစ်ခြား လူပုဂ္ဂိုလ်ဖြစ်စေခြင်းက လူက နာမ်ဝိညာဉ်ပိုင်ဆိုင်လို့မဟုတ်ပါဘူး။ လူက ဘုရား၏ပုံသဏ္ဍာန်တော်အတိုင်းဖန်

ဆင်းခြင်းခံထားရလို့ လူက တစ်ခြားတိရစ္ဆာလောကထက် ထူးခြားခြင်းကို ရရှိထားတာဖြစ်တယ်။ ထိုအချက်က လူမျိုးနွယ်တစ်ခု

တည်းမှာသာ ဖြစ်တာဖြစ်တယ်။ လူတွေက ဘုရားကဲ့သို့ဖန်ဆင်းခံထားကြတာဖြစ်တယ်။ ဘုရားကို‌ရောင်ပြန်ဟပ်ဖို့၊ ဘုရား၏အ

ကျင့်တွေကို ရောင်ပြန်ဟပ်ဖို့၊ ဖန်ဆင်းခြင်းအပေါ်မှာ စီမံခန့်ခွဲဖို့ဖြစ်တယ်။

             အပြစ်သားဖြစ်နေရင်တောင်မှ လူက ဘုရား၏ပုံသဏ္ဍန်တော်အတိုင်းဖန်ဆင်းခံထားရဆဲဖြစ်တယ်။ ဘုရား၏ပုံရိပ်ကို

စွန်းထင်သွားစေတယ်၊ ရုပ်ပျက်သွားစေတယ်၊ ဒါပေမဲ့ လုံးဝဖျောက်ဖျက်ပစ်လို့တော့မရနိုင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုရင် လူဖြစ်ခြင်း

က ဘုရားပုံရိပ်ဖြစ်တာကြောင့်ဖြစ်တယ်။ ဒါကြောင့် ခေါင်းမာစွာနဲ ဆက်လက်ပြီးဆိုးဝါးနေတဲ့ အပြစ်သားတွေထဲမှာတောင်မှ ဘုရား

ကဲ့သို့အရည်အသွေးတွေရှိနေသေးတယ်၊ ချစ်စိတ်ဖြင့် ဆက်ဆံရေး၊ ကောင်းတဲ့အရာကိုမြတ်နိုးစိတ်၊ အလှတရားကိုမြတ်နိုးစိတ်၊

တရားမျှတမှုရှိခြင်းအခြေခံကိုနားလည်ခြင်း၊ အသက်ကိုလေးစားခြင်း၊ သနားစိတ်၊ နူးညံ့သိမ်မွေ့စိတ်ရှိခြင်းတွေ ရှိနေတယ်။

ကောင်းကင်တမန်တွေကို ဘုရား၏ပုံရိပ်အတိုင်းဖန်ဆင်းခဲ့တယ်လို့ သမ္မာကျမ်းစာက မဆိုထားပါဘူး။ ကောင်းကင်တမန်တွေက

ဖန်ဆင်းခံ ဝိညာဉ်တွေဖြစ်ကြတယ်။ ကောင်းကင်တမန်တွေက ဘုရားစေခိုင်းတာကို လုပ်ဆောင်ပေးရုံသာဖြစ်ကြတဲ့ ဘုရား၏အ

စေခံများအဖြစ်ဖေါ်ပြထားတယ်။ သူတို့က ဘုရားကိုရှိခိုးကိုးကွယ်ကြပြီး ဘုရားရဲ့ဝေယျဝိစ္စတွေကိုဆောင်ရွက်ကြတယ်။

ကောင်းကင်တမန်တွေကိုခေါ်လေ့ရှိတဲ့ နေ့စဥ်သုံးစကားမှာ အဓိပ္ပါယ်က messenger စေလွှတ်ခံရသူဖြစ်တယ်။ နားလည်မှုမလွဲဖို့

လိုပါတယ်။ သမ္မာကျမ်းစာထဲမှ ကောင်းကင်တမန်တွေရဲ့ လုပ်ဆောင်ရမှုနဲ့ အဆင့်အတန်းကို ဒီလောက်လေးပဲဟု သေးသိမ်တယ်လို့

ဆိုလိုခြင်းမဟုတ်ပါဘူး။ သူတို့တွေက လူတွေနဲ့မတူခြင်းကို ဆိုလိုခြင်းဖြစ်တယ်။ နောက်ဆုံးမှာ ယေဇူးခရစ်တော်အားဖြင့်၊

ယေဇူးခရစ်တော်၌ လူသားတွေကသာလျှင် အသစ်ပြုပြင်ဖန်ဆင်းခြင်းမှာ အမြင့်ဆုံးနေရာကို ရယူကြမှာဖြစ်တယ်။ (ဟေဘရူး ၂)

ဒါကြောင့် ကောင်းကင်မှနှင်ချခြင်းခံရတဲ့ ကောင်းကင်တမန်တွေ၊ နတ်ဆိုးအပါအဝင် သူတို့တွေမှာ အပြစ်သားလူတွေဆီမှာ ထင်ရှား

စွာရှိနေတဲ့ ဘုရား၏ပုံရိပ်ကို စိုးစဥ်းမျှမတွေ့ရပါဘူး။ စာတန်ထဲမှာ ချစ်ခြင်းရှိတဲ့ဆက်ဆံရေးမရှိဘူး၊ အလုတရားကိုမြတ်နိုးခြင်း

မရှိဘူး၊ ကောင်းခြင်းကိုမနှစ်သက်ဘူး၊ သနားခြင်းမရှိဘူး၊ ဂုဏ်သိက္ခာမရှိဘူး၊ ပို၍ကောင်းသောဖက်ဆိုတာမရှိဘူး၊ ကယ်တင်ပေ

းနိုင်တဲ့ ဝိသေသမရှိဘူး။ ဘယ်လူသားမဆို၊ ဘယ်လောက်ပဲဆိုးဝါးနေသည်ဖြစ်စေ၊ ဘယ်လောက်ပဲဂုဏ်သိက္ခာကင်းမဲ့နေသည်

ဖြစ်စေ၊ မေတ္တာဖြင့် သနားခြင်းမထားနိုင်ရလောက်အောင်၊ နောင်တရပြီး၊ ကယ်တင်ခြင်းခံရဖို့ ဆုတောင်းခြင်းပြုမပေးနိုင်ရလောက်

အောင်ဆိုတာ တစ်ယောက်မျှမရှိပါဘူး။ သမ္မာကျမ်းစာထဲမှာ ဘယ်နေရာမှာမှ စာတန်က ချစ်ခြင်းခံထိုက်သောပုဂ္ဂိုလ်၊ သနားခြင်း

ခံထိုက်သောပုဂ္ဂိုလ်၊ ဆုတောင်းပေးခြင်းနဲ့ ကယ်တင်ခံထိုက်သောပုဂ္ဂိုလ်ဖြစ်တယ်လို့ ဖေါ်ပြမထားပါဘူး။ သမ္မာကျမ်းစာထဲမှ

ဘယ်နေရာမှာ စတန်က ချစ်ခြင်းခံထိုင်တဲ့ပုဂ္ဂိုလ်၊ သနားခြင်ခံထိုက်တဲ့ပုဂ္ဂိုလ်၊ ဆုတောင်းပေးခြင်နဲ့ခံထိုက်တဲ့ပုဂ္ဂိုလ် ဖြစ်တယ်လိုပေါ်

ပြမထားါဘူး။ လူဟာဘုရားရဲ့ပုံရိတ်ဖြစ်ခြင်း နက်နဲ့ရာအချာက်ကိုဘုရားဖော်ပြတော်မူတယ်။ ထိုဂုဏ်သိက္ခာအတိုင်းမိမိကိုယ်ကိုတန်ဖိုး

ထား မီနဲ့ထိတွေ့ဆက်ဆံရတဲ့သူတွေအပေါ်မှာလည်း ထိုဂုဏ်သိက္ခာအတိုင်းဆဆံနိုင်ရအောင်ဝိညာဉ် တော်မြတ်ဘုရားကျေးဇူးတော်

လိုအပ်ပါတယ်။

Add new comment

19 + 1 =