ဖာသာရ်  Alphonse အောင်ကိုလတ်(မန္တလေး) သာမန်ကာလ (၁၅) ကြိမ်မြောက် အင်္ဂါနေ့ သြဝါဒ ၁၂၊ ၇၊ ၂၀၂၂

       ခရစ်တော်ရဲ့နောက်လိုက်တစ်ယောက်အနေနဲ့ပျော်ရွှင်ရဆုံးအချိန်ဟာခရစ်တော်ရဲ့သတင်းကောင်းကိုသူများကိုဝေမျှခြင်း

နှင့်မိမိကိုယ်တိုင်ယုံကြည်ခြင်းဖြစ်တယ်၊ အဲဒါနဲ့ဆန့်ကျင်ဘက်ကခရစ်တော်ရဲ့သတင်းကောင်းကိုသူများကိုဝေမျှပြီးမိမိကိုယ်တိုင်

ကမယုံကြည်ခြင်းဖြစ်တယ်။ ခရစ်တော်ရဲ့သတင်းကောင်းကိုဝေမျှရာတွင် သူတပါးကလက်ခံပြီးပြောင်းလဲလို့ပျော်ရွှင်ရတဲ့အချိန်

ရှိသလို ငြင်းပယ်လို့ဝမ်းနည်းရတဲ့အချိန်တွေရှိမယ်။ ထိုအချိန်မှာသတိရ ရမှာက လက်ခံရင်ခရစ်တော်ကိုလက်ခံခြင်းဖြစ်ပြီး ငြင်း

ပယ်ရင်လည်းခရစ်တော်ကိုငြင်းပယ်ခြင်းဖြစ်တယ် ဆိုတာပဲ။ ခရစ်တော်ကိုငြင်းပယ်ခြင်းဟာနောင်တယူဖို့ငြင်းပယ်ခြင်းထာဝရ

အသက်ကိုငြင်းပယ်ခြင်းဖြစ်တယ်။ သံယောဟန်နှင့်သခင်ယေဇူးနှစ်ပါးစလုံး နောင်တတရားကိုဟောကြားခဲ့ကြတယ်။ နောင်တရ

ခြင်းဆိုတာမိမိဘဝကိုလုံးလုံးလျားလျားဘုရားသခင်ထံသို့ပြောင်းလဲအသက်ရှင်သန်ခြင်းဖြစ်တယ်။
       ဒီနေ့ကြားရတဲ့ဧဝံဂေလိကျမ်းစာထဲမှာ နောင်တမရတဲ့သူတွေကိုသခင်ခရစ်တော်ရူတ်ချတာကိုတွေ့ရတယ်

၁/ခရစ်တော်သည်နောင်တမရသောသူများကိုရူတ်ချတော်မူ၏ (ရှင်မာတေဦး ၁၁:၂၀)

၂/ခရစ်တော်သည်ထိုသူတို့အတွက်ငိုကြွေးတော်မူ၏ (ရှင်မာတေဦး ၁၁: ၂၁)
၃/ဘုရားသခင်သည်နောင်တရသူများထံမှရိုးသားမူနဲ့ဝမ်းနည်းကြေကွဲမူကို ရှာဖွေတော်မူ၏ (ဆာလံကျမ်း ၃၈:၁၈၊ တမန်တော်ဝတ္ထု ၂၆:၂၀)
၄/ရှင်ပေါလူးသည်နောင်တမရသူတို့ခံရမည့်ပြစ်ဒဏ်ကိုကြိုတင်ဟောကြားတော်မူ၏ ((ရှင်မာတေဦး ၁၁:၂၂)

 ၅/ခရစ်တော်သည်နောင်မှနောင်တရခြင်းထက်ယခုချက်ခြင်းနောင်တရခြင်းကိုနှစ်သက်တော်မူ၏ (၂ ကော်ရိန့်သု ၆:၂၊ ရှင်လုကာ ၁၂:၂၀)
ကျွန်တော်တို့အားလုံးဟာအပြစ်သားများဖြစ်ကြတယ်။ ဒါကြောင့်အားလုံးကိုခရစ်တော်ဖိတ်ခေါ်နေတယ်။ဘုရားသခင်ရဲ့အသံကိုကြားပြီးမ

ပြောင်းလဲတဲ့သူဟာ ခရစ်တော်ကိုမသိလို့မပြောင်းလဲတဲ့သူထက်ပိုပြီးပြစ်ဒဏ်ခံရလိမ့်မယ်။ ခရစ်တော်ရဲ့ဖိတ်ခေါ်သံကိုကြားပြီးနောင်တ

တရားဖြင့်ဘုရားသခင်ထံပြန်လာနိုင်ရန်လိုအပ်သောကျေးဇူးတော်များတောင်းခံကြပါစို့…

Add new comment

4 + 11 =