ဖာသာရ်  Alphonse အောင်ကိုလတ်(မန္တလေး) သာမန်ကာလ (၁၅) ကြိမ်မြောက် တနင်္လာနေ့ သြဝါဒ ၁၁၊ ၇၊ ၂၀၂၂

          ခရစ်တော်၌ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့ဘယ်အချိန်ဘယ်နေရာမှာပဲဖြစ်ဖြစ် ဖိနိပ်မှူ ညင်းပမ်းနိပ်

စက်မှူတွေရှိတယ် မည့်သည့်အသိုင်းဝိုင်းမှာမဆိုအကြမ်းဖက်မှူနှင့် စစ်ပွဲဆိုတာလည်းရှိတယ်။ ဒါတွေဘယ်လိုစတင်ခဲ့သလဲ

ဆိုတာကိုလေ့လာြကည့်ရအောင်၊ နိုင်ငံရေးမှာပါ၊ဝင်ပတ်သက်တဲ့အဖွဲ့အစည်းတွေ၊ လူပုဂိုလ်တွေရဲ့ပရောဂအပြင်
(တရားမျှတမှူမရှိခြင်း၊ သွေးမြေကျရခြင်းများရဲ့နောက်ကွယ်မှာ နောက်ကွယ်မှာ အကြောင်းရင်းတွေအများကြီးရှိမယ်

ဆိုတာသေချာတယ်) ။ အဓိကအရင်းအမြစ်ကတော့ နှစ်ချက်ရှိတယ် ၁)မလုံခြုံမှူ နှင့် ၂) သည်းမခံနိုင်ခြင်း တို့ဖြစ်တယ်။

 ဒီနေ့ကြားနာရတဲ့ပထမကျမ်းစာထဲမှာ ဖါရာအိုဘုရင်က အီဇရာအဲလ်လူမျိုးစုရဲ့ တိုးပွား၊ သန်မာလာမှူဓကြာင့် ထိပ်လန့်ပြီး

သူတို့ကိုညင်းပမ်းနိပ်စက် ဖိနိပ်တဲ့အကြောင်းကြားနာရတယ်အကျိူးဆက်အနေနဲ့သူတို့ကိုအလုပ်ကြမ်းလုပ်ခိုင်းပြီး၊ ကျွန်

အဖြစ်ဆက်လက်ထားခဲ့တယ်/နောက်ဆုံးမှာသတ်ဖြတ်ငြင်းဆဲခြင်းပြုသည်အထိဖြစ်လာခဲ့တယ် / ဘယ်လောက်ထိဆိုးသလဲ

ဆိုတော့မွေးဖွားပြီးခါစ ယောကျာ်းလေးများကိုပင်သတ်ပစ်ဖို့အမိန့်ပေးခဲ့တယ်၊မလုံခြုံမှူ၊ သည်းမခံနိုင်မှူတွေကို ကာကွယ်ဖို့

ဒီလိုမျိူးရက်စက်သတ်ဖြတ်မှူများခေတ်အဆက်ဆက်မှာတွေ့ရတယ်။ အရင်ကလည်းဖြစ်ခဲ့တယ်။ အခုလည်းဖြစ်နေတယ်၊

နောင်လည်းဖြစ်နေအုံးမယ်/ဘယ်နေရာမဆိုထိုကဲ့သို့အဖြစ်အပျက်တွေဖြစ်တယ် (နိုင်ငံတွေ၊လူမျိူးစုတွေ၊အဖွဲ့အစည်းတွေ

၊သူငယ်ချင်းမိတ်ဆွေအသိုင်းအဝိုင်းတွေမှာ၊နောက်ဆုံးမိသားစုအသိုင်းအဝိုင်းအတွင်းမှာလည်း တွေ့ရတတ်တယ်)။ ဘာဖြစ်လို့ဒီ

လိုတွေလုပ်လည်းဆိုတော့ကြောက်ရွံ့မှူကြောင့်ဖြစ်တယ် (အခြားသူကိုကြောက်ရွံ့မှူကြောင့်မိမိကိုယ်ကိုကာကွယ်ဖို့ထိုသို့ပြုလုပ်

ကြခြင်းဖြစ်တယ်။) ထိုကြောက်ရွံ့မှုကိုကျော်လွှားအောင်မြင်ဖို့ရန်အတွက် ခရစ်တော်ရဲ့သွန်သင်ချက်ဖြစ်တဲ့ “မိမိကားတိုင်ကိုထမ်း

၍ငါ့နောက်သို့လိုက်လော့” ဆိုတဲ့သွန်သင်ချက်ကိုလိုက်နာရမှာဖြစ်တယ်ဒါမှသာ ခရစ်တော်ပြောတဲ့အတိုင်း (မိမိအသက်ကိုရှာဖွေသော

သူသည်အသက်ဆုံးရူံးပြီး၊ ခရစ်တော်အတွက်မိမိအသက်ကိုစွန့်သောသူသာလျှင်ထာဝရအသက်ရှင်မှာဖြစ်တယ်)

Add new comment

6 + 0 =