ဒီကနေ့သင်နှင့်‌ တွေ့ကြုံရသူ လူတွေထဲမှာ အတ္တအမှောင်ဖုံးလွမ်းနေပြီး မကြားနိုင် မခေါ်နိုင် ဖြစ်နေသူတွေကို သခင်ခရစ်တော် ထံ ကို ကရုဏာမေတ္တာတရားဖြင့် ခေါ်ဆောင်လာနိုင်သူများဖြစ်ကြပါစေ။

ဖေဖော်ဝါရီလ 14 ရက်

ဒီကနေ့ ဖေ​ဖော်ဝါရီလ ၁၄ ရက် ရှင်မာကု ဧဝံဂေလိကျမ်းစာမှာ နားပင်း၍စကားမပြောနိုင်သူတစ်ဦးကို လူတို့သည် ကိုယ်တော်ထံသို့ခေါ်ဆောင်လာခဲကြတဲ့အကြောင်း ကိုယ်တော်ရှင်ကကုသပေးတော်မူတဲ့အကြောင်းကို ကျွန်‌တော်တို့ကြားနာရတယ်။

 

ဆွံ့အနားမကြားလူတစ်ယောက်ရဲ့ဘဝဟာ၊ လောကသဘာဝပတ်ဝန်းကျင်နှင့် အဆက်အသွယ်ဖြတ်တောက်ခံထား ရသလိုရှိနေတယ်၊ လူ့အသိုင်းအဝိုင်းရဲ့အပြင်ဘက်မှာနေရသလိုခံစားနေရတယ်၊ ထိုကဲ့သို့ခံစားနေရသူတစ်ယောက် သည်  သခင်ခရစ်တော်ထံလာရောက်အကူအညီတောင်းရန် မည်သို့မျှမဖြစ်နိုင်ပါ၊

 

နားကြားသူမျက်စိမြင်သူတို့၏ကူညီပေးမှုအားဖြင့်သာ သခင်ခရစ်တော်စီကိုရောက်လာရတယ်၊ သခင်ခရစ်‌တော်ဟာ ကြွားဝါဂုဏ်‌ဖော်တက်သောသူတစ်ယောက်မဟုတ်ဘူး၊ ချစ်ခြင်းမေတ္တာနဲ့ကရုဏာတရားသာလာသောသူတစ်ယောက် ဖြစ်တယ်၊ ဒါကြောင့်ဆွံ့အနားမကြားသူကို တစ်ဦးတည်းသီးသန့်ခေါ်ပြီး ကုသပေးတော်မူတယ်၊

 

သခင်ခရစ်‌တော်သည် ရောဂါဝေဒနာကုသပေးရုံသက်သက်မဟုတ်  ထိုသူ၏ဘဝသက်တာတစ်ခုလုံးကို လူ့ဘောင်လူလောကအတွင်း အများနည်းတူအသက်ရှင်နေထိုင်ခွင့်၊ ဆက်သွယ်ပြောဆိုခွင့်၊ လူပီသစွာနေထိုင်ခွင့်နေကို ပြန်လည်ပေးဆပ်လိုက်ခြင်းပါပဲ။

 

ဒီကနေ့သခင်ခရစ်တော်ရဲ့ ကုသပေးမှုကိုခံစားလိုက်ရသူသည် ဘဝရဲ့နေထိုင်မှု၊ လူ့ဘဝ၏အနှစ်သာရအားလုံးကို ပြန်လည်ခံစားလိုက်ရခြင်းဖြစ်တယ်။

 

ဒီကနေ့ကျွန်‌တော်တို့ပတ်ဝန်းကျင်မှာ တကယ်ဆွံ့အနားမကြားသူတွေရှိနေသလို၊ ကြားနိုင်မြင်နိုင်ပြောဆိုနိုင်ပါလျက် အမြင်အမှား၊အတွေးအခေါ်အမှား တွေကြောင့် ကန်းနေသူတွေ ဆွံ့အနေသူတွေ ရှိနေတာကိုတွေ့ရတယ်၊

 

သင်ရောမည်သို့သောအခြေအနေမှာရှိသနည်း၊ ချစ်ခြင်း မေတ္တာမျက်လုံးဖြင့်ကြည့်တာလား၊ ကရုဏာမေတ္တာပြည့်ဝသော နားဖြင့် တပါးသူကို နားထောင်ပေးနိုင်ရဲ့လား၊ သနားကြင်နာမှုပါသော စကားလုံးများဖြင့်ပြောဆိုတတ်ရဲ့လား

သို့မဟုတ် အတ္တမာနတွေဖုံးလွှမ်းနေပြီး၊ မကြားနိုင်၊ မမြင်နိုင်၊ မခေါ်နိုင်၊ မပြောနိုင်ဖြစ်နေသလား

 

ဒီကနေ့သင်နှင့်‌ တွေ့ကြုံရသူ လူတွေထဲမှာ အတ္တအမှောင်ဖုံးလွမ်းနေပြီး မကြားနိုင် မခေါ်နိုင် ဖြစ်နေသူတွေကို သခင်ခရစ်တော် ထံ ကို ကရုဏာမေတ္တာတရားဖြင့် ခေါ်ဆောင်လာနိုင်သူများဖြစ်ကြပါစေ။

Add new comment

5 + 10 =