Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဖာသာရ် peter ကြည်မောင် (မန္တလေး) သာမန်ကာလ (၃၀) ကြိမ်မြောက် တနင်္ဂနွေနေ့ သြဝါဒ ၂၃၊ ၁၀၊ ၂၀၂၂
၃၀ ကြိမ်မြောက် သာမာန်တနဂ်နွေနေ့
ဓမ္မမိတ်ဆွေတို့ ဒီကနေ့ ၃၀ ကြိမ်မြောက် သာမာန်တနင်္ဂနွေနေ့ မှာ ကြားနာခဲ့ရတဲ့ နှုတ်ကပါဠ်တွေရဲ့အဓိက
ထောက်ရှု့ရမည့်တရား တော်တွေက၊ နှိမ်ချခြင်းတရား၊ ပြည့်ဝသောနောင်တတရားများနှင့် ဆုတောင်းမှု့
ပြုမှသာလျှင် ဆုတောင်းခြင်ဟာ ထိရောက်သေခြာမယ် ဆိုတဲ့အကြောင်း နှင့် အပြစ်ရဲ့အရင်းအမြစ်ဖြစ်တဲ့
မာနတရား ကို ဖယ်ဖျက်နိုင်ဖို့ နှိမ့်ချခြင်းတရား ရှိဖို့လိုအပ်ကြောင်း၊ ကယ်တင်ခြင်ခံရဖို့ ဘုရားရဲ့ ကျေးဇူး
တော် ကျွန်တော်တို့ဘဝထဲးမှာ အဓီကဏ္ဍကပါဝင်တည်ရှိနေမှုတွေကိုထောက်ရှု့ရမှာဖြစ်တယ်။ အကောင်း
ဆုံးဆုတောင်မေတ္တာကတော့ နှိမ့်ချခြင်းနှင့် အနစ်နာခံပေးဆပ်လုပ်ကိုပေးခြင်းပါပဲ။ ဒီကနေ့ပထမကျမ်းစာ
စီရပ်၏ စာစောင်မှာ ဘုရားသခင်သည် ဘက်လိုက်သူမဟုတ်သော်လည်း နိမ့်ညံသူ၊ အားကိုးရာမဲ့သူမုဆိုးမ၊
နှိမ်ချခြင်းတရာ၊ အားကိုးရာမည့်သူတို့၏ဆုတောင်းသံကို ပိုမိုနားညောင်းတော်မူတဲ့အကြောင်းကိုကြားရ
တယ်။ အားကိုရာမည့်သူတွေရဲ့ဆုတောင်းသံဟာ သူတို့ရဲ့နှလုံးသာမှ ထွက်ပေါ်လာတဲ့ဆုတောင်းသံ ၊ သူတို့
ကဲ့ဘဝထဲးမှာ ဘုရားကိူသာလျှင်အလိုလားအတောင်းတဆုံးဆိုတာကို ဖေါ်ပြနေလိုဖြစ်တယ်။ ဆာလံသံပြိုင်
မှာလည်း ယနေ့ကိုယ်တော်၏အသံကိုကြားနာသူအပေါင်းတို့ သင်တို့၏စိတ်နှလုံးကို မခိုင်မာစေကြနှင့် ဆိုပြီး
သတိပေးထားတယ်၊ ဒုတိယကျမ်းစာမှာ ရှင်ပေါလူးက ဘုရားရှင်၏ကျေးဇူးတော်ကြောင့် လောကအသက်
တာမှာ မကောင်းမူ့နဲ့ကောင်းမူ့ကြား အကောင်းဆုံးတိုက်ပွဲးဝင် တိုက်ခဲ့တဲ့အကြောင်းအဆုံးတိုင်ဘုရားအပေါ်
မှာ သစ္စာတည်ကြည်ခဲ့တဲ့အကြောင်းကို ဖေါ်ပြထားတာကို ကြားနာခဲ့ရတယ်။။ ရှင်လုကား၏ ဧဝံဂေလိကျမ်း
မှာတော့ ကျွန်တော်တို့ရင်းနှီးပြီးသားဖြစ်တဲ့ ကျမ်းတပ်စရာ ဖာရီရှဲးလ် နဲ့ အခွန်ခံအပြစ်သားတို့ ဗိမာန်တော်မှာ
လာရောက် ဆုတောင်းကြတဲ့အကြောင်းကို ကြားနာခဲ့ရတယ် မောက်မာပြီး မိမိကိုကို ဘုရားတရားရှိသူအဖြစ်
အထင်ကြီးနေတဲ့ ဖာရီဲးရှဲးလ်တယောက်ဖြစ်ရခြင်း၊ သူခိုး၊ လူဆိုး၊ အိမ်ထောင်ရေးဖောက်ပြန်သူ သို့မဟုတ်
ဤအခွန်ကောက်သူကဲ့သို့ပင် ကျွန်ုပ်သည် အခြားသူများနှင့် မတူသည့်အတွက် ကျေးဇူးတင်ပါ၏။ ဆိုပြီး မိမိ
ကိုကို တင်စားပြီး ဆုတောင်းခဲ့တယ်။။ အပြစ်သာဖြစ်တဲ့ အခွန်ခံကတော့ အဝေးကရပ်နေရင်း ကောင်းကင်ကို
မျှော်မကြည့်ရဲဘဲ ရင်ပတ်ကို ရိုက်နှက်လျက် 'ဘုရားသခင်၊ အပြစ်ရှိသော အကျွန်ုပ်ကို သနားတော်မူပါ' ဟု ဆို
လျက်၊ နှိမ်ချစွာ ဆုတောင်းခဲ့တယ် ။ အစမှာ ပြောခဲ့သလို့ မာနတရားကို အခြေခံပြီး ဘုရားစီကိုချင်းကပ်လို့ဘာ
မှမရဘူး၊ ငါဘာလုပ်နိုင်ခဲ့တယ်၊ ငါက သူများထက်သာတယ်၊ ကောင်းတယ် ၊ တော်တယ် ပိုလုပ်နိုင်တယ် ပိုသန့်
ရှင်တယ် ပိုဖြူစဉ်တယ် လိုထင်နေရင် အဲ့တာမာနရဲ့တွန်းအားပဲ။ ငါသူလောက်မနိပ်ချတပ်သေပါလား ဆိုတာသိရ
မယ်။ နိမ့်ချခြင်းတရားနဲ့ ချင်ကပ်လာတဲ့ အပြစ်သားက မာနတရားကြီးအတ္တကြီးတဲ့ ဘုန်းကြီးထက်ကျေးဇူးတော်ပို
ခံစားရတပ်တယ် ဆိုတာ မမေ့ပါနဲ့။ တရားနာသူဓမ္မမိတ်ဆွေတို့ ဆုတောင်းတဲ့အခါမှာ Be merciful to me a sinner.
အပြစ်ရှိသူကျွနုပ်ကို သနားပါဆိုတဲ့အသနားခံခြင်းလေးနဲ့ ဆုတောင်းမေတ္တာကို အစပြုတပ်အောင်ကြိုစားကြပါဆို့။
မာနတရားဟာ သင်ဘဝမှာ ဘာကိုမှကောင်းကြိုးမပေးဘူးဆိုတာ သတိထားပါ။ နိမ်ချခြင်းတရားဟာ လူကို ပိုပြီးလွတ်
လပ်စေသလို ဘုရားနဲ့လဲး ပိုမိုနည်းကပ်စေတယ်ဆိုတာသတိရှိကြပါစို့။ ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှဖြာ ကျမ်းမာချမ်း
သာတော်မူကြပါစေ။
Add new comment