ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) အာဒ်ဝင်တူးပထမတနင်္ဂနွေနေ့ ဩဝါဒ ၃၊ ၁၂၊ ၂၀၂၃

အာဒ်ဝင်တူးပထမတနင်္ဂနွေနေ့ ရှင်မာကု ဧဝံဂေလိကျမ်း အခန်းကြီး ၁၃: ၃၃- ၃၇

     ခရစ်စမတ်မတိုင်ခင်လေးပတ်တာကာလကိုအာဒ်ဝင်တူးကာလလို့ခေါ်ပါတယ်။ ယနေ့ကျွန်တော်တို့ဟာ အာဒ်ဝင်တူကာလကို ရောက်ရှိလာပါပြီ။ ဒီကာလအတွင်းမှာကျနော်တို့ဟာခရစ်စမတ်အချိန်မှာကြွလာမည့် သူငယ်တော် ယေဇူးကို လက်ခံကြိုဆိုနိုင်ဖို့အတွက် ကျနော်တို့ဝိညာဉ်ကိုပြင်ဆင်ရပါမယ်။ အာဒ်ဝင်တူးဆိုတာကြွဝင်ခြင်းလို့အဓိပ္ပါယ်ရပါတယ်။ သခင်‌ယေဇူး ကြွဝင်လာမှာကို ကျနော်တို့ကအမြဲတမ်းအဆင်သင့်စောင့်မျှော်ရင်းနဲ့ ပြင်ဆင်နေကြပါမယ်။ ယနေ့ဖတ်သွားတဲ့ ဧဝံလိကျမ်း ရှင်မာကုအခန်းကြီး ၁၃ မှာ အိမ်ရှင် ဘယ်တော့ပြန်လာမလဲ၊ ဘယ်ချိန်ပြန်လာမလဲ ဆိာတာ မသိရပဲ ဘယ်အချိန်ပြန်လာပြန်လာကိုယ့်ဘက်ကတော့ လက်ကိုင်ကြိုဆိုဖို့မြဲ့အဆင်သင့်ဖြစ်နေရပါမယ်တယ်။ "နိုးကြားစွာစောင့်နေကြလော့" လို့ ယေဇူးဘုရားရှင်က သတိပေးထားသလိုကျနော်တို့ကိုဝိညာဉ်ရေးမှာ ထိုင်းမှိုင်းလေးလံ‌နေတာတွေ၊ မပူမအေးဖြစ်နေတာတွေ၊ နမော်နမဲ့ဖြစ်နေတာတွေ ကိုယ့်ဘဝရဲ့အရှင်သခင် ဘုရားသခင်ကို မေ့မေ့ပျောက်ပျောက်ဖြစ်နေတာတွေကို သတိပြုပြီးဖယ်ရှားပြစ်ရမယ်။ ဒီလောကမှာ ကျနော်တို့လောကရေးရာတွေတွက် ပြင်ဆင်တာတွေရှိကြပါတယ်။ တချို့လက်ထပ်ပွဲအတွက် လနဲ့ချီအချိန်ယူပြီးပြင်ဆင်ကြတယ်။ ကလေးတစ်ယောက်မွေးဖွားဖို့၊ အိမ်ဝယ်ဖို့၊ အလုပ်ပြောင်းဖို့အရေးပေးပြီးပြင်ဆင်ကြပါတယ်။ ခရစ်တော်ဒုတိယအကြိမ်ကြွလားတဲ့အခါ ကိုယ့်ဝိညာဉ်ဆင့်သင့်ဖြစ်ဖို့ကိုယ့်ဘဝသတ်တမ်းကုန်လို့ သေဆုံးချိန်အတွက်အဆင့်သင့်ဖြစ်ဖို့ကတဘဝလုပ်မှာ အရေးကြီးဆုံးပါပဲ။ ဒီထက်အရေးကြီးတာ ဘာမျှမရှိတော့ပါဘူး။ ဒီဘဝထက် သာလွန်မြင့်မြတ်တဲ့ အေးချမ်းသာယာတဲ့ ထာဝရကောင်းကင်နိုင်ငံကိုဖို့ထက် ဘာကများအရေးကြီးတာရှိသေးလို့လဲ။ ကောင်းကင်နိုင်ငံကို အရေးပေးပြီးမျှော်လင့်နေတဲ့သူက အမြဲတမ်းကိုယ်ဝိညာဉ်ရေးကို အရေးပေးတက်ကြပါတယ်။ မျှော်လင့်တတ်ကြပါတယ်။ ဒါကြောင့်လည်းပဲ ယေဇူးဘုရားရှင်က "ကောင်းကင်နိုင်ငံတော်နဲ့ ဖျောက်မိုက်ခြင်းတရားကိုရှေ့ဦးစွာရှာဖွေကြလော့"လို့ ဦးစားပေးခိုင်းတာပေါ့။ ယေဇူးဘုရားရှင်ကြွလာမည်ချိန်ကို ပြင်ဆင်ရင်းနဲ့ စောင့်မျှော်နေဖို့ဖြစ်ပါတယ်။ ဘယ်အချိန်ရောက်လာမလဲလို့ ရေတွက်နေဖို့ဟုတ်ပါဘူး။ ပြင်ဆင်ဖို့ဖြစ်ပါတယ်။ ယုံကြည်တဲ့သူက  ဘယ်လောက်တောင် သူယုံကြည်သလဲဆိုတော့ သူယုံကြည်တာတွေကို စိတ်မပျက်ဘဲ မျှော်လင့်နေတတ်တယ်။ မျှော်လင်ချင်းကြီတယ်။ ကျနော်တို့နိုင်ငံတော်ကြီး တိုးတက်လာဦးမယ် ငြိမ်းချမ်းတော့မယ်ဆိုတာ ယုံကြည်သူကျွန်တော်တို့ မျှော်လင့်ရဲတယ်။ ကျနော်တို့ကလဲ ငုတ်တုတ်ထိုင် မျှော်လင့်နေတာမှမဟုတ်တာ ဘုရားကိုယုံယုံကြည်ကြည်ဆုတောင်းနေလို့ပါပဲ။ ယနေ့ဖတ်ရတဲ့ ဒုတိယကျမ်းစာ ကော်ရိန့်သု ဩဝါဒစာပထမဆာင်မှာ  ရှင်ပေါလုကာ ကော်ရိန့်သု မြို့သူမြို့မထားတွေထဲမှာ နှုတ်စွမ်းရည် ထက်မြက်တဲ့ သူတွေရှိကြတယ်။  ခရစ်တော်ကို သက်သေခံကြသူတွေ အများကြီးရှိနေလို့ မျှော်လင့်ချက်တွေရှင်သန်နေရပါတယ်။ ငါတို့ခရစ်တော်၏ ထင်ရှားတော်မူခြင်းကို ဆောင့်မျှော်နေကြတုန်းမှာ သင်တို့သည် ဝိညာဉ်ရေးရာကျေးဇူးတော်များ မလစ်ဟင်းကြလို့ မျှော်လင့်ချက်ကြီးကြီးနေနိုင်ကြတယ်" တဲ့အက်ဒီလိုမျှော်တာကို ဆက်မျှော်ရဲတယ်။ ဘာလို့လဲဆိုတော့ ဘုရားသခင်ကလည်းသစ္စာရှိတော်မူ၏ဆိုပြီး ကတိပေးထားတာကိုတွေ့ရပါတယ်။ သခင်ပြန်လာမည့်အချိန်ကို ကြိုတင်မသိရတာက သခင်က အစေခံတွေကို အငိုက်ဖမ်းချင်လို့ဟုတ်ပါဘူး။ ပြင်ဆင်ချိန်ရအောင်လို အချိန်ပေးရင်းပေးရင်းနဲ့ ကျနေတာပါ။ ဘယ်သူတွေများ နောင်တရပြီး ဘုရားဘက်ကိုပြန်လဲ့လာမလည်းလို့ စောင့်ရင်းစောင့်ရင်းနဲ့ အချိန်အတိအကျမခန့်မှန်းနိုင်တာပါ။ ဘာပဲဖြစ်ဖြစ်ဘယ်သူတွေက အဆင့်သင့်ပြင်ဆင်ပြီးသား ဖြစ်နေမလဲဆိုတော့ ကျွန်တော်‌ကောင်းခြင်းယောင်ဆောင်သမားဟုတ်ဘဲနဲ့ ရိုးရိုးသားသား ကောင်းအောင်နေချင်တဲ့သူတွေပါ။ ကျမ်းစာကိုအမြဲဖတ်ပြီး ကျမ်းစာထဲကဘုရားရဲ့တရားတော်ကို  အမြဲအရေးတယူ ကျင့်ကြံနေထိုင်ချင်တဲ့သူတွေဟာ အမြဲအဆင်သင့်ဖြစ်နေတဲ့သူတွေပါပဲ။ နားဆင်သူအားလုံးအပေါ်ဘုရားသခင်ရဲ့ကောင်းကြီးများခံစားကြရပါစေ။

Add new comment

2 + 13 =