ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) ဝါတွင်းကာလပထမ တနင်္ဂနွေနေ့ ဩဝါဒ ၁၈၊ ၂၊ ၂၀၂၄

ဝါတွင်းကာလပထမတနင်္ဂနွနေ့   ရှင်မာကု ၁: ၁၂- ၁၅

 "နောင်တရကြ၍ဧဝံဂေလိသတင်းကောင်းကိုယုံကြည်ကြလော့" လို့ယေဇူးဘုရားရှင်က သူရဲ့ပထမဦးဆုံးတရားတော်ကို မိန့်တော်မူပါတယ်။ ဧဝံဂေလိသတင်းကောင်းဆိုတာကဘာလည်း ဝမ်းမြောက်ဖွယ်ရာသတင်းကောင်းဆိုတာက ဘုရားက ကျနော်တို့ကိုချစ်တယ်။ ဘုရားနဲ့ အတူထာဝရအသက်ရှင်ပြီ ပျှော်ရွှင်ကြဖို့ ကျမနာ်တို့ကို ဖိတ်ခေါ်နေလို့သတင်းကောင်း လို့ယေဇူးဘုရားရှင် နံမည်တက်ထားတာပါ။ ဒါကြောင့် ကျနော်တို့ကို ဘုရားရှင်ရဲ့ သာသမီးတွအဖြစ်နဲ့ အပြစ်ကင်းကင်းသန့်ရှင်းစေကြဖို့ သူရဲ့တရားတော်အဖြင့်သွန်သင်‌နေတာပါပဲ။ ဒါပေမဲ ကျနော်တို့လူတွေက ကိုယ့်နည်း ကိုယ့်ဟန် ကိုယ်ဘဖာသာကိုကြိုတ်သလိုနေချင်ကြတယ်။ လူက မာနကြီးချင်ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံစကားဆက်ဆံစကားပြေားကြတဲ့အခါ ဒေါသထွက်ကြ၊ မနာလိုကြနဲ့  နောက်ဆုံး တစ်ယောက်ကို တစ်ယောက်ရန်ဖြစ်ကြ၊  သတ်ကြဖြစ်ကုန်ကြတာပါဘဲ။ ဒါကြောင့်ဘုရားသခင်က လူကိုဒဏ်ခတ်တာက နဲ့နဲ့ ရယ်၊ လူတွေလုပ်တဲ့ဆိုးကျိုးတွေက လူကိုပြန်ပြီး ဒဏ်ခတ်သလိုဖြစ်ကုန်တာပါဘဲ။ လူတွေထုတ်လုပ်တဲ့ ရောဂါပိုးတွနဲ့ပဲ လူတွေသေကုန်ကြရတယ်။ လူတွေထုတ်လုပ်တဲ့ လက်နက်တွနဲ့ပဲ လူတွေသေကုန်ကြရတယ်။ နောဧလက်ထက်ရလွှမ်းမိုးခြင်းပြီးတဲ့အခါမှာလည်း လူတွေက မမှတ်သေးဘူးဆက်ပြီးတော့ အပြစ်တွေလုပ်တာပါဘဲ။ ရေလွှမ်းမိုးခြင်းက အပြင်ကဆိုးသွမ်းတဲ့လူတွကို ဖယ်ရှင်းသုတ်သင်တာ ဟုတ်ပေမဲ့ လူရင်ထဲမှာပါလာတဲ့ အပြစ်ရင်း ကိုတော့ မသုတ်သင်မဖယ်ရှင်းနိုင်ပါဘူး။ 

 အဲဒီအပြစ်ရင်းကြာင့် မွေးလာတဲ့လူတွအားလုံးဟာ မကောင်းတာမှန်သမျှ အလိုလိုလုပ်တက်တယ် သင်ပေးစရာမလိုဘူး။ လူသဘော သဘာဝကတည်းက အပြစ်ဘက်ကို ကိုင်းရှိုင်းနေပါတယ်။ ဘေးပတ်ဝန်းကျင် အသိုင်းအဝိုင်းက မကောင်းလိုဒီလူကပါ ဆိုးသွားတာပါ မကောင်းတဲ့ လူတွေနဲ့ ပေါင်းလို့ ဒီကလးဆိုးသွားရတာပါလို့ အပြစ်ပုံချနိုင်ပေမဲ့ မာနစိတ်၊ ဒေါသစိတ်၊ မနာလိုစိတ်၊ လောဘစိတ်တွေကတော့ အလိုလိုပါလာနေတာပါဘဲ။  ဒီလိုလူကိုပျက်ဆီစေတဲ့ စိတ်သဘောထားတွေကို ခြေဖျက်နိုင်ဖို ယေဇူးဘုရားရှင်က ဧဝံဂေလိသတင်းကောင်းကို ကျနော်တိုလူသားတွေ စိတ်နှလုံးသားထဲ ရောက်အောင် လာရောက်ဟောကြားပေးတာပါ။ သဘော သဘာဝအားဖြင့် အပြစ်ဘက်ကို ကိုင်းရှိုင်းနေတဲ့ စိတ်ကို ယေဇူးဘုရားရှင်ရဲ့ စိတ်ဝိညာဉ်အားဖြင့်  အစားထိုးစေပါတယ်။  တနည်းအားဖြင့်ဧဝံဂေလိသတင်းကောင်းအတိုင်း လူတွေ့ကျင့်ကြံနေထိုင်ကြခြင်းဖြင့်ထာဝရအသက်ကိုရစေပါတယ်။

 ဂုဏ်သိက္ခာရှိတဲ့လူဆိုတာဘယ်လို ကျင့်ကြံနေထိုင်သလည်း၊ လူဆံဆံနေတယ် ဆိုတာဘယ်လို့ကျင့်ကြံနထိုင်တာကို ပြေားချင်တာလည်းဆိုတာ လူစဉ်စစ်ဖြစ်တဲ့ ယေဇူးဘုရားရှင်က လာရောက် လက်တွေ့ပြသွားတာဖြစ်ပါတယ်။ ယေဇူးဘုရားရှင်က ခမည်းတော်ဘုရားရဲ့အလိုတော် ကိုအမြဲ့ ရှာဖွေကျင့်ကြံတယ်။ တခြားလူတွေနည်းတူ ယေဇူးဘုရားလည်း နတ်ဆိုးရဲ့ နှောက်ယှက်ခြင်းကို အောင်မြင်စွာခံထမ်းပြခဲ့တာပါပဲ။

 ဒါကြောင့် ယေဇူးဘုရားရှင်က ကျနော်တို့ကို နတ်ဆိုး နှောက်ယုက်တဲ့အတိုင်း မာန၊ ဒေါသ၊ မနာလိုစိတ် တွေမထားပဲ နှိမ်ချဖို့၊ နူးညံ့သိမ်မွေ့ဖို့၊ တယောက်ကို တယောက် ပေးဆပ်ပြီးချစ်ကြဖိုကို သင်ကြားပေးတော်မူပါတယ်။ သင်ကမာနကြီးနေပြီးတော့ စိတ်ပျော်နိုင်သလား၊ ဒေါသတွေကြီးနေပြီးတော့ ပျော်နိုင်လို့လား။ မနာလိုစိတ်ရှိနေပြီးတော့ ဘယ်လို့လုပ်ပျော်နိုင်မှာလည်း မဟုတ်ဘူးလား သေချာစဉ်းစားကြည့်ပါ။  ဒါကြောင့်သခင်ယဇူးဘုရားက သူရဲ့တရား‌တော်ကို လိုက်နာကျင့်ကြံရင် လူတွေပျော်စရာဖြစ်သွားစေလို့ သတင်း‌ကောင်းလို့ခေါ်တာပေါ့။ ဒါကြောင့်သင့်ဘဝမှာ ပျော်နိုင်ချင်ရင် ယနေ့ ယေဇူးဘုရားရှင် အတိုချုပ်ဟောကြားလိုက်တဲ့ တရားဖြစ်တဲ့ "နောင်တရ၍ ဧဝံဂေလိ သတင်းကောင်းကို ယုံကြည်" ကြဖို့ပဲဖြစ်ပါတယ်။ ဝမ်းမြောက်ဖွယ်ရာသတင်းကောင်း အတိုင်းနေထိုင်ရင် ဝမ်းမြောက်ကြမှာပါပဲ ရှင်ပါတယ်။ ကျနော်တို့ငယ်ငယ်တုံးက ရေနဲ့ဆေးကြောခြင်းခံခဲ့ကြတာဟာ တသက်မှာတခါ ခံယူခဲ့ကြတာဟုတ်ပေမဲ့ ဆေးကြောခြင်းရဲ့ အဓိပ္ပါယ်အတိုင်းနေ့တိုင်း သေစရာလိုတယ်။

ဒါကြောင့်နေ့တိုင်းခရစ်တော်နဲ့ အတူရှင်စရာလိုနေပါသေးတယ်။ ဆေးကြောခြင်းရဲ့ အဓိပ္ပါယ်က ခရစ်တော်နဲ့ အတူ သေခံပြီး  ခရစ်တော်နဲ့အတူ ရှင်ပြန်ထမြောက်ကြဖို့ဖြစ်ပါတယ်။ ခရစ်တော်နဲ့ အတူ အသေခံတယ်ဆိုတာက အပြစ်လုပ်ချင်တဲ့စိတ်ကိုသတ်ပစ်လိုက်တာ  အပြစ်လုပ်ချင်တဲ့စိတ်ကို ချုပ်ငြိမ်းစေလိုက်တာဖြစ်ပါတယ်။ သေတဲ့သူက အပြစ်မလုပ်နိုင်တာ့သလို့ပါ့။ နောက်ပြီးခရစ်‌‌တော်နဲ့အတူ ရှင်ပြန်ထမြောက်တယ် ဆိုတာက သေရာကနေရှင်ပြန်ထမြောက် တဲ့ကိုယ်ခန္ဓာကအပြစ်မလုပ်တော့တဲ့ ကိုယ်ခန္ဓာ ဘယ်တော့မှာ ပြန်မသေတော့တဲ့ ကိုယ်ခန္ဓာဖြစ်သလို့ ရှင်ပြန်ထမြောက် တဲ့ဘဝနဲ့ နေ့တိုင်းအသက်ရှင်ကြဖို့ဖြစ်ပါတယ်။ (ရောမ ၆: ၃- ၇)

Add new comment

2 + 10 =