ဖာသာရ် Augustine တင်မောင်ထွန်း(မန္တလေး) အလွန်သန့်ရှင်းဖြူစင်တော်မူသော ယေဇူး၏ရွှေနှလုံးတော်ပွဲ တနင်္ဂနွေနေ့ သြဝါဒ ၂၆၊ ၆၊ ၂၀၂၂

        ချစ်လှစွာသော ညီအစ်ကိုယ်မောင်နှမအပေါင်းတို့  ဒီကနေ့ဟာ  ယေဇူရွှေနှလုံးတော်ပွဲနေ့ဖြစ်ပါတယ်။

 ယေဇူးဘုရှင်ရဲ့နှလုံးသားဟာ ချစ်တတ်တဲ့နှလုံးသားဖြစ်ပါတယ်။ နောက်ပြီးနူးညံ့သိမ်မွေ့ နှိမ့်ချတဲ့နှလုံးဖြစ်ကြောင်း

(မာတေဦး ၁၁း၂၉) မှာမိန်တော်မူခဲ့ပါတယ်။ ငါ၏တံဖိုးကိုယူ၍ထမ်းလျက်ငါထံမှသင်ယူကြလော့။ အကြောင်းမူကာ

ငါသည်သိမ်မွေ့၍နှိချသောစိတ်နှလုံးရှိ၏။ ယေဇူဘုရားရှင်ရွှေနှလုံးတော်ဟာ အချစ်ခံချတဲ့နှလုံးသာဖြစ်ပါတယ်။

လူတွေကအတု အယောင် အပေါ်ယံအချစ်မျိုးနဲ့ချစ်မှာကို ယေဇူးဘုရားရှင်ကမလိုလားပါဘူး။ သူကိုအချစ်စစ်နဲ့ပဲ

ချစ်စေခြင်ချင်တယ်။ လူတွေကသူကိုတုန်ပြန်တဲ့အချစ်ဟာ အချစ်စစ်ဖြစ်စေဖို့ တခါတရံ ကျွန်န်တော်တိုကိုဒုက္ခခံထမ်းစေတယ်။

ကျွန်တော်တို့တောင်းတဲ့ဆုအတိုင်းပေးမှာ ပေးမယ်။ ဘုရားဘက်ကသေချာစဉ်းစားကြည့်ပါဘာသာသူတို့။ ဆုတောင်းတိုင်

သာရနေမယ်ဆိုင်ရင် ကိုယ်လိုရင်တာရဖို့အတွက်ပဲဘုရားထံချဉ်ကပ်တော့မယ်၊ ကိုယ်စားဝတ်နေရေးပြေလည်စေတဲ့နည်းလမ်းအဖြစ်

ဘုရားကို ကိုးကွယ်နေတော့မယ်။ ဒါဆိုဘုရားကိုချစ်လို့ကိုးကွယ်ဆည်းကပ်တာမဟုတ်တော့ဘူးပေါ့။ ဒါဟာအတု

အယောင်အချစ်ပါပဲ။ အချစ်စစ်မဟုတ်သေးပါဘူး။ လူတစ်ယောက်ဟာဒုက္ခရောက်တာတောင် ယုံကြည်ခြင်းမ

ပျက်ဘူး။ ဘုရားကိုဆက်ချစ်နေသေးတယ်ဆိုရင်း အဲဒါအချစ်စစ်ပါပဲ။ အဲလိုအချစ်မျိုးကို ယေဇူးရွှေနှလုံးတော်က

လိုခြင်နေတာပါ။ ဘုရားသခင်ကကြိုတင်သိမြင်တဲ့တိန်ခိုးရှိတကြောင့် သ့ပေတရူးက ကြက်မတွန်ခင်၃ခါငြင်းလိပ်

မယ်လို့ကြိုတင်သါတယ်။ ယုဒကသခင်ယေဇူးကိုအပ်နှံလိပ်မယ်လိုကြိုတင်သိသလိုပါပဲ။ခုလည်းသခင်ယေဇူးထံမှာ

ဆုတောင်းတဲ့ လူတစ်ချို့ကတောင်းတဲ့ချို့က တောင်းတဲ့ဆုရချင်ရ မရရင်ဘုရားကိုဆဲတော့မယ်ဆိုတာကိုသခင်

ယေဇူးကကြိုတင်သိမြင့်တော်မူပါတယ်။ တောင်းတဲ့ဆုရရင်ကျေးဇူးတင်မယ်။ တောင်းတဲ့ဆုမရရင်ဘုရားကို

ဆဲမယ်။ ဆိုတဲ့စိတ်နဲ့ဆုတောင်းနေကြမှန်းသခင်ယေဇူးကသိမြင်တော်မူတဲ့အတွက်သခင်ယေဇူရင်နှလုံးတော်က

စိတ်မချမ်းသာပါဘူး။ ဒါဆိုသူတို့တောင်းတဲ့ဆုပေးသင့်သလား၊ မပေးသင့်ဘူးလားခင်ဗျာ’ပဲစဉ်းစာကြည့်ပါ။

ယေဇူးရွှေနှလုံးတော်ဟာလူတွေဆီကအချစ်မခံစားရလို့ ဝမ်းနည်းနေပါတယ်။ သင်တို့သည်မုန့် ကိုစား၍ဝကြ

သောကြောင့်ငါ့ကိုကိုရှာကြ၏။ လို့မိန်တော်မူခဲ့ပါတယ်။ လူခန္ဓာကိုယ်မှာနှလုံးသားကအရေးကြီးပါတယ်။ နှလုံး

ခုန်တာရပ်ရင်အဲလူဟာသေပြီဘဲ။ အဲဒီနှလုံးသာထဲ့မှာမကောင်းတဲ့အကြ့အစည် မနာလိုမုန်းတီးခြင်းတွေကြောင့်

လူဟာမသန့်ရှင်းတော့ပါဘူး။ ယနေ့ယေဇူးရွှေနှလုံးတော်ပွဲကိုကျင်းပကြတာကတကယ် ကိုယ်ခန္ဓာထဲ့ကနှလုံးကို

ပြောခြင်တာမဟုတ်ပါဘူး။ ဘုရားရဲ့အချစ်ကိုရွှေနှလုံးတော်နဲ့ပုံခိုင်းနှိုင်းပြီးဖော်ပြတာပါ။ ဒါကြောင့်ဒီနေ့ပွဲဟာ

ကျွန်တော်တို့အပေါ်မှာချစ်တဲ့ ဘုရားရဲ့ချစ်ခြင်းကို ကျင်ပဂုဏ်ပြုခြင်းပဲဖြစ်ပါတယ်။ ဘုရားရဲ့အချစ်ကိုမျက်မြင်

ကိုယ်တွေ့ သိရှိခံစားမိစေချင်ရင်လူအဖြစ်နဲ့ဆင်းကြွလာတဲ့ယေဇူးဘုရားရှင်မှာတွေနိုင်ပါတယ်။ ကောင်းသော

သိုးထိမ်းကသိုးတွေအတွက်အသက်ပေးချစ်သလိုဘုရားကလူတွေကိုချစ်တယ်။ ပျောက်သောသိုးကို

ပြန်တွေ့တဲ့အခါ သိုးထိမ်းကဝမ်းသာသလို။ အပြစ်ရှိသူတစ်ယောက်နောက်တရပြီးဘုရားဆီပြန်လှည်လာရင်

ကောင်းကင်ဘုံမှာအပျော်ဆုံးပါပဲတဲ့။ လမ်းမလွဲမပျောက်ဆုံးတဲ့ကောင်းတဲ့သိုး(၉၉)ကောင်ထက်တောင်၊ပျောက်တဲ့

ပြန်တွေရတဲ့ဝမ်းမြောက်ြခင်ကပိုပါတယ်။ ပျောက်တဲ့သိုးပြန်လာဖို့ ထိုင်စောင့်နေတဲ့သိုးထိမ်းမဟုတ်ပါဘူး။

ပျောက်တဲ့သိုးကို မတွေ့ တွေ့အောင်လိုက်ရှာနေတဲ့သိုးထိမ်းပါ။ ဘုရားကလက်ခံတယ်၊ ပြန်လည်ကျေအေးခွင်လွတ်ပါတယ်။

လူကောင်းတစ်ယောက်အတွက်အသေခံပေးမည်သူရှိချင်မှရှိမယ်။ ဒါပေမဲ့ဘုရားရှင်ကတော် ကျွန်တော်တို့ မကောင်းတဲ့အပြစ်သား

တွေအတွက်အသေခံပေးတယ်ဆိုတာ ဘုရားရဲ့ကြီးမားတဲ့ချစ်ခြင်းမေတ္တာကိုဖော်ပြနေပါတယ်။

     တက္ကသိုလ်ကျေင်းသာဘဝမှာ ဆိုးပေတေခဲ့တဲ့ (St.Augustine) ဟာ နောင်တရလာပြီးတော့ “ငါဘုရားကိုချစ်ခဲ့တာနောက်

ကျလိုက်တာစောစောချစ်ခဲ့ရင်ဘယ်လောက်မလဲ၊ ငါတော်တော်ညံတဲ့ကောင်ပဲ”။ လို ကိုယ်ကိုအားမလိုအားမရပြောခဲ့ပါတယ်။

ယေဇူးရွှေနှလုံးတော်ရဲ့အချစ်ကိုဘဝနဲ့ရင်းပြီးတုန်ပြန်ချစ်ကြပါဆို့။ လူဘဝမှာအကောင်းဆုံးနေထိုင်နည်း၊

ပျော်စရာအကောင်းဆုံးနေထိုင်နည်းကတော ကိုယ်ကိုချစ်သလိုမိန်တော်မူထားတဲ့ဘုရားရြ့တရားတော်တွေကို

ကျင်ဆောက်တည်နေထိုင်နည်းပါပဲ။ ဘာသာသူများအားလုံးလည်း ယေဇူးရွှေနှလုံးတော်ကိုပြန်လည်

ချစ်နိုင်ကြပါစေ။ နားစဉ်သူအားလုံးအပေါ်ဘုရားရှင်ရဲ့ကောင်းကြီးမင်္ဂလာများခံစာကြရပါစေ။

Add new comment

9 + 0 =