St. John l, (Pope & Martyr) မေလ (၁၈) ရက်

St. John l, (Pope & Martyr)

မေလ (၁၈) ရက်

အမိအသင်းတော် ပထမမြောက် ပုပ်ရဟန်းမင်းကြီး ဂျွန်ကို ဂုဏ်ပြုပွဲကျင်းပတဲ့နေ့ဖြစ်ပါတယ်။ သူ့ကို အီတလီနိုင်ငံ၊ တူကာစီမှာမွေးပြီး အေဒီ ၅၂၆ မေလ (၁၈)ရက်နေ့ မှာ ပျံလွန်တော်မူခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီး အဖြစ် အေဒီ (၅၂၃-၅၂၆) ထိ တာဝန်ထမ်းခဲ့သူဖြစ်တယ်။

စိန့် ဂျွန်ဟာ ယုံကြည်ခြင်းအတွက် မိမိအသက်ကို အသက်စတေးခဲ့တဲ့ ဓမ္မအာဇာနည်လေ။ ယုံကြည်ခြင်းတစ်ခုအတွက်နဲ့ ခြောက်ရာစုတုန်းက ဒိဋ္ဌိအယူဝါဒကို ကျင့်သုံးတဲ့ ဂျာမနီဘုရင်က သူ့ကို သေလုနီးပါး အစာအသတ်ခံထားပြီး၊ ထောင်ချခံခဲ့ရတဲ့ သူရဲကောင်းပေါ့။ စိန့်ဂျွန်က သူ့လို အဖြစ်မျိုးနဲ့ သေသွားတဲ့ ကျော်ကြားတဲ့ အတွေးခေါ်ပညာရှင် ဘိုသီအိုစ့် (Boethius)ရဲ့ သူငယ်ချင်းဖြစ်တယ်။

အရှေ့ပိုင်း ကက်သလစ်နှင့် အော်သဒေါ့ခ် ခရစ်ယာန်များကတော့ ပုပ်ရဟန်းမင်းကြီး ပထမမြောက် ဂျွန်ပွဲနေ့ကို ရိုမင့်ကက်သလစ်တွေကျင်းပတဲ့ နေ့မှာပဲ ကျင်းပကြပါတယ်။ အနာဂတ်မှာ ပထမမြောက် ပုပ်ရဟန်းမင်းကြီး ဖြစ်လာမယ့် ဂျွန်ဟာ တူကစီ (Tuscany)မှာမွေးခဲ့ပါတယ်။ ဂိုဏ်းထောက်အနေနှင့် နှစ်ပေါင်းများစွာ အစေခံခဲ့ပြီး၊ (Pope St. Hormisdas) ရဟန်းမင်းကြီး စိန့်ဟောမီစ်ဒါးစ်ကို ဆက်ခံသူအဖြစ် ၅၂၃ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီးရာထူးကို ဆက်ခံခဲ့ပါတယ်။ ရဟန်းမင်းကြီးအဖြစ် ဆက်ခံတဲ့အချိန်မှာ အီတလီနိုင်ငံက သီအိုဒေါရစ်ခေါ်၊ အိုစ်ထရိုဂေါသစ်ဘုရင်က ရောမကို အုပ်ချုပ်ခဲ့တဲ့ အချိန်လဲဖြစ်တယ်။ တခြားသူတွေလိုပဲ သခင်ယေဇူးက ပုဂ္ဂိုလ်သုံးပါးထဲက ဒုတိယမြောက်ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတဲ့ယုံကြည်ခြင်းအစား သခင်ယေဇူးခရစ်ဟာလည်း ဖန်ဆင်းခြင်းခံသောသူဖြစ်တယ်ဆိုတဲ့ (Arian) အာရီယန် ဒိဋ္ဌိဝါဒကို လက်ခံကျင့်သုံးခဲ့သူ ဖြစ်ပါတယ်။

အာရီယန်ဝါဒဆိုတာ အေဒီ ၄-ရာစုက ရောမအင်ပါယာအုပ်စိုးတဲ့ခေတ် အရှေ့ပိုင်းကနေ စတင်ကျင့်သုံးလာခဲ့ပြီး၊ နောက်ပိုင်းမှာ တောင်ပိုင်းဒေသ ဂေါ့သ်အထိ ပျံ့နှံ့သွားခဲ့ပါတယ်။အေဒီ ၆-ရာစုမှာတော့ ဒိဋ္ဌိဝါဒက ပျောက်မသွားပေမယ့် ကျင့်သုံးသူနည်းပါးခဲ့ပါတယ်။ အေဒီ ၅၂၃ မှာတော့ ဗင်ဇာတင် အင်ပါယာ ပထမမြောက်ဂျာစတင်းက အာရီယန်ဘုန်းကြီးတွေ ပိုင်ဆိုင်တဲ့ ဘုရားကျောင်းများ သြသဒေါ့ ကက်သလစ် လက်မှာ အပ်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအချိန်က တောင်ပိုင်းမှာ သီအိုဒူရိ ဆိုသူဟာ အင်ပါယာအပေါ် အမြတ်ဒေါသထွက်ကာ သူ့အလိုကျဖြစ်လာစေဖို့ ရဟန်းမင်းကြီးရဲ့ ဩဇာအာဏာကို အသုံးချဖို့ကြိုးစားပါတော့တယ်။

ပုပ်ရဟန်းမင်းကြီး ပထမမြောက် ဂျွန်ဟာ တော်တော်ဆိုးဝါးတဲ့အခြေနေမှာ ရောက်သွားခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ ခိုင်မာတဲ့ ကိုယ်ပိုင်ယုံကြည်မှုရှိနေပေမယ့် အာရီယန် ဘုရင်က ဒိဋ္ဌိတွေကိုယ်စားပြုပြီး အရှေ့ပိုင်း ဗင်ဇာတင် အင်ပါယာ ဂျာစတင်းအားအမိန့်တော်ကို ပြန်ရုတ်သိမ်းပေးဖို့ သူ့ကိုကြားဝင်ဖြန်ဖြေပေးဖို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ငြင်းဆိုမှုကြောင့် ဘုရင် သီအိုဒိုရစ်က သူ့ကို ဓမ္မအာဇာနည်ဘဝကို တွန်းပို့ဖို့အကြောင်းရင်း ဖြစ်လာခဲ့ပါတယ်။

ရဟန်းမင်းကြီးဂျွန်က၊ သူ့အား စိန့်ပီတာအရာကို ဆက်ခံသူအဖြစ် ဂုဏ်ပြုကြသူများရှိရာ၊ ဘိုင်ဇန်တင်း အင်ပါယာ၊ အသင်းတော်ရဲ့ ဖခင်ကြီးများနဲ့ ကွန်စတင့်တီနိုပယ် ကို သွားရောက်ခဲ့ပြီး ဂျာစတင်းအားတွေ့ဆုံစကားပြောခဲ့ပါတယ်။ ဒါပေမဲ့ ပုပ်ရဟန်းမင်းကြီး ကြွလာရတဲ့ ရည်ရွယ်ချက်က တချို့အရာတွေသာအောင်မြင်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ပထမမြောက်ဂျွန်ဟာ အာရီယန်များကို သနားကြင်နာပေးဖို့ ဂျာစတင်းကိုတောင်းခံတဲ့အချိန်မှာ သိအိုဒိုရစ် မျှော်မှန်းထားတဲ့ အာရီယန် လူတွေကိုယ်စားကြားဝင်ဖြန်ဖြေပေးဖို့ တောင်းဆိုချက်ကို မလုပ်နိုင်ခဲ့ဘူး။ ခရီးပန်းနေတဲ့ ပုပ်ရဟန်းမင်းကြီးကို ရာဗေနာ(Ravenna) မှာ သီအိုဒေရစ်က အစာမကျွေးပဲ ထောင်ချခဲ့တယ်။ အဲဒါကြောင့် မေလ (၁၈) ရက်နေ့မှာ ရဟန်းမင်းကြီး ပထမမြောက် ဂျွန် ပျံလွန်တော်မူခဲ့ပါတယ်။

သူပျံလွန်တော်မူတတဲ့ မေလ (၁၈) က်နေ့မှာ သူ့ရဲ့ပွဲနေ့ကို (ရိုရိုသာမန်နေ့ဝတ်ပြုနည်းဥပဒေ) ကက်သလစ်အသင်းတော်နဲ့ အရှေ့သြသဒေါ့ဘုရားကျောင်းတွေမှာ ကျင်းပကြပါတယ်။ ဒါပေမဲ့ (နေ့ထူးနေ့မြတ် ဝတ်ပြုနည်း ဥပဒေ)အရ သူ့ရဲ့ပွဲနေ့ကို မေလ (၂၇)ရက်နေ့ သူ့အလောင်းတော်ကိုဖော်ပြီး စိန့်ပီတာ ဘုရားကျောင်းတော်မှာ ကြည်ညိုလေးစားမှုအတွက် ရောမကို ပြန်းလာတဲ့နေ့မှာ ကျင်းပကြပါတယ်။

ရဟန္တာ ပုပ်ရဟန်းမင်းကြီး ပထမမြောက်ဂျွန်၊
ကျွန်ုပ်အဖို့ငှာ ဆုတောင်းပေမူပါ။
အာမင်။
Source: CNA (Catholic News Agency)
✍️ ကြယ်စင်လေး (SJA)

 

Add new comment

1 + 0 =