မေလ (၂၁): #စိန့်ခရစ္စတိုဖာမဂါလားနစ် & #အပေါင်းအဖော်များပွဲနေ့

မေလ (၂၁): #စိန့်ခရစ္စတိုဖာမဂါလားနစ် & #အပေါင်းအဖော်များပွဲနေ့

စိန့်ခရစ္စတိုဖာမဂါလားနစ် St. Christopher Magallanes သည် တရားတော်အတွက် သူ၏အပေါင်းအဖော်များနှင့်အတူ အသတ်ခံရသည့် မက္ကဆီကိုနိုင်ငံမှ ဓမ္မအာဇာနည် တစ်ပါးဖြစ်သည်။ ၁၉၂၀ခုနှစ် ၀န်းကျင်တွင် မက္ကှဆီကိုတွင် ခရစ်စဒဲယို “Cristero” ကက်သလစ်ကျင့်ဆန်ရေး လှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံခြား သာသနာပြုများကို တားမြစ်ခဲ့သည့်အပြင် မစ္ဆားတရားများကိုလည်း တချို့နေရာများတွင် ပိတ်ပင်ခံခဲ့ရသည်။

စိန့်ခရစ္စတိုဖာမဂါလားနစ်သည် ဒေသခံ လယ်လုပ်သူများကို အစေခံ ကူညီခဲ့သည်။ ရဟန်းဖြစ်သင်ကျောင်းများကို ဖွင့်လှစ်ခဲ့သော်လည်း ကက်သလစ်အသင်းတော်ကို မုန်းတီးသည့် အစိုးရအဖွဲ့က ပိတ်ပင်တားမြစ်ခြင်း ခံခဲ့လေသည်။ ဖရန်စစ်စကင် ဘုန်းတော်ကြီး ခရစ္စတိုဖာမဂါလားနစ်သည်၊ ဂျက်ဇွစ်ဘုန်းတော်ကြီး မိကယ်လ်ပရိုနှင့် အခြားကက်သလစ်ဘုန်းတော်ကြီး (၂၁)ပါး၊ သာမန်ဘာသာသူ (၃)ဦးတို့နှင့်အတူ မက္ကဆီကိုပြည်နယ် ရှစ်ခု၌ (၁၉၁၅-၁၉၃၇)ခုနှစ် နှစ်ပေါင်း ၂၂ခုနှစ်အတွင်း ကြိုးဖြင့်ချီနှောင်ပြီး သေနတ်ဖြင့် ပစ်သတ်ခြင်း ခံခဲ့ရသည်။

ခရစ္စတိုဖာမဂါလားနစ်၏ နောက်ဆုံးစကားလုံးမှာ…
“ငါ့မှာအပြစ်မရှိဘူး။ ငါ့သေတာလည်း အပြစ်ကင်းပါတယ်။ ငါ့ကို သတ်ခိုင်းတဲ့သူတွေကိုလည်း စိတ်နှလုံးအကြွင်းမဲ့ ခွင့်လွှတ်ပါတယ်။ ငါ့ရဲ့အသွေးသွန်းလောင်းမှုကြောင့် ကွဲပြားနေတဲ့ မက္ကဆီကိုကြီး ငြိမ်းချမ်းရေး ရရှိနိုင်ပါစေ။” သူ့နှင့် အပေါင်းအဖော်များကို ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါ်က ၁၉၉၂ခုနှစ်တွင် သူတော်စင်များအဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၀၀ခုနှစ်တွင် ရဟန္တာအဖြစ် တရားဝင် ကြေငြာခဲ့လေသည်။

#ထောက်ရှုရန်
ယုံကြည်ခြင်းအတွက် အသတ်ခံကြရသည့် ဓမ္မအာဇာနည်များသည် အသတ်ခံရမည်ကို သိသော်လည်း အသက်ရှည်ရှည်နေရခြင်းထက် သူတို့အတွင်းစိတ်၌ လွတ်လပ်စွာ ဓမ္မအာဇားနည်လမ်းကို ရွေးချယ် အသတ်ခံ ကြရသည့် အချက်ကို မမေ့သင့်ချေ။ အဓိကအားဖြင့် အသက်ပေးရဲသည်အထိ ယုံကြည်ခြင်း၌ ခိုင်မာမှုနှင့် သူတို့ကို သတ်ဖြတ်သူများကို ခွင့်လွှတ်ဆုတောင်းပေးခြင်းမှာ ကြီးမြတ်သည့်ပါရမီပင်ဖြစ်သည်။ အထူးသဖြင့် ဆိုးရွားသည့် အခြေအနေများ၌ ကျွန်ုပ်တို့၏ ခရစ်ယာန်အသက်တာကို မည်သို့ ပေးဆပ် သက်သေခံကြမည်နည်း။

ဓမ္မအာဇာနည် စိန့်ခရစ္စတိုဖာ မဂါလားနစ်နှင့် အပေါင်းအဖော် အပေါင်းတို့၊ ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။

Source: Catholic News Agency (CNA) & Franciscan Media
#KyeseMyanmar #AMDG #Catholic
✍️ ထန်းဟာ,SJ

 

Add new comment

11 + 1 =