တချိန်က ရုပ်ရှင်မင်းသမီး Mother Dolores Hart

တချိန်က ရုပ်ရှင်မင်းသမီး Mother Dolores Hart

တချိန်က ရုပ်ရှင်မင်းသမီး Mother Dolores Hart

 

Hollywood ရုပ်ရှင်မင်းသမီးဘဝမှ ကက်သလစ် သီလရှင်ဘဝသို့ လျှောက်လှမ်းသွားသော Dolores Hart ၏ ဘဝခရီးစဉ်ကို မှတ်တမ်းတင်ရိုက်ကူးထားသော "God is Bigger Elvis" "ဘုရားသခင်သည် ပို၍ ကြီးမြတ်သော Elvis" ဟု အမည်ရသော (၃၇) မိနစ်ကြာ ရုပ်ရှင်ဇာတ်ကားတိုသည် ၂၀၁၂ ခုနှစ် အော်စကာဆု အရွေးခံစားရင်းထဲတွင် ဇကာတင် ဇာတ်လမ်းတို တစ်ပုဒ်ဖြစ်ခဲ့ပြီး ၂၀၁၂ ခုနှစ် မေလ ၂၄ ရက်နေ့တွင် Christopher Life Achievement Award ဆုကို ရရှိခဲ့သည်။

Dolores Hart သည် ၁၉၃၈ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင် အမေရိကန်နိုင်ငံ ချီကာဂိုမြို့၌ မွေးဖွားသန့်စင်ခဲ့သူဖြစ်သည်။ တစ်ဦးတည်းသော သမီးဖြစ်ပြီး အသက် ၃ နှစ်အရွယ်တွင် မိဘနှစ်ပါး အိမ်ထောင် ကွဲသွားခဲ့သည်။ အဖိုးအဖွားများနှင့်သာ ကြီးပြင်းလာခဲ့ပြီး ချီကာဂိုမြို့ရှိ စိန်ဂရေဂေါ်ရီ ကက်သလစ် ကျောင်းတွင် ပညာသင်ယူခဲ့သည်။ အသက် ၁၀ နှစ်အရွယ်မှသာ ကက်သလစ်ဘာသာဝင်တစ်ဦး ဖြစ်လာခဲ့ ကာ မေရီမောင့် ကောလိပ်ကျောင်းတွင် ပညာကို ဆုံးခန်းတိုင်အောင် သင်ယူခဲ့ပြီး လောစ်အိန်ဂျယ်မှ ပန်းပုဆရာ Don Robinson နှင့်လက်ထပ်ရန် စေ့စပ်ကြောင်းလမ်းခဲ့သည်။ အသက် (၁၈) နှစ်အရွယ်တွင် ရုပ်ရှင်လောကထဲသို့ ဝင်ရောက်လာနိုင်ရခြင်းမှာ သူမ၏ အဖိုး ကျေးဇူးကြောင့်ဖြစ်သည်ဟု ဝန်ခံခဲ့သည်။

သူမ၏ ပထမဦးဆုံးသော ရုပ်ရှင်ဇာတ်ကားကို ၁၉၅၆ ခုနှစ်တွင် Loving You နှင့် ၁၉၅၈ ခုနှစ်တွင် King Creole ဟုခေါ်သော ရုပ်ရှင်ဇာတ်ကားများကို နာမည်ကျော်ရုပ်ရှင်မင်းသား Elvis Presley နှင့် ရိုက်ကူးခဲ့သည်။ ပရိတ်သတ်များက သူမအား "Elvis Presley ၏ အနမ်းကိုခံရတာ မည်သို့ ခံစားရသနည်း" ဟု မေးသောအခါ သူမက "ရုပ်ရှင်ပိတ်ကားပေါ်၌ ၁၅ စက္ကန့်သာကြာသော အနမ်းသည် အနှစ် ၄၀ ကြာ ထင်ကျန်ရစ်ခဲ့သည်" ဟု ပြန်ဖြေခဲ့ပါသည်။ Hart သည် ၁၉၆၀ ခုနှစ်တွင် St. Francis Assisi ၏ ရုပ်ရှင်ဇာတ် ကားတွင် St. Clare of Assisi အဖြစ် သရုပ်ဆောင်ခဲ့သည်။ ထိုဇာတ်ကားကို ရိုက်ကူးနေစဉ် ရောမမြို့ရှိ ရဟန်းမင်းကြီး အရှင်သူမြတ် ဂျွန် (၂၃) နှင့် သွားရောက်တွေ့ဆုံရာ "တပည့်တော်မသည် Clare အဖြစ် သရုပ် ဆောင်နေပါသည်" ဟု ပြောပြသောအခါ ရဟန်းမင်းကြီးက "မဟုတ်ပါဘူး၊ နင်က Clare" ပါဟု ပြန်ဖြေခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် သူမ၏ နောက်ဆုံးဇာတ်ကားဖြစ်သော Come Fly With Me ကို ရိုက်ကူးပြီးနောက် Hollywood ခေါ် အမေရိကန် ဗဟိုရုပ်ရှင်လုပ်ငန်းကို စွန့်ခွာသွားသည်သာမက Don Robinson နှင့် စေ့စပ်ကြောင်းလမ်းထားသည်ကိုလည်း ရုတ်သိမ်းပြီး ဘက်နဒစ်တင်း သီလရှင်များ ရသေ့ကျောင်းသို့ ကက်သလစ်သီလရှင်တစ်ပါးဖြစ်ရန် ဝင်ရောက်ခဲ့သည်။

Novice ဟုခေါ်သော ရှင်သာမဏေဘဝတွင် ကျောင်းအုပ်သီလရှင်ကြီးနှင့်သွားတွေ့ရာ သီလရှင်ကြီးအား " ကျွန်မ ရုပ်ရှင်မင်းသမီးဖြစ်ခဲ့လို့ ဘာမှ နောက်ဆံတင်းနေတာတွေ မရှိပါဘူး။ အားလုံးကို အတိတ်မှာ ချန်ထားခဲ့ပါပြီ" ဟုပြောရာ သီလရှင်ကြီးက "နင်မှားနေပြီ၊ နင်အရင်က သရုပ်ဆောင်ခဲ့တာ၊ အခုမှ နင် တကယ် နင့်ကဏ္ဍကို နင် လုပ်လုပ်ရတော့မှာ" ဟု ပြန်ဖြေခဲ့သည်။ Dolores Hart သည် သူမ၏ ရာသက်ပန် သူတော်စင် ကတိသစ္စာကို ၁၉၇၀ ခုနှစ်တွင် ပြုခဲ့သည်။

သူမသည် ကက်သလစ်သီလရှင်တစ်ပါးဖြစ်သွားသော်လည်း သူမ၏ ရုပ်ရှင်လောကမှ အပေါင်းအဖော် များနှင့် ဆက်လက်၍ ခင်မင်ရင်းနှီးမှုများရှိခဲ့သည်။ ဥပမာ၊ Paul Newman နှင့် Patricia Neal ကဲ့သို့သော အနုပညာသမားများက သူမ၏ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ပေးခဲ့ကြသည်။ သူမနှင့် စေ့စပ်ကြောင်းလမ်းခဲ့ဖူးသော Robison သည်လည်း သူမကို လက်မထပ်ရသော်လည်း အိမ်ထောင်မကျဘဲ နောက်ဆုံး သူ မသေခင် ၂၀၁၁ နိုဝင်ဘာလ ၂၉ ရက်တွင် သူ၏ အသက် (၇၈) နှစ်အထိ နှစ်စဉ်နှစ်တိုင်း ခရစ္စမတ်နှင့် အီစတာတွင် သူမဆီ အလည်အပတ် သွားရောက်ခဲ့ပြီး သူမ သီလရှင်များအဖွဲ့အစည်း၏ လိုအပ်သည်များကို အမြဲကူညီပေးခဲ့သည်။

ယနေ့ အသက်အသက် (၈၀) နှစ်ရှိပြီဖြစ်သော Mother Dolores Hart သည် ဆုတောင်းမေတ္တာပြုခြင်း စစ္စတာရ်များကို ဝိညာဉ်ရေးရာ၌ လမ်းညွှန်ခြင်းနှင့် ကျရာတာဝန်များကို ဆောင်ရွက်ခြင်းဖြင့် ဘက်နဒစ်တင်း သီလရှင်းအသင်းဂိုဏ်း၌ ဘုရားသခင်အား ရက်ရောစွာ အစေခံလျှက်ရှိသည်။ Mother Dolores Hart သည် ၂၀၁၆ ခုနှစ်၌ သူမ၏ သစ္စာခံယူခြင်း နှစ် ၅၀ ပြည့် ရွှေရတုဂျူဗီလီကို ကျင်းပခဲ့ပြီးဖြစ်သည်။

လူငယ့်မိတ်ဆွေ
အတွဲ (၃)၊ အမှတ်စဉ် (၁၀)၊
ဧပြီ၊မေ၊ဇွန် ၂၀၁၂

 

Add new comment

2 + 5 =