ရဟန်းမင်းကြီးသည်အင်္ဂလန်နှင့်အိုင်ယာလန်နိုင်ငံများသို့ကောင်းကြီးပေးဆုတောင်းပေးခဲ့

ရဟန်းမင်းကြီးသည်အင်္ဂလန်နှင့်အိုင်ယာလန်နိုင်ငံများသို့ကောင်းကြီးပေးဆုတောင်းပေးခဲ့

ရဟန်းမင်းကြီးသည်အင်္ဂလန်နှင့်အိုင်ယာလန်နိုင်ငံများသို့ကောင်းကြီးပေးဆုတောင်းပေးခဲ့

ရဟန်းမင်းကြီးသည်အင်္ဂလန်နှင့်အိုင်ယာလန်နိုင်များရှိကက်သလစ်ဘာသာ၀င်များထံသို့ နှစ်စဉ် ကျင်းပလေ့ရှိသော ‘အသက် ၏နေ့’ ကိုနှစ်စဉ်ကျင်းပလေ့ရှိသည်။ လူ့အသက်၊ လူ့ဂုဏ်သိက္ခာကိုလည်းစောင့်ရှောက်မြှင့်တင်ကြရန်တိုက်တွန်းခဲ့သည်။ ယခုနှစ်၏ဆောင်ပုဒ်မှာ ‘အ သက်ကိုရွေးချယ်ခြင်း’ ဖြစ်သည်။ ဤလှုပ်ရှားမူကိုအင်္ဂလန်နှင့်ဝေလ်း၊ စကော့တလန်နှင့်အိုင်ယာလန်နိုင်ငံများ မှကက်သလစ်ဆရာတော်ကြီး များအဖွဲ့ချုပ်တို့ပူးပေါင်း၍ကျင်းပခြင်းဖြစ်သည်။ အမိသာသနာကြီးက လူ့အသက်သည်သန္ဓေတည်သည်မှစ၍သေဆုံးသည် အထိဖွံ့ဖြိုးကြီးထွား လာရန်၊ ကာကွယ်ရမည်ဟု သွန်သင်သည်။ ဤအခမ်းအနားအတွက်ရဟန်းမင်းကြီးကမိန့်ခွန်းပေးပို့ထားပြီး၊ လူတစ်ဦးစီ၏ တန်ဖိုး နှင့်ဂုဏ်သိ က္ခာအတွက်တ စိုက်မတ်မတ်လုပ်ဆောင်နေသူများအတွက်ဆုတောင်းပေးကြောင်း၊ ဆု တောင်းပေးရန်၊ လက်ရှိကြုံတွေ့ နေရသောကပ်ရော ဂါဆိုးကြီးသည်ကလေးသူငယ်တို့၏အသက်ကိုကာကွယ်စောင့်ရှောက်ရန်လိုအပ် ကြောင်းကိုအသိပေးလိုက်ပြီဟုယုံကြည်ကြောင်း၊

ယခုနှစ်သည် စိန့်ဂျွန်ပေါလ် (၂) ၏စာချွန်တော်ဖြစ် သော "Evangelium Vitae",၏ (၂၅) ကြိမ်မြောက်နှစ်ပတ်လည်ဖြစ်သည်။ ဤစာချွန်တော်၌လူ့အသက်သည်မည်သို့မျှမဖျက် ဆီးနိုင်ကြောင်းနှင့်လူ့ဘ၀၏တန်ဖိုးကိုဇောင်းပေးရေးသားထားသည်။ ကာဒီနယ် … ကလည်း ‘ကိုဗစ် (၁၉) ရောဂါစွဲကပ်ဆိုးအ တွင်းရဲဝံ့စွာဖြင့် လုပ်အားပေးနေသူများ၊ ကျန်းမာ ရေး၀န်ထမ်းများ၊ ရောဂါခံစားနေရသူများ၏မိသားစုအ တွက်နှင့်ချို့တဲ့နွမ်းပါးခြင်း၊ စစ်မက်၊ အလုပ်လက်မဲ့ပြဿနာကြောင့်လူ့ဂုဏ်သိက္ခာများကျဆင်းနေသည့် ကပ်ဆိုးကြီးများအတွက်ဆုတောင်းကြရန်၊ လက်ရှိကပ်ရောဂါဆိုးသည်လူ့ကိုယ်ကျင့်တရား နှင့်အသက် ကိုတန်ဖိုးထားသော၊ ကာကွယ်သော၊ မြှင့်တင်သောယဉ်ကျေးမူကိုဖွံ့ဖြိုးလာအောင်ပျိုးထောင်ပေးရန်၊ အဘယ်ကြောင့်ဆိုသော်လူ့ အသက်သည်ဘုရားသခင်၏သားသမီးများ၏အရေးဖြစ်ကြောင်းရဟန်းမင်း ကြီး၏မိန့်ခွန်းကိုပြန်လည်မိန့်ကြားခဲ့သည်။

ဆရာတော် Bishop Sherrington က ရဟန်းမင်းကြီး၏မိန့်ခွန်းသည်၄င်းတို့ အားမျှော်လျင့်ချက်ပေးပြီး၊ နက်နဲသောလူ့အသက်၏ အဆင့်ဆင့်ပြောင်းလဲမူကိုအစဉ်ကာကွယ်ရန်၊ လူ အများနားလည်ပါ၀င်လာရေးမြှင့်လုပ်ဆောင်ရန်လိုအပ်ကြောင်းကိုလည်းပြန်လည်ရရှိလာကြောင်း၊ ဤ နေ့အတွက်ပေးပို့သောမိန့်ခွန်း၌မမွေး ဖွားသေးသောသန္ဓေသားနှင့်ကိုယ်၀န်ဆောင်အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ ၄င်းတို့လေးနိုင်ငံမှကက်သလစ်ဆရာ တော်ကြီးများကြိုးစား လုပ်ဆောင်နေသကဲ့သို့လူများလည်းနားလည်သဘောပေါက်လာကြပြီး၊ ပါ၀င်လုပ်ဆောင်လာရန်၊ မမောမပန်းလုပ်ဆောင် နေကြသောသူများအတွက်လည်းဆုတောင်းပေးရန်၊ သန္ဓေတားဆီးခြင်းကြောင့် ရရှိသောသွေးပျက်စရာအတွေ့အကြုံများကိုကျစ် လစ်ခိုင်မာ သောဥပဒေများဖြင့်ထိန်းချုပ်ရန်လိုအပ် ကြောင်းနှင့်ထိုလေးနိုင်ငံမှဆရာတော်ကြီးများမှလည်းပေးပို့သောမိန့်ခွန်း၊ ဆုတောင်းမေတ္တာ၊ ကောင်း ကြီးတော်များအတွက်အထူးကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။

ဘာသာပြန်ဆိုသူ- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2ZPJauu

Add new comment

12 + 3 =