ယေဇူး၏မယ်တော်မာရိယာနှင့်အတူဆုတောင်းရန်စုရုံးကြပါစို့။

ယေဇူး၏မယ်တော်မာရိယာနှင့်အတူဆုတောင်းရန်စုရုံးကြပါစို့။

ယေဇူး၏မယ်တော်မာရိယာနှင့်အတူဆုတောင်းရန်စုရုံးကြပါစို့။

ရဟန်းမင်းကြီးသည် လိုင်းမှစောင့်ကြည့်နေကြသောလူထောင်သောင်းနှင့်အတူစ​ေဝေး၍ ကိုဗစ် (၁၉) ကူးစက်ရောအမြန်ဆုံးကင်းဝေးစေရန်မယ်တော်၏ထပ်ဆင့်ဆုတောင်းပေးခြင်း ကိုတောင်းခံခဲ့သည်။

ရဟန်းမင်းကြီးသည် ဘုရားဖူး (၁၃၀) ခန့်လောက်ဖြင့် ဗာတီကန် ဥယျာဉ်အတွင်း ၌တည်ဆောက်ထားသောလုဒ်မယ်ဂူဆုတောင်းခဲ့သည်။ တိုက်ရိုက်လွှင့်ထုတ်ဆုတောင်းနေစဉ် ကမ္ဘာ တစ်၀န်းမှမယ်တော့်ဆင်း တုတော်၊ ပုံတော်များတီဗွီဖန်သားပြင်ပေါ်တွင်ပေါ်လာသည်။

စိပ်ပုတီးစိတ်ခြင်း၏ရည်ရွယ်ချက်၊
ယမန်နေ့သည်တနင်္ဂနွေနေ့ဖြစ်သောကြောင့်စိပ်ပုတီး၏နက်နဲရာမှာအံ့ဩဖွယ်ရာဖြစ်သည်။ ပထ မအံ့ဩဖွယ်ရာကိုဒေါက်တာတစ်ဦး နှင်သူနာပြုတစ်ဦးတို့မှဦးဆောင်တိုင်ခဲ့ပြီး၊ ၄င်းတို့သည်ကိုဗစ် (၁၉) ရောဂါကူးစက်ခံစားနေရသောလူနားများအားကိုယ်ဖိရင်ဖိပြုစုနေကြသည့် ကမ္ဘာတစ်၀န်းလုံးမှ ကျန်း မာရေး၀န်ထမ်းများအားကိုယ်စားပြုခြင်းဖြစ်သည်။

စိပ်ပုတီး၏ရည်ရွယ်ချက်မှာကမ္ဘာတစ်၀န်းလုံးရှိဆ ရာ၀န်များ၊ သူနာ ပြုများနှင့်ဆေးပညာရပ်ပိုင်းဆိုင်ရာအသိပညာရှင်၊ အတတ်ပညာရှင်များအားလုံးအ တွက်ပူဇော်စိပ်ပေးခဲ့သည်။
ဒုတိယအံ့ဩဖွယ်ရာနက်နဲရာအချက်ကိုမူ ကိုဗစ် (၁၉) ရောဂါခံစားခဲ့ရပြီး၊ ပြန်လည်ကျန်းမာလာ သောသူတစ်ဦးနှင့်အဆိုပါ ရောဂါ ကြောင့်ကွယ်လွန်သွားခဲ့သောမိသားစု၀င်တစ်ဦးတို့မှဉီးဆောင်ပြီး၊ ရော ဂါခံစားနေရသူ၊ သက်သာပျောက်ကင်းသွားခဲ့သူ၊ ရောဂါကြောင့်ဆုံးပါး သွားခဲ့သူများအားလုံးကိုကိုယ် စားပြုခြင်းဖြစ်သည်။ စိပ်ပုတီး၏ရည်ရွယ်ချက်မှာစစ်တပ်အင်အား၊ ကာကွယ်ရေးအင်အားနှင့်မီးသတ် တပ်ဖွဲ့များ အားလုံးအတွက်လည်းဆုတောင်းပေးခဲ့ကြသည်။

တတိယနက်နဲဖွယ်ရာကိုမူ ဆေးရုံများ၌လူနာများ၏၀ညာဉ်ရေး၊ စိတ်ဓာတ်ပိုင်းဆိုင်ရာကိစွဝစွ များကိုဖြည့်ဆည်းပေးနေရသော ဆေး ရုံအမူတော်ဆောင်ရဟန်းတစ်ပါးနှင့်သူနာပြုအမူတော်ကိုဆောင် နေသောသီလရှင်တစ်ပါးတို့မှဦးဆောင်ပြီး၊ ၄င်းတို့သည်ရောဂါခံစားနေရသော သူများ၊ ပြုစုပေးနေသော သူများအားအနီးကပ်နေ၍စောင့်ရှောက်ပေးနေကြသောရဟန်းတော်များ၊ သီလရှင်များ၊ သစွာသုံးပါးခံ သာမန်ဘာသာ တူများအားလုံးကိုကိုယ်စားပြုသည်။ စိပ်ပုတီး၏ရည်ရွယ်ချက်မှာရောဂါခံစားနေရသော လူနာများ၊ ကြပ်မတ်ကုသပေးနေကြသောသူများ၏ ဝိညာဉ်ရေးများကိုစောင့်ရှောက်ပေးနေသောရဟန်း တော်များ၊ သီလရှင်များ၊ ဘုရား သခင်၏နှုတ်တော်ထွက်စကားများဖြင့်အားပေး ဆုတောင်း ပေးသောသာ မန်ဘာသာတူများအားလုံးအတွက်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော်ဤသို့အမူတော်ဆောင်ခြင်း ကြောင့်ရောဂါကူးစက်ကာ အသက်ဆုံးပါးသွားခဲ့ကြသူများလည်းရှိသည်။
စတုထ္တနက်နဲဖွယ်ရာအချက်ကိုမူ ဆေး၀ါးထုတ်လုပ်သောပညာရှင်တစ်ဦးနှင့်သတင်းသမားတစ် ဦးတို့မှဦးဆောင်ပေးခဲ့ပြီး၊ ၄င်းတို့ သည်ကပ်ရောဂါဆိုးနှင့်ပတ်သက်၍ ဆက်လက်ပြီး၄င်းတို့၏တတ်သိ ပညာများဖြင့်လူအများ၏ရောဂါ ကင်ဝေးရေးဆေးဖော်စပ်နိုင် ရန်နှင့် ခိုင်မာမှန်ကန်သော သတင်းအ ချက်အလက်များဖြင့်လူတို့အား စောင်ရန်၊ ရှောင်ရန်တို့ကိုအသိပေးနိုင်ရန်ရည်ရွယ်သည်။ ဤနက်နဲရာ ၏ရည် ရွယ်ချက်မှာသေဝနီးပါးရှိနေသူများ၊ အထီးကျန်စွာသေခြင်းကိုစောင့်စားနေကြသူများ၊ ကွယ်လွန် သွားခဲ့ကြသူများ၏ ဝိညာဉ်အတွက်နှင့် ကွယ် လွန်သွားခဲ့ကြသောသူတို့၏မိသားစုများအတွက်ပူဇော်ခဲ့ကြ သည်။

နောက်ဆုံးတစ်ဆယ်ကိုမူအီတလီနိုင်ငံရှိ မိမိတို့မိသားစုအင်အားဖြင့် လူမူရေးလုပ်ငန်းများကို လုပ်ဆောင်နေသောမိသားစုများကိုယ်စား မိသားစု၀င်တစ်ဦးမှဦးဆောင်၍ကပ်ရောဂါဆိုးကြီးကင်းပျောက်စေရေးကူညီလုပ်ဆောင်နေကြသောကရုဏာရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့ အစည်းများအား လုံးကိုကိုယ်စားပြုခြင်းဖြစ်သည်။ ဒုတိယစိပ်ပုတီးငါးစေ့ကိုမူအိမ်ထောင်ကျပြီး၊ လောလောလတ်လတ် သားဦးလေးမွေးထား သောအိမ်ထောင်သည်စုံတွဲတစ်တွဲမှဦးဆောင်ခဲ့သည်။ ၄င်းတို့ကိုဦးဆောင်စေခြင်း သည်မျှော်လင့်ခြင်းများရှင်သန်လာစေရန်နှင့်သေခြင်း ကို အောင်မြင်သည့်သဘောကိုဆောင်ခြင်းဖြစ်သည်။ ရည်ရွယ်ချက်အနေဖြင့်ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းပါရမီအားနည်းနေသူများ၊ အလုပ်လက်မဲ့ ဖြစ် နေသူများ၊ အဖော်မဲ့အထီးကျန်နေသူများနှင့်အသစ်မွေးဖွားသန့်စင်လာသောကလေးများအားလုံးအ တွက်ဖြစ်သည်။ အခြား မီးမောင်းထိုးပြလိုသောအချက်များ
စိပ်ပုတီးစိတ်ခြင်း၏အစနှင့်အဆုံးပိုင်း၌ မေလတစ်လလုံး၌စိပ်ပုတီးစိတ်တိုင်း ရွတ်ဆိုပူဇော်ရန် ရဟန်းမင်းကြီးကိုယ်တိုင်ညွှန်ကြား သောဆုတောင်းမေတ္တာနှစ်ပုဒ်အနက်တစ်ပုဒ်ကိုအစပိုင်း၌၊ ကျန် တစ်ပုဒ်ကိုအဆုံးပိုင်း၌ရွတ်ဆိုပူဇော်ခဲ့သည်။ ထို့နောက်ရဟန်းမင်းကြီးသည် ကောင်းကြီးပေးပြီး၊ စကား အနည်းငယ်ပြောကြားခဲ့သည်။ စကားပြောကြားရာတွင်ဂွာဒါလုပေမယ်တော်နှင့်အခြားသောလာတင်း အမေရိကား ရှိမယ်တော့်ဗိမာန်တော်များမှတိုက်ရိုက်ချိပ်ဆက်၍စိပ်ပုတီးစိတ်ရာတွင်အတူတကွပါ၀င်ခဲ့ သောဘာသာတူများကိုကျေးဇူးတင်ကြောင်းနှင့်မိခင် ဘာသာစကားဖြင့်နှုတ်ဆက်ပါကြောင်း၊ အနား၌ အတူရှိနေခြင်းအတွက်ကျေးဇူးတင်ပါကြောင်း၊ ဂွာတာလုပေမယ်တော်သည်လည်းကျွန်ုပ်တို့၏ အပါး၌ ရှိပါစေ။

ဤအစီအစဉ်အတွင်းတိုက်ရိုက်ချိပ်ဆက်ထုတ်လွှင့်ခဲ့သောမယ်တော့်ဗိမာန်တော်များ၊
ဤအစီအစဉ်မယ်တော့်ဗိမာန်တော် (၅၀) ခန့်ထုတ်လွှင့်ခဲ့သည်။ ၄င်းတို့မှာမက်ဆီကိုနိုင် ငံမှဂွါတာလုပေမယ်တော်၊ ပေါ်တူဂီမှ ဖာတီမာမယ်တော်၊ ပြင်သစ်နိုင်ငံမှလုဒ်မယ်တော်၊ အမေရိကားမှ အပြစ်မဲ့သနွေယူတော်မူသောမယ်တော်၊ အင်္ဂလန်မှ Walsingham၊ အီတလီနိုင် ငံရှိပုံပေမယ်တော်၊ ဘု ရားသခင်၏ချစ်ခြင်းနှင့်ပီအဲလ်ထရေလ်ချီးနာ (Pietrelcina) ဗိမာန်တော်၊ အဂျင်တီးနားနိုင်ငံရှိ Lujan၊ အိုင်ယာလန် နိုင်ငံ ရှိ Knock မယ်တော်၊ ဘရာဇီးလ်နိုင်ငံရှိ Aparecida မယ်တော်၊ အီတလီနိုင်ငံ၊ အာစီးစီ မြို့မှသိကြားမင်းတို့၏မယ်တော်မာရိယာ၊ ကနေဒါနိုင်ငံမှ နော်ထရေဒမ်း (Notre Dame) နှင့်အီစွရေးနိုင်ငံမှသိကြားမင်းကအမိန့်တော်ပြန်ကြားသည်ဘုရားကျောင်းတော်ကြီးတို့ကိုထုတ်လွှင့်ပြသခဲ့သည်။

ဘာသာပြန်ဆိုသူ- ဖာသာရ်ကလဲမင့်အားတယ်
Photo credit: Catholic New York

https://bit.ly/2zT30dr

Add new comment

3 + 15 =