ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် ကလေးဘဝ၌ ပုံသွင်းခြင်းအတွက် ဆလေးရှင်းအသင်းသားများအား ကျေးဇူးတင်ခြင်း

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် ကလေးဘဝ၌ ပုံသွင်းခြင်းအတွက် ဆလေးရှင်းအသင်းသားများအား ကျေးဇူးတင်ခြင်း

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် ကလေးဘဝ၌ ပုံသွင်းခြင်းအတွက် ဆလေးရှင်းအသင်းသားများအား ကျေးဇူးတင်ခြင်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ခရစ်ယာန်တို့အားမိုင်းမတော်မူသော မယ်တော်သခင်မပွဲ၊ တနင်္ဂနွေနေ့၌ အာဂျင်တီနားနိုင်ငံ၊ Buenos Aires တွင်ဖွင့်လှစ်သော ဆလေးရှင်းကျောင်းတွင် (၆)တန်းပညာသင်ကာလ၊ ကလေးဘဝကို ပြန်လည် သတိယအောက်မေ့ခဲ့သည်။

"ဂျက်ဇွစ် ပုပ်ရဟန်းမင်းကြီး၌ ဆလေးရှင်းအမြစ်တွယ်နေသည်။" ဟု ပြောရလျှင် မှားလိမ့်မည်မထင်ပါ။ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် မေလ (၂၄)ရက်၊ တနင်္ဂနွေနေ့၊ ခရစ်ယာန်တို့အား မှိုင်းမတော်မူသော မယ်တော်သခင်မပွဲ နေ့သည် ဆလေးရှင်းအသင်းဂိုဏ်း၏ အရေးကြီးသော ပွဲနေ့ကြီးဖြစ်ကြောင်း အရိပ်အမြွတ်ပေး၍ ပြောကြားခဲ့ပါသည်။

ဗာတီကန်တွင် နေ့ခင်းပိုင်း မေတ္တာဆိုပြီးနောက် ပုပ်ရဟန်းမင်းကြီးသည် "ယနေ့၊ ခရစ်ယာန်တို့အားမှိုင်းမတော်မူသော မယ်တော်သခင်မပွဲနေ့တွင် ဆလေးရှင်းအသင်းသူ/သားများအားလုံးကို ချစ်ချစ်ခင်ခင်၊ ရင်းရင်းနှီးနှီး နှုတ်ဆက်ပါကြောင်း ဒွန်ဘော့စကိုရဲ့ သား၊ သ္မီးများထံမှ ရရှိခဲ့သည့် ဝိညာဉ်ရေးဆိုင်ရာ သင်တန်းပေးခြင်းကာလကို ပြန်တွေးတိုင်း ကျေးဇူးအထူးတင်မိပါကြောင်း" မြွတ်ကြားခဲ့ပါသည်။

ရဟန်းမင်းကြီး ဆလေးရှင်းကျောင်း၌နေစဉ်ခရစ်ယာန် တို့အားမှိုင်းမတော်မူသော မယ်တော်သခင်မ၏ ဂုဏ်ပုဒ်အောက်၌ သန့်ရှင်းသောမယ်တော် မာရီးယားသည်၊အီတလီနိုင်ငံ မြောက်ပိုင်းရှိ တူရိန်မြို့တွင် (၁၈၅၉)ခုနှစ်တွင် လူငယ်များကို အစေခံရန်အတွက်၊ ဒွန်ဘောစကိုတည်ထောင်သည့် သူတော်စင်ဂိုဏ်းဖြစ်သော ဒွန်ဘောစကို ၏ ဆလေးရှင်းအသင်းသူ/သားများအားကိုးရသောသူဖြစ်ပါသည်။
ရဟန္တာ ဒွန်ဘော့စကိုကိုယ်တိုင် မယ်တော်အား အပ်နှံ၍ တည်ထားသော ခရစ်ယာန်တို့အားမှိုင်းမတော်မူသော မယ်တော်သခင်မ ဘုရားကျောင်းတော်ကြီးသည် ဒွန်ဘော့စကို၏ ဆလေးရှင်းအသင်းသူ/သားများ၏ အသဲနှလုံးအဖြစ် ကျန်ရှိနေသည်။ Argentine ပုပ်ရဟန်းမင်းကြီး တနင်္ဂနွေနေ့တွင် မိန့်ကြားခဲ့သော ငယ်ရွယ်စဉ်ကတည်းက ဒွန်ဘောစကို၏ ဆလေးရှင်းအသင်းသူ/သားများ၏ လွမ်းမိုးမှုအကြောင်းပြောကြားခြင်းသည် ပထမအကြိမ် မဟုတ်တော့ပေ။

တူရိန်မြို့၊ ဇွန်လ (၂၂)၊ ၂၀၁၅

ပုပ်ရဟန်းမင်းကြီးသည် တူရိန်မြို့သို့ ဇွန်လ (၂၂)၊ ၂၀၁၅ တွင်သွား ရောက်လည်ပတ်ခဲ့ရာ၊ ဩဂုတ်လ (၁၆)ရက်၊ (၁၈၁၅) တွက်မွေး၍၊ ဇန်နဝါရီလ (၃၁)ရက်၊ (၁၈၈၈)ခုနှစ်တွင် ပျံလွန်ခဲ့သော ဒွန်ဘော့စကို၏ နှစ် (၂၀၀) ပြည့်မွေးနေ့အထိမ်းအမှတ် မစ္ဆာတရားတော်မြတ်တွင်ပါဝင်ပူဇော်ခဲ့သည်။ ထိုသို သွားရောက်လည်ပတ်စဉ်တွင် ဆလေးရှင်းအသင်းသားများနှင့်၊ ဒွန်ဘော့စကိုနှင့် Saint Mary Mazzarello တို့တည်ထောင်ခဲ့သော ဆလေးရှင်းသီလရှင်များခေါ် ခရစ်ယာန်တို့အားမှိုင်မတော်မူသောသခင်မ၏ သမီးငယ်များအားတွေ့ဆုံခဲ့လေသည်။

လူငယ်များအတွက် ဒွန်ဘော့စကို၏ သာသနာလုပ်ငန်းကို ပြောကြားရာ၌ ပုပ်ရဟန်းမင်းကြီးသည် ငယ်စဉ်အခါက အမေဖြစ်သူနေမကောင်းသဖြင့် ပြည်သူပိုငကျောင်း မှ ဆွဲထုတ်ခံရကာ၊ ဆလေးရှင်းများနှင့် စာသင်ရန်တစ်နှစ်နေခဲ့ရသည်။ မိမိမိသားစုဝင်နှင့် ဆလေး ရှင်း အသင်းသူ/သားများရင်းနှီးမှုကို ပြန်လည် မိန့်ကြားခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် ဆလေးရှင်း အသိုင်း အဝိုင်းနှင့် နေခဲ့စဉ်အခါက သူတို့နှင့်ရင်းနှီးကျွမ်းဝင်မှုများ၊ သူဆေးကြောခြင်းခံသည့်အချိန်မှစ၍ ခေါ်တော်မူခြင်း သိရှိ၍ ဂျက်ဇွစ်အသင်းဂိုဏ်းသို့ သွားရောက်သည့်အချိန်ထိတိုင်၊ သူ့အားဂရုစိုက်ပေးခဲ့သော ဘုန်းတော်ကြီး၏ ကျေးဇူးများကို ပြန်လည် ပြောကြားခဲ့ပါသည်။ ဆလေးရှင်းဘုန်းတော်ကြီးများဖြစ်ကြသော Fr.Enrico Pozzoli နှင့် Fr.Cayetano Bruno တို့ သည် ပုပ်ရဟန်း မင်းကြီး အရှင်သူမြတ်မှ အောက့်မေ့သတိရသောသူများဖြစ်သည်။

၂၀၁၃ ခူနှစ်တွင် "Evangelii Gaudium" အင်္ဂလိပ်လို "the joy of the Gospel" ဟူသည့် စာချွန်တော်ကို အရှင်သူမြတ်ပုပ်ဖရန်စစ်က ထုတ်ဝေခဲ့သလို ၊ ၂၀၁၉ ဇန်နဝါရီလတွင်လည်း “Evangelii gaudium with St John Bosco သို့ မဟုတ် လာတင်းလို "Evangelii gaudium con don Bosco" ”ဟုခေါ်သောစာအုပ်ထုတ်ဝေရာတွင် အရှင်သူမြတ်က နိဒါန်းရေးသားခဲ့ပါသည်။

အထက်ပါစာအုပ်သည် ဆလေးရှင်း အသင်းဝင်မိသားစု ၂၅ ဉီးတို့ထံမှရေးသားဝေမျှထားကြသည့် နေ့စဉ်အခက်အခဲများအကြားက ဒွန်ဘော့စကို၏ ရွှင်လန်းဝမ်းမြောက်ခြင်းစိတ်ဓာတ်ကို ရေးသားထားခြင်းဖြစ်သည်။

အာဂျင်တီးနားတွင် လူငယ်ဘဝ၌ ဆလေးရှင်းများကျောင်းတွင် ပညာသင်ယူခဲ့ခြင်းနှင့် ဆလေးရှင်းမိသားစု နှင့် ဆက်နွယ်ခဲ့ပုံကို အရှင်သူမြတ်က ပြန်ပြောင်းသတိယ ခဲ့သည်။

လှပခြင်းတရား၊ အလုပ်အကိုင်နှင့် ရွှင်လန်းတက်ကြွခြင်း များသည် ဆလေးရှင်းများပုံသွင်းပေးလိုက်သည့် အချက်များဖြစ်ကြောင်းနှင့် ဒီအချက်တွေဟာ လည်း ဆလေးရှင်းများရဲ့ ခေါ်တော်မူခြင်း ဖြစ်တယ်လို့
“Evangelii gaudium with St John Bosco" စာအုပ်နိဒါန်းတွင် အရှင်သူမြတ်ပုပ်ဖရန်စစ်က ရေးသားခဲ့သည်။

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

https://bit.ly/2yFjwgJ
 

Add new comment

8 + 10 =