ပုပ်ရဟန်းမင်းကြီးသည်ဗာတီကန်လူနာတင်ယာဉ်တစ်စီးကိုရောမမြို့ရှိအိမ်ရာမဲ့များအတွက်လှူဒါန်း

ပုပ်ရဟန်းမင်းကြီးသည်ဗာတီကန်လူနာတင်ယာဉ်တစ်စီးကိုရောမမြို့ရှိအိမ်ရာမဲ့များအတွက်လှူဒါန်း

ပုပ်ရဟန်းမင်းကြီးသည်ဗာတီကန်လူနာတင်ယာဉ်တစ်စီးကိုရောမမြို့ရှိအိမ်ရာမဲ့များအတွက်လှူဒါန်း

ထိုနေ့ကားသန့်ရှင်းသောဝိညာဉ်တော်ဘုရားပွဲနေ့တနင်္ဂနွေနေ့နံနက်ဖြစ်ပါသည်။ ပုပ်ရဟန်းမင်း ကြီးဖရန်စစ်သည်ဗာတီကန် ၏လူနာ တင်ယာဉ်ကိုကောင်းကြီးပေးနေသည်။ ထိုယာဉ်ကိုရောမမြို့အနှံ့၌ အခြေအနေမဲ့စွာသွားလာအိပ်စက်နေကြသူများ ၏အရေးပေါ်အခြေအနေတွင် သယ်ယူပို့ဆောင်ရန်ဖြစ် သည်။ ထိုယာဉ်ကိုရဟန်းမင်းကြီး၏ကရုဏာရေးလုပ်ငန်းရုံးတော်အကြီးအကဲဖြစ်သူကာဒီနယ် Konrad Krajewski ထံသို့ပေးအပ်ထားသည်။ ဗာတီကန်သတင်းဌာန၏ကြေငြာချက်အရ ထိုလူနာတင်ယာဉ် သည်ဗာတီကန်လေတပ်ပိုင်သော ယာဉ်ဖြစ် ကြောင်း၊ ဗာတီကန်၏နံပါတ်ပြားနှင့်ဖြစ်ကြောင်း၊ ယနေ့မှစ ၍အလွန်ချို့တဲ့သော၊ အဖွဲ့အစည်းများလက်လှမ်းမမှီသော၊ လစ်လျူရူထားသောအခြေအနေ မဲ့သူများ ကိုကူညီရန်သာဖြစ်သည်။

စွန့်ပစ်ခံများနှင့်အထီးကျန်စံနေသူများ
ထိုကြေငြာချက်ထဲ၌ Modesta Valenti ၏စိတ်ကြေကွဲဖွယ်အခြေအနေကိုပြန်လည်အမှတ်ရ ဖော်ပြထားသည်။ သူသည်အိမ်ရာမဲ့ သက်ကြီးအမျိုးသမီးတစ်ဦးဖြစ်သည်။ ရောမမြို့ရှိလမ်းတစ်လမ်း ကိုလည်းသူ၏အမည်ဖြစ်ဂုဏ်ပြုထားသည်။ သူ၏အဖြစ်ကားလွန်ခဲ့သော (၁၉၈၃၊ ဇန်နာ၀ရီလ၊ ၃၁) မေးရိုက်၊ အရိုးကွဲ၊ ချင်ဆီခဲမတတ်အေးသောနေ့ညများစွာကိုအကာအရံမဲ့သောရထားဘူတာရုံ၌အိပ် စက်ရာမှအ သည်းအသန်နေထိုင်မကောင်းဖြစ်လာခဲ့သည်။ သူ၏ဆိုးရွားသောအခြေ အနေကိုမြင်တွေ့ ရသောလမ်းသွားလမ်းလာများကလူနာတင် ယာဉ် ခေါ်ပေးရန်အကြိမ်ကြိမ်ကြိုးစားခဲ့သည်။ သို့သော်သူ ၏တစ်ကိုယ်ရည်သန့်ရှင်းရေးမရှိခြင်းကြောင့်ကူညီရန်ငြင်းဆန်ခဲ့သည်။ လေးနာရီကြာ မှလူနာတင်ယာဉ် ရောက်လာမည်ကိုစောင့်စားရင်းဆေးရုံတစ်ရုံပြီးတစ်ရုံသို့တင်ရန်ကြိုးစားခဲ့သည်။ သို့သော်သူ့အားတာ ၀န်ယူကုသပေးရန် ငြင်းဆိုခဲ့ကြသည်။
နောက်ဆုံး၌ကြမ်းပြင်ပေါ်၌သာချထားခဲ့ရသည်။ သူသည်လူနာ တင်ယာဉ်ရောက်မလာခင်၌ပင်ဆုံးပါးသွားခဲ့သည်။

အဖွဲ့အ စည်း၏တစ်စိတ်တစ်ပိုင်း
ယနေ့ကောင်းကြီးပေး၍အပ်နှံလိုက်သောလူနာတင်ယာဉ်သည် အိမ်ရာမဲ့များအပြင်ရဟန်းမင်း ကြီး၏ကရုဏာရေးလုပ်ငန်းအားတာ ၀န်ယူထားသောကာဒီနယ်၏စီမံမူဖြင့်အခြားသောလိုအပ်ချက်များ အတွက်လည်းအသုံးပြုမည်ဖြစ်သည်။ ၄င်းထဲတွင်ရွေ့လျားဆေးခန်းလည်း ပါရှိပြီး၊ ရောမမြို့နှင့်ရောမ နှင့်အနီးတဝိုက်မြို့နယ်များအတွင်းရှိချို့တဲ့နွမ်းပါးများကိုစောင့်ရှောက်ပေးမူများပါ၀င်သည်။ ဤ၀န် ဆောင်မူတွင် ‘သနားခြင်း၏မယ်တော်’ ဆေးခန်းလည်းပါ၀င်ပြီး၊ စိန့်ပီတာရင်ပြင်၏မုခ်ဦးတစ်ဖက်၌ ဖွင့်လှစ်ထားရှိမည်ဖြစ်သည်။ အထက်ကဆိုခဲ့သည့်အ တိုင်းပထမဦးစားပေး၀န်ဆောင်မူကိုအမှန်တ ကယ်ချို့တဲ့နွမ်းပါးသူများနှင့်အိမ်ရာမဲ့နေသူများအားပေးမည်ဖြစ်သည်။

ဘာသာပြန်ဆိုသူ-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3eMattG

Add new comment

1 + 7 =