ပုပ်ဖရန်စစ်မှ တရုတ်ပြည်အား မယ်တော်ထံ ကိုးစားအပ်နှံကာဆုတောင်း

ပုပ်ဖရန်စစ်မှ တရုတ်ပြည်အား မယ်တော်ထံ ကိုးစားအပ်နှံကာဆုတောင်း

ပုပ်ဖရန်စစ်မှ တရုတ်ပြည်အား မယ်တော်ထံ ကိုးစားအပ်နှံကာဆုတောင်း

လူဉီးရေသိပ်သည်းတဲ့ ကမ္ဘာ့နိုင်ငံတခု ဖြစ်တဲ့ တရုတ်ပြည်ဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလင်းကျေးဇူးတော်ရရှိစေရန်ဆုတောင်းကြဘို့ တရုတ်ပြည်ကက်သလစ်ဘာသာ၀င်များအားအရှင်သူမြတ်က ဖိတ်ခေါ်ကာ၊ ကညာစင်မယ်တော်ထံ တနင်္ဂနွေနေ့က အပ်နှံဆုတောင်းပေးခဲ့ပါတယ်။

ချစ်လှစွာသော တရုတ်ပြည်မှ ကက်သလစ်ဘာသာ၀င်သားသမီးအပေါင်းတို့ သင်တို့ရဲ့ပူပင်သောက ဒုက္ခများစွာအတွက် ကမ္ဘာပေါ်ရှိ သာသနာတော်ကြီးတခုလုံးက အတူရှိလျှက်ဆုတောင်းပေးနေပါတယ်လို့ Regina Caeli မေတ္တာရွတ်ဆိုခြင်းအပြီး မေလ ၂၄ ရက်နေ့မှာ အရှင်သူမြတ်ကမြွက်ကြားခဲ့တာဖြစ်ပါတယ်။

ခရစ္ဆတီယာန်တို့အားမှိုင်းမတော်မူသော မယ်တော်၏ ပွဲနေ့ကို ကျင်းပနေ့ကြသည့် တရုတ်ပြည်မှသားသမီးများကို ၄င်း၏ အထူးကောင်းကြီးမင်္ဂလာကိုလည်း အရှင်သူမြတ်က ပေးခဲ့ပါတယ်။ ရှန်ဟိုင်းမှာရှိတဲ့ ရှိရှဲန် မယ်တော့်ဗိမာန်တော်ဟာ ခရစ္ဆတီယာန်တို့အားမှိုင်းမတော်မူသော မယ်တော်ဗိမာန်တော်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကိုထိန်းချုပ်နိုင်ရန်အတွက် ဘုရားဖူးများ၀င်ရောက်ခွင့်မရပဲ ရှန်ဟိုင်းသာသနာမှ ဆက်လက်ပိတ်ထားဆဲရှိသည်ဆိုခြင်းကို CNA သတင်းအရ သိရှိရပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊SJA

https://bit.ly/36rfDIN

Add new comment

1 + 1 =