ပင်တီကော့စ် ပွဲနေ့ကြီးသည် ကျွန်ုပ်တို့လူသားများ၏ ထူးခြားသော ကွဲပြားခြားနားမှုကို စိန်ခေါ်...

ပင်တီကော့စ် ပွဲနေ့ကြီးသည် ကျွန်ုပ်တို့လူသားများ၏ ထူးခြားသော ကွဲပြားခြားနားမှုကို စိန်ခေါ်...

ပင်တီကော့စ် ပွဲနေ့ကြီးသည် ကျွန်ုပ်တို့လူသားများ၏ ထူးခြားသော ကွဲပြားခြားနားမှုကို စိန်ခေါ်...

သခင်ခရစ်တော်၏ ဝိညာဉ်တော်သည် ကျွန်ုပ်တို့အထဲ၌ အမှန်တကယ်ရှိခဲ့လျှင် အဘယ့်ကြောင့် ကျွန်ုပ်တို့ အာဖရိကနိုင်ငံ၌ ခရစ် ယာန်ခေါင်းဆောင်များသည် ဩဇာအာဏာများ ပိုင်ဆိုင်နေကြပြီး လူများမှာမူ အဖတ်ဆယ်၍ မရအောင်မွဲတေသောဘဝကို ရှင်သန်ရပါသနည်း?

Fr. Enobong Paulinus U doiding -Rome, Italy
လူသားအားလုံးတန်းတူပြောနိုင်သည့် စကားသည် မည်သည့်ဘာသာစကားဖြစ်သနည်း?..

ဘုရားရှင်၏ ပုံသဏ္ဏာန်တော်နှင့်အညီ ဖန်ဆင်းထားသော လူသားအားလုံး၊ တန်းတူပြောနိုင်သောစကား နှင့် ရင်းနှီးသောဘာသာ စကားမှာ ချစ်ခြင်းမေတ္တာပင်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၌ ကျွန်ုပ်တို့အားလုံးသည် တစ်လုံးတစ်ဝတည်းရှိကြပြီး အများကောင်းကျိုးအတွက် တစ်စုတည်းချည်နှောင်ထုံးဖွဲ့ထားခြင်းဖြစ်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားဆင်းကြွသောပွဲနေ့၌ ဖတ်ကြားသော ဒုတိယ ကျမ်းစာသည် ကျွန်ုပ်တို့ကို ဘုရားပေးသော ကွဲပြားခြားနားတဲ့ကျေးဇူးတော်များ၏ အနှစ်သာရကို သတိမူစေပါသည်။

#ယုဒလူမရှိ၊ လူမျိုးခြားမရှိ၊ ကျွန်လဲမရှိ၊ လူလွတ်လဲမရှိ။#
အများကောင်းကျိုးအတွက် ကျွန်ုပ်တို့သည် ထူးခြားစွာ ဖန်ဆင်းထားပြီး၊ ကျေးဇူးတော်အမျိုးမျိုးကို ပေးထားပါသည်။ ခန္ဓာကိုယ်၌ အစိတ်အပိုင်းများစွာ တည်ရှိသကဲ့ သို့ ကျွန်ုပ်တို့သည်လည်း သခင် ခရစ်တော်၌ တစ်လုံးတစ်ဝတည်း တည်ရှိလျက်ရှိကြောင်း၊ သခင်ခရစ်တော်၌ ယှဉ်ပြိုင်ရန်အတွက်အခန်းမရှိကြောင်း.အစေခံရာ၌ သာခြင်း နိမ့်ခြင်းမရှိကြောင်း။ လူအားလုံးသည် ဘုရားရှင်၏ ချစ်ခြင်းမေတ္တာတော်နှင့် နီးစပ်သောသူများ၏ ချစ်ခြင်းမေတ္တာတို့ဖြင့်ပြည့်ဝစေမည်ဖြစ်ကြောင်း ကျွန်ုပ်တို့၏ မျှော်မှန်းချက်သည် သန့်ရှင်းသောဝိညာဉ်တော် အားဖြင့်ဘုရား သခင်ရဲ့ရှေ့မှောက်မှာယုဒလူမရှိ၊ လူမျိုးခြားမရှိ၊ ကျွန်လဲမရှိ၊ လူလွတ်လဲမရှိ၊ ယောက်ျားလဲမရှိ၊ မိန်းမလဲမရှိ။

သခင်ခရစ်တော်၌ ကျွန်ုပ်တို့အားလုံးက တစ်လုံး တစ်ဝတည်းတည်ရှိကြပြီး ချစ်ခြင်းမေတ္တာနှင့် စည်းလုံးခြင်းသည် ကျွန်ုပ်တို့၏ ဆောင်ပုဒ်ဖြစ်သည်။
ဘုရားရှင်ထံမှာ အနှစ်သက်ဆုံးအရာသည် မရှိ။။ ဘာသာစကားတိုင်း၊လူတိုင်းနှင့် လူမျိုးတိုင်းကို ဘုရားရှင်ပိုင်သည်။ ကျွန်ုပ်တို့ မိမိကိုယ့်ကိုယ် ချစ်သည်ထက် ဘုရားသခင်ပိုချစ်ပါသည်။ ပင်တီကော့စ်ပွဲနေ့မှာ ရှေ့ခေတ်ကလူတွေ မည်သို့ ကြုံတွေ့ခဲ့ကြရသနည်း? ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံအသီးသီးသည် သူတို့ဘာသာစကားဖြင့် ကြားခဲ့ကြရသည်။

"အာဖရိကခေါင်းဆောင်များသည် ဘုရားပေးသော သဘာဝအရင်း အမြစ် လက်ဆောင်များကို အများအတွက် အသုံးပြုသင့်သည်။" #
ထိုသို့အားဖြင့် ကျွန်ုပ်တို့ သခင်ခရစ်တော်၏ စိတ်ဓာတ်ကို အမှန်ပိုင်ဆိုင်ကြမည်ဖြစ်သည်။ မည်သည့်အတွက်ကြောင့် ကျွန်ုပ်တို့သည် သခင်ခရစ်တော်၏ ခန္ဓာကိုယ်၌ စိတ်ဝမ်းကွဲပြား ရသနည်း? နေအိမ်များ၊ မိသားစုများကွဲပြားနေခြင်း၏ နောက်ကွယ်တွင် မည်သည့်အကြောင်းပြချက်မျာပါးရှိနေပါသနည်း?။ လူမျိုးရေးဆိုင်ရာ ပဋိပက္ခများ အဘယ်ကြောင့်ဖြစ်ရသနည်း?။ ကျွန်ုပ်တို့ အာဖရိကနိုင်ငံ၌ ခရစ်ယာန်ခေါင်းဆောင်များသည် ဩဇာအာဏာများ ပိုင်ဆိုင်နေကြပြီး လူတွေမှာ အဖတ်ဆယ်မရအောင် အဘယ့်ကြောင့် မွဲတေသည့်ဘဝကို ရှင်သန်ရသနည်း? ဘုရားရှင်အားဖြင့် တိုက်ကြီးမျာအပေါ် ပေါများကြွယ်ဝစွာပေးသော သဘာဝနှင့် လူ့စွမ်းအားအရင်းအမြစ်များအလယ်တွင် ဤအခြေအနေသည် မည်သို့ဖြစ်နိုင်ပါသနည်း?လူတိုင်းသည်မတူညီနိုင်ပေ။ ကျွန်ုပ်တို့သည် အခြားသူများနှင့်မတူအောင် သီးခြားသော ကျေးဇူးတော်ပေးထားပါသည်။ သို့သော် အများကောင်းကျိုးအတွက် ဆောင်ရွက်ကြရမည်ကို သိမှတ်ကြရပါမည်။ ဘုရား၏ ကြီးမားသော လုပ်ဆောင်ချက်များကို ချီးမွမ်းရန် ဘုရားပေးသောကျေးဇူးတော်များကို အစဉ်အမြဲ အသုံးပြုကြရမည်။

ဤပင်တီကော့စ်ပွဲတော်နေ့ရက်မှာ သင်တို့ရရှိထားတဲ့ ကျေးဇူးတော်နှင့် ဘယ်အရာကို အမှန်တကယ်ပြုလုပ်ကြပါသလဲ?။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့ အသီးတော်များထဲမှ ဘယ်အသီးတော်ကို သင်တို့တိုးတက်အောင်ပြုလုပ်ကြသလဲ? ချစ်ခြင်းမေတ္တာလား? ဝမ်းမြောက်ခြင်းလာ? ငြိမ်းချမ်းခြင်းလာ? စိတ်ရှည်ခြင်းလာ? တစ်ခြားသူများအား နားလည်တတ်ခြင်းလာ? သနားကြင်နခြင်းလာ? သစ္စာရှိခြင်းလာ? နူးညံ့သိမ်မွေ့ခြင်းလာ? ဒါမှမဟုတ် မိမိကိုယ်ကို ချုပ်တည်းနိုင်ခြင်းလာ?

အရောင်အဆင်းနှင့်လူမျိုးခွဲခြားခြင်းမပြုပဲ နောက်ဆုံး၌ ကျွန်ုပ်တို့အားလုံးသည် တစ်လုံးတစ်ဝတည်းတည်ရှိကြသည်။

ပင်တီကော့စ်သည် ခရစ်ယာန်တိုင်းအား ပြောင်းလဲခြင်း၏ အသီးကို သီးရန်အတွက် ခရစ်ယာန်အသက်တာ၏ ခေါ်တော်မူခြင်း ကိုပြန်စသောနေ့၊ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကို ရဲရဲဝံ့ဝံ့ဝန်ခံ ကြတဲ့နေ့၊ ဘုရားရှင်၏ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသောနေ့ဖြစ်ပါသည်။ ပင်တီကော့စ်ပွဲနေ့သည် သန့်ရှင်းသောဝိညာဉ်တော်ဘုရားနှင့်အတူ စုရုံးရသောနေ့၊ လူသားများအနေဖြင့် အသားအရောင်၊ လူမျိုး၊ နိုင်ငံ၊ ဘာသာစကား မည်သို့ပင်ရှိစေ၊ တူညီသော ရည်ရွယ်ချက်တစ်ခုတည်း၌ တစ်လုံးတစ်ဝရှိခြင်းကို သက်သေခံရသောနေ့ဖြစ်ပါသည်။

ဘာသာပြန်ဆိုသူ-
Sr.Lucy Ciang,SJA

https://bit.ly/2z7qcEC

Add new comment

4 + 4 =