"ဆုတောင်းခြင်းသည် ပြန်လည်ရှင်သန်ခြင်း၏ ပန်းပွင့်များကို ပျိုးထောင်ပေးသည်။"

"ဆုတောင်းခြင်းသည် ပြန်လည်ရှင်သန်ခြင်း၏ ပန်းပွင့်များကို ပျိုးထောင်ပေးသည်။"

"ဆုတောင်းခြင်းသည် ပြန်လည်ရှင်သန်ခြင်း၏ ပန်းပွင့်များကို ပျိုးထောင်ပေးသည်။"

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်သည် ဗုဒ္ဓဟူးနေ့၌ လူထုပရိတ်သတ်တွေ့ဆုံရာနေရာမှာ ယုံကြည်သူများအား "ကျွန်ုပ်တို့၏ နေ့စဉ်အသက်တာ၌ နတ်ဆိုး၏ နှောင့်ယှက်ခြင်းများ တွေ့ကြုံနေရသော်လည်း လူ့သဘောသဘာဝနှင့်
စပ်လျှင်း၍ ဘုရားသခင်၏ အကြံအစည်သည် ကောင်းကျိုးအတွက်သာ ဖြစ်သည်။" ဟု မြွတ်ကြားခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် ကမ္ဘာဦးကျမ်းစာထဲမှ နတ်ဆိုး၏ ဖြစ်ပေါ်လာပုံ/ ကျယ်ပြန့်လာ ပုံ နှင့် မျိုးရိုးစဉ်ဆက်တစ် လျှောက်တွင် ဖြစ်တည်လျက်ရှိသော အပြစ်အကြောင်း ကိုဖော်ပြရေးသားထားသော ပုံပြင်နှစ်ခုကို ထည့်သွင်းမိန့်ကြားခဲ့ပါသည်။

ပထမအပိုင်း၌၊ ကမ္ဘာဦးကျမ်းပထမအခန်းတွင် အာဒံနှင့် ဧဝ အကြောင်းကို ဖော်ပြထားသည်။ ဘုရားရှင်၏ ရည်ရွယ်ချက်အပေါ် သံသစိတ်ဝင်ခြင်းမှ "သူတို့နှလုံးသားသည် နတ်ဆိုး၏ ဖျားယောင်းမှုကို ခံကြရသည်။ သို့သော် သူတို့တွေ့ကြုံရသည်မှာ ဆန့်ကျင်ဘက်သို့ ဦးတည်သည်" ဟု ပုပ်ရဟန်းမင်းကြီးမိန့်တော်မူခဲ့သည်။
ဒုတိယအပိုင်း၌၊ ကမ္ဘာဦးကျမ်း အခန်းကြီး -(၄)တွင်၊ ကိန်းနှင့် အေဗဲလ် အကြောင်းကို ဖော်ပြထား သည်။ ကိန်းသည် ညီဖြစ်သူအား
မနာလိုစိတ်ဖြစ်၍ ပြိုင်ဘက်ဟု မြင်သည်။ နတ်ဆိုးသည် သူ့စိန်နှလုံးထဲ၌ ဝင်သော်လည်း ကိန်းသည် မကောင်းသောစိတ်ကို မထိန်းချုပ်နိုင်ခဲ့သောကြောင့် လူသတ်သမားအဖြစ်သို့ ကျရောက်စေခဲ့သည်။ ကိန္ဒ ၏ သားစဉ် မြေးဆက်များသည် အနုပညာနှင့်လက်မှုပညာကို ဖွံ့ဖြိုးစေသကဲ့သို့ ပျက်စီးခြင်းကိုလည်း ဖွံ့ဖြိုးစေသည်။" ဟု ရဟန်းမင်းကြီးမိန့်တော်မူခဲ့သည်။
ယနေ့ထိတိုင် ဤကမ္ဘာပေါ်၌ နတ်ဆိုး၏ တည်ရှိနေခြင်းကို ကျွုန်ုပ်တို့ခံစားရသည်။
ပုပ်ရဟန်းမင်းကြီးသည် ကျမ်းစာ၌ ရေးသားထားသော တတိယအပိုင်းကို ဆက်လက်မိန့်ကြားသည်မှာ -မပေါ်လွင်မထင်ရှားရှိသောသူများ၊ အများထက်ပို၍နှိမ်ချသောသူများ၊ ဘုရားတရားကြည်ညိုစေားသောသူတို့သည် မျှော်လင့်ခြင်း၏
ရွေးနှုတ်ခြင်းကို ကိုယ်စားပြုကြောင်း၊ ထိုရွေးနှုတ်ခြင်း၌ အေဗဲလ်၊ စဲသ်၊ ဧနောက် နှင့် နောဧစသော လူများ ဘုရားရှင်အား ရိုးသားစွာ၊စိတ်နှလုံးနှိမ့်ချစွာ ဆုတောင်းကြသောသူများ ၏ ဘဝဇာတ်ကြောင်းများပါဝင်ကြောင်း မိန့်ကြားခဲ့ပါသည်။

#ငြိမ်းချမ်းခြင်းကို ဖြစ်ပေါ်စေသော ဆုတောင်းခြင်း၏ တန်ခို:#

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် ငြိမ်းချမ်းခြင်းကို ဖန်တီးသူများအဖြစ် ကျမ်းစာ၊ ပထမစာမျက်နှာ၌ ဆုတောင်းကြသောသူများအကြောင်းကို ဖော်ထုတ်မြွတ်ကြားခဲ့သည်။ စိတ်နှလုံးရင်းဖြင့် ဆုတောင်းသောအခါ ဩတ္တပစိတ်၌ရှိသော မကောင်းသောအမူအကျင့်များမှလည်း လွတ်မြောက်စေသည်။ စစ်မှန်သော ဆုတောင်းခြင်းသည် ဘုရားရှင်သည် ကျွန်ုပ်တို့လူသားများ၏နှလုံး သားကို ကြည့်ရှုစောင့်ရှောက်ရန် ကျွန်တို့ဆီသို့ပြန်လှည့်လာရန် ဘုရားရှင်နှင့်အတူ တိုက်ရိုက် စူးစိုက်ကြည့်နေခြင်းဖြစ်သည်။ ဆုတောင်းခြင်းဆိုသည်မှာ လူတို့၏ အမုန်းတရားများသည် ခြောက်သွေ့သောသဲကန္တာရကို သာဖန်တီးနိုင်စွမ်းရှိသောအချိန်၌ ပြန်လည်ရှင်သန်စေသော ပန်းစိုက်ပျိုးထားသော ပန်းဘောင်များကို ပျိုးထောင်ခြင်းဖြစ်သည်။ ဆုတောင်းခြင်းသည် ဘဝ၏ မျိုးစေ့ နှင့် ဘုရားရှင်နှင့်အတဘူအပြန်အလှန် စကားပြောခြင်းဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်သည် သူကြားဖူးသောလူတစ်ဦး၏ ပုံပြင်တစ်ပုဒ်ကိုပြောကြားခဲ့ပါသည်။ ထိုလူမှာ အစိုးရခေါင်းဆောင်ဖြစ်ပြီး တစ်ချိန်က သူ့ကိုယ်သူ ဒီဋ္ဌိတစ်ယောက်ပါဟု ကြွေးကြော်ခဲ့ဖူးသူတစ်ဦးဖြစ်သည်။ ထိုလူက သူ့နှလုံးသား၌ ဘာသာ တရားဆိုသည့်အသိမရှိသော်လည်း သူငယ်ရွယ်စဉ်အချိန်ခါတွင် အဖွားဖြစ်သူ၏ ဆုတောင်းသံကို နား ထောင်ခဲ့ဖူးကြောင်း ပြောခဲ့သည်။ သူ့ဘဝခက်ခဲသောအချိန်၌ ၎င်းအဖြစ်အပျက်သည်သူ့စိတ်ထဲ၌ စွဲကပ်လာ၍ အဖွားဖြစ်သူ ရွက်ဆိုဆုတောင်းခဲ့သည့် မေတ္တာအတိုင်းသူရွက်ဆိုခဲ့သည်။ ထိုအချိန်၌ သူသည် သခင်ခရစ်တော်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ဆုတောင်းခြင်းသည် ဘဝ၏ သံကြိုးတစ်ကွင်းဖြစ်ကြောင်း သူရှိခဲ့သည်။

ပုံပြင်နှင့်ချိတ်ဆက်၍ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က ဆုတောင်းခြင်းသည် ဘဝ၏ မျိုးစေ့တစ်ခုဖြစ်သောကြောင့် ကလေးငယ်များအား ဆုတောင်းတတ်ရန် သင်ကြားပေးခြင်းသည် အရေးကြီးကြောင်း မိန့်ကြားခဲ့ပါသည်။ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်သည် ခရစ္စတူးအမှတ် အသားမလုပ်တတ်သော ကလေးသူငယ်များကိုတွေ့မြင်ရလျှင် လွန်စွာဝမ်းနည်းရကြောင်း မိဘများမှ မိမိတို့ သားသမီးများအား ဆုတောင်းတတ်ရန် သင်ကြားပေးသင့်ကြောင်းလည်း တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။ ကလေးငယ်များသည် မေ့လျော့တတ်၍ အခြားသောလမ်းကို ရွေးချယ်တတ်သည်မှန်သော်လည်း၊ ဆုတောင်းခြင်းသည်ကား သူတို့၏ စိတ်ထဲ၌ ခိုင်မြဲစွာကျန်ရစ်တတ်သည်။ ဆုတောင်းခြင်းသည် ဘုရားရှင်နှင့်အတူ အပြန် အလှန် စကားပြောဆိုရသော၊ ဘဝ၏ မျိုးစေ့တစ်ခုဖြစ်
ပေသည်။ ဆုတောင်းခြင်းသည် ကျောက်သားကဲသို့မာကြောသောနှလုံးသားများကို နူးညံ့သောနှလုံးသားအဖြစ်သို့ ပြောင်းလဲပေးသည်။ ထို့ကြောင့် သမိုင်းတစ်လျှောက်တွင် ဆုတောင်းခြင်း၌ အားထုတ်ကြသော ဖြောင့်မတ်သောသူများသည် အထင်လွဲခံရ သို့မဟုတ် အပယ်ခံခဲ့ကြရသည်။ ထိုသူတို့သည် ကမ္ဘာကြီးအတွက် ပူဇော်ဆုတောင်းကြသည်။

ဘုရားရှင်၏ တန်းခိုးတော်သည် ကုသခြင်းနှင့် ကြီးပွားတိုးတက်ခြင်းများ ယူဆောင်လာရန် ဆုတောင်းကြသည်။ ထိုသို့သော ဘုရားတရားကြိုးစားထုတ်သူများ၏ ဆုတောင်းသံများကြောင့်ပင်လျှင် ကမ္ဘာကြီးသည် ဆက်လက် ရှင်သန်လျက် ဖွံ့ဖြိုးတိုးတက်လျက်၊ ဘုရားရှင်၏ ကျေးဇူးတော်ကို ကျေးဇူးတင်ချီးမွမ်းလျက် ရှိသည်။

နိဂုံးချုပ်

ထိုသို့သော ဘုရားတရားကြိုးစားထုတ်သူများကြောင့်သာလျှင် ဘုရားရှင်၏ သမိုင်းလမ်းတစ်လျှောက်ကို လူသားမျိုးနွယ်တို့အား သူတို့၏ ကျောက်သားကဲသို့ မာကြောသော နှလုံးသားများကို နူးညံ့သောနှလုံးသားအဖြစ်သို့ ပြောင်းလဲပေးနိုင်သောအရှင်၏ အကြောင်းကို လက်ဆင့်ကမ်းနိုင်ခဲ့သည်။"ဟူ၍ မြွတ်ကြားဆုံးမစကားဖြင့်အဆုံးသတ်ခဲ့ပါသည်။

ဘာသာပြန်ဆိုသူ- Sr.Lucy Ciang,SJA

https://bit.ly/2XkvKVo

Add new comment

3 + 16 =