စိန့်ပီတာ ရင်ပြင်တော်သို့ ဘုရားဖူးများပြန်လည်ဝင်ရောက်လာ

စိန့်ပီတာ ရင်ပြင်တော်သို့ ဘုရားဖူးများပြန်လည်ဝင်ရောက်လာ

စိန့်ပီတာ ရင်ပြင်တော်သို့ ဘုရားဖူးများပြန်လည်ဝင်ရောက်လာ

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ၆၉ ရက်ကြာ ပိတ်ထားခဲ့ရတဲ့ ဗာတီကန် မှ စိန့်ပီတာ ရင်ပြင်တော်နှင့် ကာသီဒြယ်ဟာ မေလ ၁၈ ရက်က စလို့ ပြန်လည် ဖွင့်လိုက်ပြီဖြစ်ပါတယ်။ စဖွင်ပြီဆိုတာနဲ့ မနက် ၇ နာရီ မှာတင် စိန့်ပီတာ ဘုရားကျောင်းတော်ဟာ လူအများကြီးဖြစ်နေပြီလို့ဆိုပါတယ်။ ပုပ်ရဟန်းမင်းကြီး ရဟန္တာဂျွန်ပေါလ် ရဲ့ နှစ်၁၀၀ ပြည့်မွေးနေ့တော် မစ္ဆားနဲ့ ၄င်းရဲ့အုတ်ဂူမှာ ပုပ်ဖရန်စစ် က ထိုနေ့က စတင် ဖွင့်ကာ မစ္ဆားဟောကြားခဲ့ပါတယ်။ Mask တွေကတော့ ဆက်လက်တပ်ထားကြရမြဲဖြစ်ကာ တဉီးနဲ့တဉီး အလှမ်းကွာ ထိုင်ကြရတာ၊ ဘုရားကျောင်းအဝင် လိုင်းနဲ့ တန်းစီကြရတာ၊ အဖျားတိုင်းခံကြရတာတွေ စတဲ့ စည်းကမ်းတွေလဲ ဆက်လက် လိုက်နာ၊ ဆောင်ရွက်နေ ကြဆဲဖြစ်ကြောင်း၊

ကာသီဒြယ်ကြီးများနဲ့ အီတလီတနိုင်ငံလုံးက ဘုရားကျောင်းများဟာ လူများ တန်းစီလို့ ပြည့်နေကြောင်း၊မီလန်က ဘုရားကျောင်းမှာတော့ ချစ်လှစွာသော သားသမီးများတို့ ရက်အကြာကြီးလွမ်းဆွတ်လျှက် ကျွန်ုပ်တို့ စောင့်နေခဲ့တာပါ လို့ ကြိုဆိုစကားဆိုထားကြောင်း နဲ့ ရဟန္တာဂျွန်ပေါလ် ကို စေလွှတ်ခြင်းအားဖြင့် ဘုရားရှင်သည် ၄င်း၏ သားသမီးများထံ ကြွလာတော်မူသည် လို့ စိန့်ပီတာ ဘုရားကျောင်းမှာ ပုပ်ဂျွန်ပေါလ်၏ ရာပြည့် မွေးနေ့တော်မစ္ဆားနဲ့ စတင်ဖွင့်လစ် ဟောကြားခဲ့တဲ့ သြဝါဒမှာ အရှင်သူမြတ်က ပုပ်ဖရန်စစ်က မြွက်ကြားခဲ့ကြောင်းကို ANSA သတင်းအရသိရှိရပါသည်။

စစ္စတာရ်လူစီယားသန္တာအောင်၊SJA
 

Photo and News credit: ANSA

https://bit.ly/2Zx4X9Q

Add new comment

5 + 2 =