ကိုရိုနာ ဗိုင်းရပ်(စ်)ကပ်ရောဂါဘေးကျရောက်နေသောကာလ၌ ကက်သ လစ် အသင်းတော်အနေဖြင့်အမိမယ်တော်ထံ၌စိတ်ပုတီး စိပ် ၍ဆု တောင်းကြရန် ပုပ်ရဟန်း မင်းကြီး ဖရန်စစ်မှ အားပေးတိုက်တွန်း

ကိုရိုနာ ဗိုင်းရပ်(စ်)ကပ်ရောဂါဘေးကျရောက်နေသောကာလ၌ ကက်သ လစ် အသင်းတော်အနေဖြင့်အမိမယ်တော်ထံ၌စိတ်ပုတီး စိပ် ၍ဆု တောင်းကြရန် ပုပ်ရဟန်း မင်းကြီး ဖရန်စစ်မှ အားပေးတိုက်တွန်း

ကိုရိုနာ ဗိုင်းရပ်(စ်)ကပ်ရောဂါဘေးကျရောက်နေသောကာလ၌ ကက်သ လစ် အသင်းတော်အနေဖြင့်အမိမယ်တော်ထံ၌စိတ်ပုတီး စိပ် ၍ဆု တောင်းကြရန် ပုပ်ရဟန်း မင်းကြီး ဖရန်စစ်မှ အားပေးတိုက်တွန်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဗာတီကန် ဥယျာဉ် အတွင်းရှိ လုဒ်(စ်) မယ်တော်ဂူတွင် စနေနေ့၌ စိတ်ပုတီးစိတ်၍ ဆုတောင်းမည့်အစီအစဉ်ကို တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ရာ ကမ္ဘာအရပ်ရပ်မှဘာသာဝင်များအနေဖြင့်လည်း မယ်တော်ဂူဗိမာန်တော်မှနေ၍ ဆုတောင်းရန်ပါဝင်နိုင်ကြသည်။
ကမ္ဘာတစ်ဝှမ်းလုံးမှဘာသာ၀င်များပုပ်ရဟန်းမင်းကြီးနှင့်အတူဆု တောင်းကြမည့်စိတ်ပုတီးစိတ်ခြင်း၏ ရည်ရွယ်ချက်မှာ ကိုရိုနာ ဗိုင်းရပ်(စ်)ကပ်ရောဂါဘေးဆိုးကြီးကျရောက်နေသောကာလအတွင်း၌ အမိမယ်တော်၏ကြားဝင်ဆု တောင်းပေးမှုနှင့်အတူနှစ်သိမ့်အားပေးခြင်းကို အသနားခံတောင်းလျှောက်မည်ဖြစ်သည်။
ဧဝံဂေလိသတင်းကောင်းကိုအသစ်သောနည်းဖြင့် ဟောကြားခြင်းဆိုင်ရာ ပုပ်ရဟန်းမင်းကြီးရုံးတော်ကောင်စီ ၏ ဥက္ကဋ္ဌ Archbishop Rino Fisichella မှပေးပို့ထားသောစာအရ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကို မေလ ၃၀ ရက်နေ့ ရောမစံတော်ချိန် ညနေ ၅ နာရီ ၃၀ မိနစ် ( မြန်မာစံတော်ချိန် နံနက် ၁၁ နာရီ ၃၀ မိနစ်) အချိန်မှာ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်သည်။
ကမ္ဘာတစ်ဝှမ်းလုံးမှ ဘာသာသူများအနေဖြင့် ဆုတောင်းရန် သတ်မှတ်ထားသောသန်ရှင်းရာနေရာများ၌ ဒေသတွင်းကျန်းမာရေးဌာနမှချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ မိမိတို့၏အစီအစဉ်
ဖြင့်စိတ်ပုတီးစိပ် ပြီးတစ်လုံးတဝတည်း ဆုတောင်းနိုင်ရန်အတွက် ရောမမြို့၏ စံတော်ချိန်အတိုင်း မိမိတို့၏နိုင်ငံအသီးသီး၌ ဆုတောင်းကြရန် ဘာသာသူများအားတိုက်တွန်းနှိုးဆော်ထားပါသည်။
ပုပ်ရဟန်းမင်းကြီး နှင့်အတူစိတ်ပုတီးစိပ်၍ဆုတောင်းခြင်းအစီအစဉ်ကိုအစမှအဆုံးတိုင်အောင်ပြည့်ပြည့်ဝဝ ပါဝင်နိုင်ဖို့ရန်အတွက် ဂြိုဟ်တု စလောင်းများမှသော် လည်းကောင်း၊ ဗာတီကန်၏ရုပ်
မြင်သံကြားအစီအစဉ်မှသော် လည်းကောင်းပါဝင်ကြရန် အသိပေးတိုက်တွန်းထားပါသည်။

ကိုရိုနာ ဗိုင်းရပ် (စ်) ကပ်ရောဂါဘေးကာလအတွင်း၌ ကက်သလစ်ဘာသာဝင်တို့၏ အထွတ်အမြတ် ထားရာ လူအများဆုတောင်းမေတ္တာပြုသည့်သန့်ရှင်းသော နေရာများအားပိတ်ထားခဲ့ရာ ပြင်သစ် နိုင်ငံ လုဒ် စ် မြို့မှ လုဒ်စ်မယ်တော်ဂူလည်းအပါအဝင်ဖြစ်ပြီး ဘာသာဝင်များဆုတောင်းနိုင်ရန်အတွက် အချို့နေရာများကိုသာ မေလ ၁၆ ရက်နေ့ကပြန်လည်ဖွင့်ပေးနိုင်ခဲ့ပါသည်။

ထို့အပြင်ပေါ်တူကီမြို့မှဖာတီမာမယ်တော်အားသဒ္ဒါကြည်ညိုခြင်းပြုရာနေရာကိုလည်းပိတ်ထားခဲ့ရပါသည်။ မေလ ၁၃ ရက်နေ့ ၁၉၁၇ ခုနှစ်မှ ဖာတီမာမယ်တော်ထင်ရှားပြခြင်း ၁ဝ၃ နှစ်ပြည့် နှစ်ပတ်လည်ဆုတောင်းခြင်းအခန်းအနားကို ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် သမိုင်း တစ်လျှောက်လုံး၌ လူထုပရိတ်သတ်မပါဘဲ ပထမဆုံးအကြိမ်ကျင်းပခဲ့ရသည်။

တမန်တော်ဝတ္ထုကျမ်း ၁: ၁၄ ' ထိုသူအပေါင်းတို့သည် ယေဇူး၏ မယ်တော်မာရိယားအပါအဝင် ၊ အမျိုးသမီးများ၊ ကိုယ်တော်၏ညီမများနှင့်အတူ တညီတညွတ်တည်းအဆက်မပြတ်ဆုတောင်းမေတ္တာပြုလျှက်နေကြသည်။' ကို ထောက်ရှု၍ ပုပ်ရဟန်းမင်းကြီး နှင့်အတူစိတ်ပုတီးစိပ်ခြင်းအစီအစဉ်အား ဧဝံဂေလိသတင်းကောင်းကိုအသစ်သောနည်းဖြင့် ဟောကြားခြင်းဆိုင်ရာ ပုပ်ရဟန်းမင်းကြီးရုံးတော်ကောင်စီ
မှစီစဉ်ခဲ့ကြသည်။

ကိုရိုနာ ဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဆုတောင်းမေတ္တာ ပြကြသောသန့်ရှင်းသောနေရာများ၌ ဆုတောင်းမေတ္တာပြုခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်းများရပ်ဆိုင်းသွားခဲ့ရသည်။ ထို့အပြင်ဘုရားဖူးခရီးစဉ်များသည်လည်းရပ်တံ့သွားခဲ့ရသည်။ ဤသို့သောအချိန်ကာလ၌ ပုပ်ရဟန်း မင်းကြီး သည် ဘာသာဝင်သားသမီးများနှင့်တစ်လုံးတစ်ဝ တည်းရှိကြောင်းကို ဖော်ပြရန်ဆန္ဒရှိသည်ဟု Archbishop Fisichella ကရေးသားဖော်ပြခဲ့သည်။

ဧဝံဂေလိသတင်းကောင်းကိုအသစ်သောနည်းဖြင့် ဟောကြားခြင်းဆိုင်ရာ ပုပ်ရဟန်းမင်းကြီးရုံးတော်ကောင်စီမှ ၂၀၁၇ ခုနှစ် မှစတင်၍
သန့်ရှင်းမြင့်မြတ်သောဝတ်ပြုဆုတောင်းရာနေရာများကို ယုံ ကြည် ခြင်းနိုးကြားစေရန် အလို့ ငှါတာဝန်ယူဆောင်ရွက်သည်။

ကမ္ဘာတစ်ဝှမ်းလုံး၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခံရသူပေါင်း ၅.၄ သန်းရှိပြီး သေဆုံးသူပေါင်း ၃၄ဝ, ဝဝဝ ကျော်ရှိပြီဖြစ်ကြောင်းကို CNA သတင်းအရသိရှိရပါသည်။

ဘာသာပြန်ဆိုသူ Sr.Geraldine Swe,SJA (Philippines)

https://bit.ly/2TKGc6r

Add new comment

16 + 0 =