ကိုဗစ် (၁၉) ကူးစက်ရောဂါအရေးပေါ်ကာလအတွင်းကျန်းမာရေးစောင့်ရှောက်မူပေးခဲ့သောကျန်းမာ ရေး၀န်ထမ်းများအားဗာတီကန်မှကျေးဇူးတုန့်ပြန်

ကိုဗစ် (၁၉) ကူးစက်ရောဂါအရေးပေါ်ကာလအတွင်းကျန်းမာရေးစောင့်ရှောက်မူပေးခဲ့သောကျန်းမာ ရေး၀န်ထမ်းများအားဗာတီကန်မှကျေးဇူးတုန့်ပြန်

ကိုဗစ် (၁၉) ကူးစက်ရောဂါအရေးပေါ်ကာလအတွင်းကျန်းမာရေးစောင့်ရှောက်မူပေးခဲ့သောကျန်းမာ ရေး၀န်ထမ်းများအားဗာတီကန်မှကျေးဇူးတုန့်ပြန်

ကိုဗစ် (၁၉) ကြောင့်လူစုလူဝေးမပြုရန်တားမြစ်ထားခဲ့သောဥပဒေကိုမေလ (၁၈) ရက်နေ့က ပြန်လည်ရုတ်သိမ်းခဲ့သည်။ ထိုရုတ်သိမ်းခြင်းနှင့်အတူဗာတီကန်သည်လည်းဘုရားဝတ်ပြုခြင်းကိုကျန်း မာရေး၀န်ကြီးဌာနမှညွှန်ကြားချက်နှင့်အညီရောဂါမကူးစက်ရေး၊ မပြန့်ပွား စေရန်လုပ်ဆောင်ခွင့်ပြုခဲ့ သည်။ ထို့အတူကလာရောက်လည် ပတ်ကြည့်ရူသူများဖြင့်ပြည့်နေသော ဗာတီကန်ပြတိုက်၊ ရဟန်းမင်း ကြီးအဆက် ဆက်တို့၏ကျောင်းတိုက်ဖြစ်သော Castel Gandolfo ၏ဥယျာဉ်တို့ကိုလည်လာရောက် လည်ပတ်သူများအားပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ် သည်။ ဤသို့ပြုလုပ်ရန်ဆုံးဖြတ်ရာတွင်အီတလီ နိုင်ငံတစ်ခွင်ရှိဆရာ၀န်များ၊ သူနာပြုများ၊ ကျန်းမာရေး၀န်ထမ်းများ၏မိမိ၏အသက်ကိုပင်မငဲ့ သောဝန်ဆောင်မူများကြောင့်သာဖြစ်သည်။

လူပေါင်း (၂၃၃၀၀၀) ကျော်ရောဂါကူးစက်ခံခဲ့ရပြီး၊ (၃၃၅၀၀) ကျော်ကိုဗစ် (၁၉) ရောဂါကြောင့် သေဆုံးခဲ့ရသည်ဟုသတင်းများအရ သိရသည်။ ထို့ကြောင့်အီတလီနိုင်ငံသည်ကမ္ဘာပေါ်တွင်ကိုဗစ် (၁၉) ၏ရိုက်ခတ်မူကိုအလူးအလဲခံခဲ့ရသောနိုင်ငံများအနက်တစ်နိုင်ငံဖြစ်ခဲ့သည်။ အိမ်အောင်းကာလ (Lockdwon) တလျှောက်၌လည်းပုပ်ရဟန်းမင်းကြီးသည် ကျန်းမာ ရေး ၀န်ထမ်းများအားလုံးကိုကျေးဇူး တင်နေခဲ့သည်။ အဘယ် ကြောင့်ဆိုသော်၄င်းတို့သည်မိမိတို့အသက်၊ မိသားစုကိုပင်မငဲ့နိုင်ဘဲရောဂါစွဲ ကပ်ခံစားနေရသူများအနီးကပ်ပြုစုခဲ့ကြသည်။

ထို့ကြောင့်ကျန်းမာ ရေး၀န်းထမ်းများအတွက်နှင့်သူတို့ မိသားစုများအတွက်စဉ်ဆက်မပြတ်ဆုတောင်းပေးနေခဲ့သည်။ ထိုကိုယ်ကျိုးမဖက်သောပေးဆက်မူများအတွက်ကျေးဇူးတင်သည့်အနေဖြင့် ဗာတီကန်ပြည်နယ် ၏အုပ်ချုပ်ရေးတာ၀န်ရှိသည့်ဌာနမှ ကြေငြာချက်တစ်ခုထုတ်ပြန်ခဲ့သည်။ ထိုကြေငြာချက်ကားကျန်းမာ ရေး၀န်ထမ်းများအနေဖြင့်ဗာတီကန်ပြတိုက်သို့ တစ်ပတ်တာအခမဲ့၀င်ရောက် ကြည့်ရူနိုင်ပြီး၊ Castel Gandolfo ရှိ ရဟန်းမင်းကြီး၏ကျောင်းတိုက်နှင့်ဥယျာဉ်သို့မူနှစ်ပတ်တာအခမဲ့၀င်ရောက်လည်ပတ်ခွင့် ပြုထားသည်။

ဗာ တီကန်ပြတိုက်သို့လာရောက်လည်ပတ်ခွင့်ပြုသည့်ကာလမှာ ဇွန်လ (၈) ရက်၊ လာ မည့်တနင်္လာနေ့မှစ၍ ဇွန်လ (၁၃) ရက်၊ စနေနေ့အထိဖြစ် သည်။ Castel Gandolfo ရှိ ရဟန်းမင်းကြီး ၏ကျောင်းတိုက်နှင့်ဥယျာဉ်သို့နှစ်ပတ်တာအခမဲ့၀င်ရောက်လည် ပတ်ခွင့်ကိုမူအလုပ်ပိတ်ရက်ဖြစ် သော ဇွန်လ (၆-၇) မှစ၍အထက်ကအတိုင်း ဇွန်လ (၈-၁၃) ရက်နေ့အထိဖြစ်သည်။ ဗာတီကန်ပြတိုက်သို့အများ ပြည်သူများ လာရောက်လည် ပတ်ရန်ဇွန်လ (၁) ရက်မှစတင်ဖွင့်လှစ် ခဲ့ပြီး၊ Castel Gandolfo ကိုမူဇွန်လ (၆) ရက်နေ့မှဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။ ယခုကဲ့သို့လာရောက် လည်ပတ်နိုင်သည်ဆိုသော်လည်းလာရောက်လည်ပတ်သူများသည်ရောဂါမကူးစက်မပျံ့နှံ့စေရေးအတွက်ကျန်းမာ ရေးဆိုင်ရာအကာကွယ် များ ကိုမူယူထားရမည်ဖြစ်သည်။

ပြတိုက်
ကျန်းမာရေး၀န်ထမ်းများအားပြတိုက်သို့အခမဲ့လာရောက်လည်ပတ်ခွင့်ပြုခြင်းနှင့်ပတ်သက်၍ ‘ဤသို့ပြုလုပ်ရခြင်းမှာကိုဗစ် (၁၉) အရေးပေါ်ကာလအတွင်းမမောမပန်းနိုင်အောင်ပေးဆက်ခဲ့ကြသော ကမ္ဘာတစ်ဝှမ်းလုံးရှိကျန်းမာရေး၀န်ထမ်းများအား ကျေးဇူးတင်ဂုဏ်ပြုလို ကြောင်း၊ ယခုသို့ပြုလုပ်ရာ တွင်ရိုးရှင်းသော်လည်းအဓိပ္ပါယ်အလွန်ပြည့်၀ကြောင်း၊ အနုပညာနှင့်ဆေးပညာများ၏ဆက်နွယ်မှုအ တွေးအမြင်များ ခံစားရရှိစေရန်ရည်ရွယ်ကြောင်း၊ ထို့ကြောင့်လူတို့၏ အ သက်ကိုပြုစုစောင့်ရှောင်ရာတွင် ပို၍တန်ဖိုးထားတတ်လာစေရန်ရည်ရွယ် ပါကြောင်းဖြင့် ရှင်းပြထားပါသည်။

ရဟန်းမင်းကြီး၏ရုံးတော်နှင့်ရဟန်းမင်းကြီး၏နွေရာသီ၌သီတင်းသုံးရာကျောင်းတိုက်

ရဟန်းမင်း ကြီး၏ရုံးတော်ကိုအင်္ဂလိပ်လို (Apostolic Palace) ဟုခေါ်ပြီး၊ ရဟန်းမင်းကြီး၏နွေ ရာသီ၌သီတင်းသုံးရာကျောင်းတိုက်ကို (Pontificial Villas) ဟုခေါ်သည်။ ဤအဆောက်အဦးကြီးနှစ် ဆောင်ကိုရဟန်းမင်းကြီး ဦဘန် (Urban VIII) ၏တောင်းဆိုချက်ကြောင့်ဆောက် လုပ်ခဲ့ခြင်းဖြစ်သည်။ ဤမြေနေရာသည် Gandolfi နှင့် Savelli မိသား စု၏ပိုင်ဆိုင်မှုဖြစ်ခဲ့သည်။ ဤမြေယာသည်ယခင်က စိုက်ပျိုးမြေယာဖြစ်ခဲ့ သည်။ ယနေ့မြင်တွေ့ရသော Castel Gandolfo သည်အပိုင်းသုံးပိုင်းရှိသည်။ Moor မိသားစု၏ခြံဖြစ်ပြီး၊ ဤအပိုင်းသည်ရှေးအကျဆုံးအပိုင်းဖြစ် သည်။ ကျန်တစ်ပိုင်းမှာကာဒီနယ် Camillo Cybo ဆောက်လုပ်ခဲ့သော Cybo အိမ်ယာဖြစ်သည်။ ကျန်တစ်ပိုင်းမှာရဟန်းမင်းကြီးကလဲမင်း (၁၄) မှ (၁၇၇၄) ခုနှစ်က မောဒဲနာ မြို့စားထံမှ၀ယ်ယူခဲ့သော Barberini အိမ်ယာဖြစ်သည်။ ဤအိမ် ယာကိုရဟန်းမင်းကြီးဦဘန် (၈) ၏တူဖြစ်သူမှ အီတလီအ ဆောက်အဦးပုံစံတည်ဆောက်ခဲ့သည်။ ထို့ ကြောင့် Castel Gandolfo တစ်ဝိုက်ရှိရူခင်းရူကွက်များသည်အလွန်လှပသာယာသည်။

ရဟန်းမင်း ကြီး၏ရုံးတော် (Apostolic Palace) ကိုမူ (၁၆၆၀) ခုနှစ် ရဟန်းမင်းကြီးအလက်ဇန်းဒါး (၇) ၏၀င်ရောက်ဖြန်ဖြေမူဖြင့်တည်ဆောက် ခဲ့သည်။

ဘာသာပြန်ဆိုသူ-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3dHzjuQ

Add new comment

8 + 1 =