ကိုဗစ် (၁၉) ကပ်ရောဂါဆိုးကြီးရှိသော်လည်းလူ့အသက်ကိုကာကွယ်ခြင်းလှုပ်ရှားမူကို အွန်လိုင်းမှပြုလုပ်

 ကိုဗစ် (၁၉) ကပ်ရောဂါဆိုးကြီးရှိသော်လည်းလူ့အသက်ကိုကာကွယ်ခြင်းလှုပ်ရှားမူကို အွန်လိုင်းမှပြုလုပ်

 ကိုဗစ် (၁၉) ကပ်ရောဂါဆိုးကြီးရှိသော်လည်းလူ့အသက်ကိုကာကွယ်ခြင်းလှုပ်ရှားမူကို အွန်လိုင်းမှပြုလုပ်

အီတလီနိုင်ငံသည် ကိုဗစ် (၁၉) ကပ်ရောဂါဆိုး၏တိုက်ခိုက်မူကိုအလူးအလဲခံခဲ့ရ သောနိုင်ငံများအနက်တစ်နိုင်ငံဖြစ်သည်။ နှစ်လကျော်မျှလူစုလူဝေးဖြင့်လူမူရေး၊ ဘာ သာရေး၊ နိုင်ငံရေး၊ စီးပွားရေးကိစွများကိုမပြုလုပ်ရန်၊ မဖြစ်မနေကိစွမှလွဲ၍ အိမ်တွင်း အိမ်ပြင်မထွက်ရန်တားမြစ်ခဲ့သည့်ဥပဒေသည် မေလ (၁၈) ရက်နေ့ကနိုင်ငံတော်မှပြန် လည်ရုတ်သိမ်းကြောင်းကြေငြာခဲ့သည်။ သို့သော်နှစ်စဉ်ကျင်းပမြဲဖြစ်သောလူ့အသက်ကို ကာကွယ်သည့်လှုပ်ရှားမူချီတက်ပွဲကိုမူလမ်းမပေါ်ချီတက်၍မကျင်းပနိုင်သော်လည်းအွန် လိုင်းမှထုတ်လွှင့်မည်ဖြစ်သည်။ ထိုလှုပ်ရှားမူကိုမေလ (၂၃) ရက်နေ့နေ့၊ စံတော်ချိန် (၂:၃၀ မှ ၃:၃၀) အထိရောမ၌ ကျင်းပခဲ့သည်။ လမ်းမကြီးပေါ်မထွက်နိုင်သော်လည်းလူ့ အသက်ကိုမိမိတို့လိုရာဆွဲ၍သက်ဖြတ်သည့်ယဉ်ကျေးမူနှင့်အထူးသဖြင့်သန္ဓေတားဆီးခြင်း၊ ဖျက်ချခြင်းကိုသိစေလိုကြောင်း၊ ဤသို့ပြုလုပ်ရသည်မှာလက်ရှိအခြေအနေ၌ခက်ခဲ ကြောင်း၊ ရောမမြို့၌ဤလှုပ်ရှားမူသည် (၁၀) ကြိမ်မြောက်နှစ်ပတ်လည်နေ့ဖြစ်သည်။

ဤသို့ပြုလုပ်ရန်အမြင်ရလာခဲ့သည်မှာအမေရိကန်၊ ၀ါရှင်တန်ဒီစီမြို့၌ကျင်းပခြင်းမှရရှိခဲ့ ကြောင်း၊ ဤ (၁၀) နှစ်ပြည့်နှစ်ပတ်လည်ကို (၂၀၂၁) တွင်ကျင်းပမည်ဖြစ်ကြောင်း၊ နှစ်စဉ် ဤချီတက်လှုပ်ရှားမူ၌ပါ၀င်သူထောင်သောင်းနှင့်ရှိကြောင်း၊ ပါ၀င်သူအများပိုင်းမှာရောမ ၌နေထိုင်သောနိုင်ငံခြားသားများနှင့်ကမ္ဘာအနှံ့မှခရီးသွားများပါ၀င်ကြောင်း၊ အီတလီနိုင်ငံ ၌သန္ဓေတားခြင်း၊ ဖျက်ချခြင်းကို (၁၉၇၈၊ မေလ၊ ၂၂) ရက်နေ့က ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄) တွင်တရား၀င်ခွင့်ပြုခဲ့ကြောင်း၊ မည်သည့်အကြောင်းကြောင်းကြောင့်မဆိုကိုယ် ၀န်ဆောင်ပြီးရက် (၉၀) အတွင်းဖျက်ချခွင့်ပြုကြောင်း၊ ကိုယ်၀န်သည်ထိုထက်ရင့်လာပါ ကလည်းဆရာ၀န်များ၏ခွင့်ပြုချက်ဖြင့်လည်းဖျက်ချပစ်နိုင်ကြောင်း၊ (၁၉၇၈) ခုနှစ်မှစ၍ အီတလီနိုင်ငံအတွင်းခန့်မှန်းချေကလေးခြောက်သန်းခန့်မျှဖျက်ချခဲ့သည်။

ထိုချီတက်ပွဲအ တွင်းဟောပြောပွဲများပါ၀င်မည်ဖြစ်ရာ၊ ၄င်းတို့အနက် Gianna Emanuela Molla လည်းပါ၀င်ပြီး၊ သူသည်စိန့် Gianna Beretta Molla ၏သမီးဖြစ်သည်။ Gianna Beretta Molla သည်သူကိုယ်တိုင်ဆရာ၀န်ဖြစ်ပြီး၊ ကင်ဆာကြောင့်ဆေးကုသမူကိုခံယူပါကကိုယ် ၀န်နှင့်ဖြစ်နေသောရင်သွေး၏အသက်ကိုထိခိုက်မည်စိုး၍မိခင်သေလျှင်သေပါစေ။ ရင် သွေး၏အသက်ကိုကယ်ရန်ဆေးကုသမူကိုငြင်းဆန်ခဲ့သောအာဂအမျိုးသမီးတစ်ဦးဖြစ်ခဲ့ ကြောင်း ‘လူ့အသက်ကိုကာကွယ်ရန်လမ်းလျှောက်ချီတက်ခြင်း’ အဖွဲ့၏ဥကဌဖြစ်သူ Virginia Coda Nunziante ကပြောကြခဲ့သည် ကို CNA သတင်းအရ သိရှိရပါသည်။

ဘာသာပြန်ဆိုသူ ဖာသာရ်ကလဲမင့်အားတယ်

 Photo Credit: Marina Testino/CNA

https://bit.ly/3edRaJu

Add new comment

2 + 5 =