၉-ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၁၉ ခုနှစ်
ညောင်လေးပင်
ကျွန်ုပ်တို့အားလုံးအတွက် မယ်တော်သခင်မဟာ သနားကြင်နာတဲ့မိခင် တစ်ပါးဖြစ်ပါတယ်။ နှစ်စဉ်ဒီညောင်လေးပင်မှာ ထောင်သောင်း-သိန်းထိ စုရုံးကြတယ်။ ပြည်သူပြည်သား ညီအစ်ကိုမောင်နှမများ စုစည်း တွေ့ဆုံရာနေရာလည်းဖြစ်တယ်။ ကျွန်ုပ်တို့အားလုံး အမိမယ်တော်ရဲ့ ကြားဝင်ဆုတောင်းခံစားဘို့ လာစုကြတယ်။ ဒီရက်တွေ အမေပွဲကို ကျင်းပနေကြတယ်။ ညောင်လေးပင်သည် ကျွန်ုပ်တို့ အားလုံးရဲ့ သမိုင်းလည်းဖြစ်တယ်။ ပြင်သစ်ပြည်က သာသနာပြုများ အစပြုခဲ့ ကြတယ်။