(၅၄) ကြိမ်မြောက်ကမ္ဘာ့လူထုဆက်သွယ်ရေးနေ့အတွက်ပုပ်ရဟန်းမင်း ကြီး၏မင်္ဂလာသတင်းစကား

(၅၄) ကြိမ်မြောက်ကမ္ဘာ့လူထုဆက်သွယ်ရေးနေ့အတွက်ပုပ်ရဟန်းမင်း ကြီး၏မင်္ဂလာသတင်းစကား

(၅၄) ကြိမ်မြောက်ကမ္ဘာ့လူထုဆက်သွယ်ရေးနေ့အတွက်ပုပ်ရဟန်းမင်း ကြီး၏မင်္ဂလာသတင်းစကား

‘ငါပြသောနိမိတ်တို့ကို၊ သင်၏သားမြေးတို့အားကြားပြောကြလော့။’ (ထွက်မြောက် ၁၀:၂)

ဘ၀သည်သမိုင်းဖြစ်လာသည်။
ယခုနှစ်ကျွန်ုပ်၏မိန့်ခွန်းကိုအဖြစ်အပျက်ကိုပြန်လည်ပြောပြခြင်းဖြင့်အစပြုချင်ပါသည်။ အ ဘယ်ကြောင့်ဆိုသော်အမှန်တရားပါ၀င် သောကျွန်ုပ်တို့၏ အကြောင်း အရာကိုသမိုင်းအဖြစ်ထင်ကျန်ရစ် စေလိုပါသည်။ ထိုသမိုင်းသည်တည်ဆောက်သည်။ ဖြိုချရန်မဟုတ်ပါ။ ကျွန်ုပ်တို့ ၏ဇစ်မြစ်ပြန်လည်ဖွေ ရှာနိုင်သည်။ ထိုသမိုင်းသည်ရှေ့ဆက်တိုးရန်အတွက်အင်အားများကိုမွေးဖွားပေးသည်။ ကျွန်ုပ်တို့အား ၀န်းရံထားသော စည်းချက်မညီသည့်အသံများနှင့်သတင်းများကြား၌ကျွန်ုပ်တို့၏အကြောင်းနှင့်အလှကိုပြောပြသောသမိုင်းလိုသည်။ ကျွန်ုပ်တို့၏ကမ္ဘာကြီးကိုဂရု စိုက်ပြီး၊ ဖြစ်ပျက်နေမူများကိုသက်ညှာစွာ ကြည့်သောအကြည့်၊ ကျွန်ုပ်တို့သည်သက်ရှိဖြစ်ပြီး၊ အပြန်အလှန်ချိပ်ဆက်ထားသောကွန်ရက်ဖြစ် ကြောင်းကိုပြောပြသောဇာတ်ကြောင်းပြန်သမိုင်းလိုသည်။ ကျွန်ုပ်တို့သည်ရှင်သန်ခြင်း၏တစ်စိတ်တစ်ပိုင်းနှင့်ဆက် နွယ်ဖြာယှက်နေ ကြောင်းကို ဇာတ်ကြောင်းပြန်ပေးသောသမိုင်းရှိရန်လိုသည်။ ကျွန်ုပ်တို့သည်အခြားသူများနှင့်ထုံးဆက်ထား ကြောင်းဖော်ပြသောသမိုင်းမျိုးရှိရမည်။

၁။ သမိုင်းကိုပေါင်းစည်းခြင်း
လူသားများသည်ပုံပြောတတ်သောသက်ရှိများဖြစ်သည်။ မွေးသည့်နေ့မှစ၍အစားအစာကို တောင့်တသကဲ့သို့သမိုင်းများကိုလည်းဆာ ငတ်ကြသည်။ နတ်သမီးပုံပြင်၊ ၀တ္ထု၊ ရုပ်ရှင်၊ သီချင်း၊ သတင်းများမှတဆင့်ကျွန်ုပ်တို့သိသိနှင့်ဖြစ်စေ၊ မသိလိုက်ဘဲနှင့်ဖြစ်စေ၊ ကျွန်ုပ်တို့၏ ဘ၀ကိုသမိုင်း ကလွှမ်းမိုးထားသည်။ တစ်ခါတရံဇာတ်လမ်းထဲမှအဓိကသရုပ် ဆောင်၏လှုပ်ရှားမူကိုကြည့်၍ ကျွန်ုပ် တို့ဘ၀နှင့်ယှဉ်၍အမှန်၊ အမှားကိုခွဲခြားကြသည်။ ထိုသို့ဖြစ်ခြင်းမှာဇာတ်လမ်းသည်ကျွန်ုပ်အားစဉ်းစားစရာပေးလိုက်ခြင်းဖြစ် သည်။ ကျွန်ုပ်တို့၏ခံယူချက်နှင့်စရိုက်ကိုပုံ သွင်းလိုက်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့အ ဘယ်သူဖြစ်သည်ကိုနားလည်အောင်အချက်အလက်ပေးပို့လိုက်နိုင်သည်။

ကျွန်ုပ်တို့သည်ပွန်းပဲ့လွယ်သောခန္ဓာကိုယ်ကြီးကိုအ၀တ်များဖြင့်လုံခြုံအောင်၀တ်ဆင်ရုံမျှသာလို အပ်သောသတ္တဝါမဟုတ်။ (ကမ္ဘာ ဦး ၃:၂၁) ကျွန်ုပ်တို့သည်သမိုင်းကောင်းများဖြင့်ဖုံးအုပ်ကာလူ့ဘ ၀ကိုကာကွယ်ရန်လည်းလိုအပ်သည်။ ကျွန်ုပ်တို့သည်အ၀တ်များကိုသာယက် လုပ်ကြသည်မဟုတ်။ သ မိုင်းကိုလည်းယက်လုပ်ကြသည်။ လူသားများ၏ယက်လုပ်နိုင်စွမ်းသည်ကျွန်ုပ်တို့ကိုအထည်အလိပ်များ သာရရှိစေ သည်မဟုတ်။ မှတ်တမ်းကိုလည်းရရှိစေသည်။ ရာစုအဆက်ဆက် ၏သမိုင်းကြောင်းများသည် တူညီသောဆက်နွယ်မူ (ချည်ငင်) ရှိသည်။ ထို ဆက်နွယ်မူသည်ကျွန်ုပ်တို့အားသူရဲကောင်းများဖြစ်လာစေသည်။ သူရဲကောင်းဟုဆိုရာ၌နေ့စဉ်ဖြတ်သန်းရသောအခြေ အနေများလည်းပါပါ သည်။ အဘယ်ကြောင့်ဆိုသော်ထိုအခြေအနေများ၏ထုထောင်းထိုးခုတ်မှုများကြောင့်ရဲရင့်လာသည်။ ထိုအခြေအနေ များကိုမကြောက်တမ်း နည်းလမ်းမှန်ကန်စွာရင်ဆိုင်ဝံ့လာသည်။ ဇာတ်လမ်းများ၌နှစ်မြှုပ်ခံစားခြင်းဖြင့်ကြုံလာသောစိန်ခေါ်ချက်များကိုရဲ ရင့်စွာရင်ဆိုင်ကျော်ဖြတ် နိုင်ရန်ဆင်ခြင်တတ်လာသည်။

လူသားများသည်ပုံပြောတတ်သောသက်ရှိများဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်ကျွန်ုပ်တို့သည် ပုံမှန်ပြောင်းလဲကြီးထွားလျှက် ရှိသည်။ ထိုပြောင်းလဲကြီးထွားလာခြင်းနှင့်အတူမိမိကိုယ်မိမိသိလာ သည်။ အတွေ့အကြုံများတိုးလာသည်။ အစကနဦးမှစ၍ကျွန်ုပ်တို့၏သမိုင်း သည်ခြိမ်းခြောက်ခံထားရ ပြီးဖြစ်သည်။ မကောင်းမှုသည်လူ့သမိုင်းထဲသို့တိုးလျှိုး၀င်ရောက်နေပြီဖြစ်သည်။

 

၂။ ပုံပြင် (သမိုင်း) အားလုံးသည်ကောင်းကြသည်မဟုတ်။
‘သင်တို့သည်ဧကန်အမှန်သေရမည်မဟုတ်။ …. သင်တို့သည်ဘုရားသခင်ကဲ့သို့ဖြစ်ကြလတံ့’ (ကမ္ဘာဦးကျမ်း ၃:၄ ကိုမှီငြမ်း) မြွေ၏ သွေးဆောင်ခြင်းသည်ပိတ်ယက်လုပ်ရာတွင်ဖြေရန်ခက်သောအ ထုံးကြီးပမာဖြစ်စေခဲ့သည်။ ‘ထိုအသီးကိုစားသောနေ့၌သင် တို့သည်မျက်စိပွင့် လင်းလျက် ကောင်းမ ကောင်းကိုသိ၍၊ ဘုရားသခင်ကဲ့သို့ဖြစ်ကြလတံ့ …’ မြွေ၏သွေးဆောင်မှုမျိုးသည်ယနေ့ပုံပြောကောင်း သောသူများအ သုံးပြုလျက်လူများကိုတလွဲအသုံးချနေကြသည်။ ကြားနာခဲ့ဖူးသောပုံပြင်ဘယ်နှစ်ပုဒ်မ ငြိမ်မသက်ဖြစ်နေသောကျွန်ုပ် တို့၏စိတ်ကိုလည်ငြိမ် သွားစေခဲ့ဖူးသနည်း။ ပျော်ရွှင်ရန်မှာစဉ်ဆက်မပြတ် အောင်မြင်ရန်၊ ပိုင်ဆိုင်ရန်၊ သုံးစွဲရန်လိုအပ်သည်။ ကျွန်ုပ်တို့သည်မသိလိုက်ဘဲအဘယ်မျှ လောဘတကြီးပြောဆိုမိ၊ အတင်းအဖျင်းပြောမိ၊ အကြမ်းဖက်မိ၊ မမှန်မကန်ပြောဆိုမိကြပြီမသိ။ တစ်ခါတရံလူမှုဆက်သွယ်ရေး လမ်းကြောင်း များမှလူမှုအသင်း အဖွဲ့အတွက်အားဖြစ်စေမည့်ချိပ်ဆက်မှု၊ အဆင်အကွက်အစား၊ အပျက် သဘောဆောင်သော၊ ပြဿနာမဖြစ်ဖြစ်အောင်ဖန် တီးသောဇာတ်လမ်းများဖြင့်နူးညံ့လှပသောချည်နှင့်အဆင်အကွက်များကိုဖျက်ဆီးပစ်လိုက်သကဲ့သို့လူမှုအ သင်းအဖွဲ့၏ကွန်ရက်ချိပ် ဆက်မှုများ ကိုဖြတ်တောက်ပစ်လိုက်ကြသည်။

အခြေအမြစ်မရှိသောအချက်အလက်များဖြင့်ပြန်လည်ပေါင်းစည်းရန်ကြိုးစား ရာမှပိုမိုဆိုးရွားသော အခြေအ နေ၊ အထင်အမြင်လွဲမှားမှုများ၊ အမုန်းစကားများဖြင့်သာပေါက်ပြဲရာသည် ပိုမိုကျယ်လာသည်။ ဤသို့ပြုခြင်းသည်လူ့သမိုင်းကိုဖာထေးရန် ကြိုး စားခြင်းမဟုတ်ဘဲ။ ပေါက်ပြဲရာကို ပို၍အပေါက်ကျယ်လာစေ၊ မလုံမခြုံဖြင့်လူ့ဂုဏ်သိက္ခာကိုဖော်ချွတ်ရာရောက်သည်။

‌လူကိုအနိုင်ကျင့်ဗိုလ်ကျခြင်းနှင့်အာဏာကိုအလွဲသုံးစားပြုခြင်း၏သက်ဆိုးမှာအလွန်တိုတောင်း လှသည်။ ဆိုလိုသည်မှာသမိုင်းဆိုး သည်သက်တမ်းမရှည်။ သမိုင်းကောင်းသည်သာလျင်အချိန်၊ နေရာမ ရွေးထိုးဖောက်ရောက်ရှိနိုင်၊ ကြားနိုင်၊ ကြာရှည်ခံသည်။ ရာစုအဆက်ဆက် နှောင်းသွားသော် လည်းမ ဟောင်းဘဲလူ့ဘ၀ကိုခွန်အားဖြစ်စေသည်။ မှားယွင်းသောအယူအဆများခေတ်ထ၍မွန်းကြပ်မူများတိုး လာပြီး၊ ပျံ့နှံ့မူ မြန်ဆန်လာချိန်၌ကျွန်ုပ်တို့သည်အမြော်အမြင်ရှိရှိနှင့်လှပသော၊ မှန်ကန်သော၊ ကောင်း သောသမိုင်းကိုကြိုဆိုရန်၊ ဖန်တီးတတ်ရန်လိုသည်။ မှား ယွင်းသောအယူအဆနှင့်မကောင်းသောသမိုင်း ကိုတွန်းလှန်ရဲသောသတ္တိလိုသည်။ ယနေ့ခေတ်ကာလ၏ သောင်း ပြောင်း စုံလင်သောပြ ဿနာ များ ကြား၌သမိုင်းကိုယက်လုပ်သောချည်စမပျောက်၊ မပြတ်သွားစေစိတ်ရှည်ခြင်း၊ ဆန်းစစ်သုံးသပ်မူပြု ခြင်းများကိုပြုလုပ်တတ်ရမည်ဖြစ် သည်။ ကျွန်ုပ်တို့အဘယ်သူဖြစ်သည်ကိုအမှန်တကယ်ရောင်ပြန်စေ မည့်သမိုင်းကောင်းကိုအမှန်တကယ်လိုအပ်သည်။ ထို့အတူအသိအမှတ်ပြုမခံ ရ၊ လူမသိလှသောနေ့စဉ် အသက်တာ၌ဖြစ်ပျက်သောသူရဲကောင်းစံစံသမိုင်းများကိုလည်းဖော်ထုတ်သင်ယူတတ်ရန်လိုသည်။

၃။ သမိုင်းတို့၏သမိုင်း
သမ္မာကျမ်းစာသည် သမိုင်းတို့၏သမိုင်းဖြစ်သည်။ အကြောင်းအရာ၊ လူမျိုးပေါင်းများစွာ၏အ ကြောင်းကိုကျွန်ုပ်တို့ရှေ့၌ချပြထားသည်။ အစကနဦးကစ၍ဘုရားသခင်သည်ဖန်ဆင်းရှင်နှင့်ဇာတ် ကြောင်းကိုပြန်ပြောသူဖြစ်ကြောင်းဖော်ပြထားသည်။ ဘုရားသခင်သည်သူ၏စကား ကို မြွတ်ကြား၍ မြွတ်ကြားသည့်အတိုင်းဖြစ်လာသည်။ (ကမ္ဘာဦး ၁) ဇာတ်ကြောင်းပြောသူအဖြစ်ဘုရားသခင်သည်အ ရာ၀တ္ထုများကိုအသက်ရှင် အောင်အမိန့်ပေးသည်။ ဘုရားသခင်၏ဖန်ဆင်းခြင်းသည်သူ၏စကား ပြောဖော်ဖြစ်သော လူယောက်ျားနှင့်လူမိန်းမတို့ကိုဖန်ဆင်းခြင်း ၌အဆုံး သတ်သွားသည်။ လူယောက်ျားနှင့်လူမိန်းမတို့သည်ဘုရားသခင်နှင့်အတူသမိုင်းကိုရေးထိုးသူများဖြစ်ကြသည်။ ဆာလံကျမ်းတစ်ချက်၌ ဖန်ဆင်း ခံကဖန်ဆင်းရှင်အားလျှောက်သည်မှာ ‘ကိုယ်တော်သည်အကျွန်ုပ်၏ခနွာကိုယ်အတွင်းရှိအစိတ်အပိုင်းများကိုဖန်ဆင်း၍အကျွန်ုပ်ကို အမိ၀မ်း တွင်း၌အတူတကွဆက်စပ်ထားတော်မူ၏။ ကိုယ်တော်သည်ကြောက်ရွံ့အံ့ဩဖွယ်ကောင်းသောကြောင့် အကျွန်ုပ်သည်ကိုယ်တော့်ကိုချီး မွမ်း ထောမနာပြုပါ၏။ ကိုယ်တော်ပြုလုပ်တော်မူသောအမှုအရာတို့ သည်ထူးဆန်းအံ့ဩဖွယ်ကောင်းပါသည်။ ကိုယ်တော်သည်အကျွန်ုပ်ကိုကောင်း စွာသိတော်မူပါ၏။ အကျွန်ုပ်သည်မထင်မရှားသောနေရာတွင်ဖန်ဆင်းခံရ၍ကမ္ဘာမြေကြီးအောက်နက်ရှိုင်းသောအရပ်၌ သေချာစွာပုံသွင်း ခြင်းခံ ရချိန်တွင်အကျွန်ုပ်၏အရိုးတို့သည်ကိုယ်တော်၏မျက်မှောက်တော်မှဖုံးကွယ်ခြင်းမရှိ။ (ဆာလံ ၁၃၉:၁၃-၁၅) ကျွန်ုပ်တို့မွေးဖွားစဉ်က မပြည့်စုံ ပါ။ ထို့ကြောင့်တဖြေးဖြေးချင်းပြည့်စုံအောင်ယက်လုပ်ရန်လိုသည်။ အတူတကွထုံးဖွဲ့ထားရန် လိုသည်။ လူ့ဘ၀သည်နက်နဲရာတစ်ခုအဖြစ်ပေး အပ်ခံထားရပြီး၊ ဆက်လက်၍ယက်လုပ်ရသည်။

သမ္မာကျမ်းစာသည် ဘုရားသခင်နှင့်လူတို့ကြားတည်ဆောက်သောအချစ်သမိုင်းဖြစ်သည်။ ဤ ချစ်ခြင်းသမိုင်း၏အလယ်ဗဟို၌ ယေဇူး သခင်တည်ရှိနေသည်။ သူ၏ချစ်ခြင်းသည်ဘုရားသခင်လူတို့အ ပေါ်ထားရှိသောချစ်ခြင်းနှင့်လူတို့ဘုရားသခင်အပေါ်ထား ရှိသောချစ်ခြင်းကို ပြည့်စုံစေသည်။ ထို့ကြောင့် မျိုးဆက်တိုင်းမှအမျိုးသားများနှင့်အမျိုးသမီးများသည်သမိုင်းများ၏သမိုင်း (သမ္မာကျမ်းစာ) ကိုပြန် ပြောရန်နှင့် မဖြစ်မနေသတိရရန်လိုသည်။ အဘယ်ကြောင့်ဆိုသော်ဤသမိုင်းတို့၏သမိုင်း (သမ္မာကျမ်း စာ) သည်သူ၏အဓိပါယ်ကိုအကောင်းဆုံးဆက်သွယ် ပေးသည်။

ယခုနှစ်၏သတင်းစကားကို ထွက်မြောက်ရာကျမ်းမှထုတ်နုတ်ထားခြင်းဖြစ်သည်။ ဘုရားသခင်သည်မိမိလူမျိုး တို့၏သမိုင်းစာမျက် နှာ ထဲသို့၀င်ရောက်စီစဉ်ပေးခဲ့သည်။ ကျွန်ခံနေသောဘုရားသခင်၏သားသမီးအီစွရာအဲလ်တို့သည် ဘုရားသခင်ကိုဟစ်အော်သောအခါ ဘုရားသခင် သည်နားညောင်းတော်မူ၍ ‘ဘုရားသခင်သည်အာဘရာဟမ်၊ အီဇက်၊ ယာကုပ်တို့နှင့်ပြုခဲ့သောကတိသစွာကိုအောက်မေ့တော်မူ၏။ ဘုရားသခင် သည်လည်း၊ အီစွရာအဲလ်အမျိုးသားတို့ကို ကြည့်ရူ၍သူတို့အမူကိုဆင်ခြင်တော်မူ၏။’ (ထွက်မြောက်၂း၂၄-၂၅) ဘုရားသခင်၏အောက်မေ့ခြင်း သည်ကျွန်ခံနေရာ ဘ၀မှလွှတ်မြောက်စေရန်အံ့ဩဖွယ်ရာနိမိတ်လက်ခဏများကိုပြသ၍ကယ်ထုတ်ခဲ့ရသည်။ ဘုရားသခင်၏အမိန့်တော် ဖြင့် ဘုရားသခင်သည်မိုးဇယ်အားသူ၏အကြံစည်တော်ကိုထုတ်ဖော်ပြောပြလိုက်သည်။ ဘုရားသခင်အကြံအစည်ကား ‘အီဂျစ်ပြည်၌ငါပြုသောအမူ၊ အီဂျစ်လူမျိုးတို့တွင်ငါပြသောနိမိတ်တို့ကို သင်၏သားမြေးတို့အားကြားပြောသဖြင့်၊ ငါသည် ထာ၀ရဘုရားဖြစ်ကြောင်းကိုသင်တို့သိစေ ခြင်းဌာ လည်းကောင်း၊ သူ၏နှလုံး၊ သူ့ကျွန်တို့၏နှလုံးကိုငါခိုင်မာစေပြီ’ ဟုမိုး ဇယ်အားမိန့်တော်မူ၏။ (ထွက်မြောက် ၁၀း၂) ဘုရားသခင်အား သိနား လည်ခြင်းသည်မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်လက်ဆင့်ကမ်း၍သမိုင်း ကြောင်းပြောပြခြင်းမှမွေးဖွားလာခဲ့ ကြောင်းကိုထွက်မြောက်ရာ ကျမ်း၏ အတွေ့အကြုံကသင်ကြားပေးသည်။ အသက်ရှင်တော်မူသောဘုရားသခင်သည် အ သက်တာ၏သမိုင်းကြောင်းဖြင့်ကျွန်ုပ်တို့အားဆက် သွယ် လေ့ရှိသည်။

ယေဇူးသခင်ဘုရားအကြောင်းမိန့်ကြားရာတွင်လက်တွေ့မကျဘဲစိတ်ကူးဆန်ဆန်မမိန့်ခဲ့။ နား လည်ရလွယ်ပြီး၊ ပါလက်စတိုင်းဒေသ၌ နေထိုင်သောသူတို့၏နေ့စဉ်အသက်တာနှင့်ဆက်စပ်သောပုံဥပ မာများ၊ ပုံတိုပတ်စများ၊ အဖြစ်အပျက်များဖြင့်သွန်သင်သည်။ ဤသို့ဖြင့်အသက် တာသည်သမိုင်းဖြစ် လာသည်။ ပုံဥပမာများ၊ ပုံတိုပတ်စများ၊ အဖြစ်အပျက်အမှန်များကိုနားထောင်သောသူတို့အတွက်သ မိုင်းသည်အသက် ပြန် ဖြစ်လာသည်။ ၄င်းတို့၏ဘ၀တစ်စိတ်တစ်ပိုင်းဖြစ်လာသည်။ သူတို့၏ဘ၀ကို လည်းပြောင်းလဲစေသည်။ ဧဝံဂေလိကျမ်းသည်လည်းသမိုင်း များ ဖြစ်သည်။ ထိုအဖြစ်အပျက်များသည် တိုက်ဆိုင်သွားခြင်းမဟုတ်။ ဧ၀ဂေလိကျမ်းသည်ယေဇူးသခင်၏သက်တော်စဉ်ကိုပြန်ပြောပြသည်။ ဧဝံဂေလိကျမ်းလာအဖြစ်အပျက်များသည်သရုပ်ဆောင်ထားသကဲ့သို့ဖြစ်သည်။ အဘယ်ကြောင့်ဆို သော်ယေဇူးသခင်အဘယ်သို့သော်သူဖြစ် သည်ကို နားလည်အောင်ရုပ်လုံးကြွသည်အထိပေါ်လွင်စေ သည်။ ဧ၀ဂေလိကျမ်းသည်ဖတ်ရူသူများအားကျမ်းလာသည့် အတိုင်းလုပ်ဆောင်ရန်တိုက် တွန်းနေပါ သည်။ သို့မှသာယေဇူးသခင်၏အသက်တာကိုအသက်ပြန်လည်ရှင်သန်လာစေခြင်းသည်။ ဧ၀ဂေလိ ကျမ်းရေးသူယောဟန်က ‘ခမည်း တော်၏ရင်ခွင်တော်၌ရှိတော်မူသောတစ်ပါးတည်းသောသားတော် သည် ဘုရာသခင်ကိုထင်ရှားစေတော်မူ၏’ ဟုရေးသားထားခြင်းဖြင့်ယေဇူး သခင်ကိုယ်တော်တိုင်သမိုင်း ကြောင်းကိုပြောပြသူဖြစ်နေသည်။ မူရင်းဂရိစကားလုံး ‘exegesato’ ၏အနက်ကား ‘ဗျာဒိတ်တော်ဖော် ပြသည် (သို့မဟုတ်) ပြန်လည်ဖော်ပြသည်’ ဟုအနက်ရသည်။ ဘုရားသခင်သည်ကျွန်ုပ်တို့လူသားဘ၀ နှင့်ဖြာယှက်လျှက်ရှိသည်။ ထို့အတူကျွန်ုပ် တို့ အားလည်းကျွန်ုပ်တို့၏သမိုင်းကိုပြန်လည်ယှက်လုပ်ရန် လည်းနည်းလမ်းသစ်ကိုထွင်ပေးသည်။

၄။ အစဉ်ဆန်းသစ်နေသောသမိုင်းတစ်ပုဒ်
ယေဇူးသခင်၏သမိုင်းသည်အတိတ်၏အမွေအနစ်မဟုတ်ပေ။ ၄င်းသည်ကျွန်ုပ်တို့၏သမိုင်းဖြစ် သည်။ ထို့အတူဟောင်းသွားသည်ဟူ ၍မရှိ။ ဤသို့ဖြစ်ရခြင်းမှာဘုရားသခင်သည်လူသား၊ ကျွန်ုပ်တို့၏ ခန္ဓာ၊ ကျွန်ုပ်တို့၏သမိုင်းကိုအလွန်ဂရုစိုက်ကြောင်းပြသည်။ အဘယ်မျှဂရု စိုက်သနည်းဟုမူသူကိုယ် တိုင်လူ့အဖြစ်၊ လူ့သွေးသား၊ လူသမိုင်းကိုလာရောက်ယူသည်အထိပင်ဖြစ်သည်။ ထို့ကြောင့်မည်သည့် လူ့သမိုင်းမျှ အနှစ်မဲ့၊ အဓိပ္ပာယ်မဲ့သည်ဟူ၍မရှိ။ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည်သမိုင်းဖြစ်လာ သည်။ လူသားတိုင်း၏သမိုင်းသည်တစ်နည်း ဆိုရ သော်ဘုရား သခင်၏သမိုင်းပင်ဖြစ်သည်။ လူတစ်ဦးစီ ၏သမိုင်း၌ခမည်းတော်ဘုရားသည်သူ့သားတော်ရှင်သန် ခဲ့သောလူ့အသက်တာကို ပြန် လည်မြင်ယောင်သည်။ လူ့သမိုင်းတိုင်းသည်ဖိနှိပ်ဖျောက်ဖျက်မရသောဂုဏ်သိက္ခာရှိသည်။ ထို့အတူလူသားသည်ယေဇူး သခင်မြင့်တင်ထားပေးခဲ့ သောသူနှင့်ထိုက်တန်သောဂုဏ်သိက္ခာ၊ တောက်ပစူးရှာသောရောင်ခြည်တော်၊ အံ့မခန်းသောမြင့်မြတ်ခြင်းသို့ ရောက်ရှိရန်လိုသည်။

‘သင်တို့သည်ခရစ်တော်ထံမှစာဖြစ်၍ငါတို့အားဖြင့်ပေးပို့ခြင်းခံရကြောင်းမှာထင်ရှားလျက်ရှိ၏။ ဤစာကိုမှင့်ဖြင့်မရေးဘဲအသက် ရှင် သောဘုရားသခင်၏ဝိညာဉ်တော်ဖြင့်ရေးသားခြင်းဖြစ်ပြီးကျောက်ပြားပေါ်တွင်ရေးသည်မဟုတ်ဘဲလူတို့၏နှလုံးသားများပေါ်တွင်ရေးထားခြင်းဖြစ်သည်’ ဟုရှင်ပေါလု ကရေးသားခဲ့သည်။ (ဒု ကော်ရိန်သု ၃:၃) သန့်ရှင်းသောဝိညာဉ်တော်၊ ဘုရားသခင်၏ချစ်ခြင်းသည် ကျွန်ုပ်တို့ အထဲ၌ရေး၏။ ဘုရားသခင်၏ဝိညာဉ်တော်သည်ကျွန်ုပ်တို့အထဲ၌ရေးသည်နှင့်အမျှကျွန်ုပ် တို့အထဲ၌ကောင်းမြတ်ခြင်းကိုထည့်သွင်းပေးသည်။ ထိုအကြောင်းကိုကျွန်ုပ်တို့အားမပြတ်မလတ်သတိ ပေးနေသည်။ သတိပေးသည်ဆိုရာ၌ ကျွန်ုပ်တို့၏အာရုံတွင်ထည့်သွင်းထားရန်၊ ကျွန်ုပ်တို့၏ စိတ်နှလုံး ထဲ၌ရေးသားထားရန်ဖြစ်သည်။ သန့်ရှင်းသော၀ိညာဉ်တော်၏အစွမ်းဖြင့်သမိုင်းတိုင်းသည်၊ အမေ့ခံ ထားရသောသမိုင်းများ၊ သမိုင်း ဆိုးများပင်လျင်လူတို့အတွက်သင်ယူစရာတွန်းအားတစ်ခုဖြစလည်းကောင်း၊ မေ့မရနိုင်သောဘ၀အကွေ့အပြောင်းတစ်ခုလည်းဖြစ်လာနိုင် သည်။ ထိုအခါဧဝံဂေလိကျမ်းအတွက်ဖြည့်စွက်ချက်ဖြစ်လာသည်။

စိန့်ဩဂုတ်စတင်း၏ ‘ဖွင့်ဟ၀န်ခံ ချက်’ ‘စိန့်အီညှားရှို၏ဘုရားဖူးခရီး’၊ သူငယ်တောယေဇူး၏စိန့်ထရေးဇာရေးသားသော ‘ဝိညာဉ် တစ်လုံး ၏သမိုင်း’၊‘စေ့စပ်ကြောင်းလမ်းခြင်း’၊ ‘Karamazov ညီအစ်ကိုများ’ စသောအရေမ တွက်နိုင် သည့်ဘုရားသခင်နှင့်လူတို့၏ဆုံဆည်ခြင်းကိုမှတ်ကျောက်တင်ထားသောသမိုင်းများစွာရှိသည်။ ကျွန်ုပ် တို့လည်းဧဝံဂေလိကျမ်း၏ရနံ့ သင်းသောအခြားစိတ်ဓာတ်ခွန်အား၊ ၀ိညာဉ်ခွန်အားတိုးစေသောသမိုင်း များကိုသိကြသည်။ ထိုသမိုင်းများသည်ကျွန်ုပ်တို့၏ဘ၀ကို ပြောင်းလဲ သွားစေခဲ့သောချစ်ခြင်းအကြောင်း ဖြစ်သည်။ ဤသမိုင်းများသည်ဝေမျှရန်၊ ပြန်ပြောပြရန်၊ ရာစုအဆက် ဆက်၌ဘာသာစကားအမျိုးမျိုး၊ လူတို့ ထံရောက်ရှိမည့်နည်းလမ်းအသွယ်သွယ်ဖြင့်ပြန်လည်အသက်သွင်းရန်တောင်းဆိုနေကြသည်။

၅။ ကျွန်ုပ်တို့ကိုဆန်းသစ်စေသောသမိုင်း
ကျွန်ုပ်တို့၏သမိုင်းသည်အလွန်ကြီးကျယ်သောသမိုင်းတိုင်း၏အစိတ်အပိုင်းဖြစ်လာသည်။ သမ္မာ ကျမ်းစာကိုဖတ်သောအခါ၌ဖြစ်စေ၊ ရဟန္တာတို့၏သက်တော်စဉ်ကိုဖတ်သည်ဖြစ်စေ၊ လူတို့၏နှလုံး သားကိုဖမ်းစားအလင်းပြနိုင်သောစာအုပ်များဖြစ်စေ၊ သန့်ရှင်းသော၀ိညာဉ်တော်သည်ကျွန်ုပ်တို့၏နှ လုံးသားထဲလွတ်လပ်စွာရေးချနိုင်သည်။ ကျွန်ုပ်တို့သည်ဘုရားရှေ့၌အဘယ်သို့ဖြစ်သည်ကိုလည်းပြန် လည်သုံးသပ်နိုင်သည်။ ကျွန်ုပ်တို့ကိုဖန်ဆင်းခဲ့သော၊ ကယ်တင်ခဲ့သောချစ်ခြင်းကိုသတိရပါလျင်၊ ချစ် ခြင်းကိုကျွန်ုပ်တို့အသက်တာ၏အစိပ်အပိုင်းအဖြစ်ပြုလုပ်လျင်၊ ကျွန်ုပ်တို့၏နေ့စဉ်ခြေလှမ်းများကိုသနားခြင်းဖြင့်အကွက်ဖော်လျင်၊ ကျွန်ုပ်တို့သည်သမိုင်းစာမျက်နှာအသစ်တစ်ခုလှန်လိုက်ခြင်းဖြစ်သည်။ ထိုအခါကျွန်ုပ်တို့သည်ဘယ်တော့အခါမှ၀မ်းနည်းမည်မဟုတ်။ နောင်တရမည်မဟုတ်။ ဖြစ်ခဲ့သောအဖြစ်အပျက်များကိုသတိရပြီး၀န်ထုပ် ကြီး တစ်ခုနှယ်ခံစားကြေကွဲနေမည်မဟုတ်။ ထိုသို့ခံစားနေမည့်အစားအခြားသူများကိုရင်ဖွင့်ပြောပြမည်။ ထို့အတူအလွန်ကြီးမြတ်သောသမိုင်း ကြောင်းပြောသူ (ယေဇူးသခင်) အားလည်းထို့အတူပြန် လည်ရင်ဖွင့်ပြောပြရမည်။

ဘုရားသခင်အားကျွန်ုပ်တို့၏ဘ၀ဇာတ်ကြောင်း ကိုပြောပြ ခြင်းသည်ဘယ် တော့မျှအချည်းနှီးသက်သက်မဖြစ်။ ပြောပြီးသောအကြောင်းအရာများကိုထပ်ပြောလျင်လည်းအကျိုး မဲ့မဖြစ်။ အဘယ်ကြောင့် ဆိုသော်အကြောင်းအရာတူကောင်းတူသော်လည်းအခြေအနေ၊ ခံစားချက်နှင့် ရူထောင့်တို့သည်ပြောင်းလဲသွားသည်။ ယေဇူးသခင်ကိုမိမိတို့၏ ဘ၀ဇာတ်ကြောင်းပြောပြခြင်းအားဖြင့်ကျွန်ုပ်တို့နှင့်အခြားသူများအပေါ်ယေဇူးသခင်၏အကြင်နာပြည့်၀သောချစ်ခြင်းအကြည့်ကိုခံယူရန်ဖြစ်သည်။ ကျွန်ုပ်တို့ရှင်သန်ဖြတ်သန်းနေသောဇာတ်ကြောင်းယေဇူးသခင်အားပြန်ပြောင်းပြောပြနိုင်သည်။ ထို့ အတူ၄င်းတို့၏ဘ၀ဇာတ်ကြောင်း ကို ပြောပြလိုသောသူများကိုသူ့ထံသို့ခေါ်ဆောင်သွားနိုင်သည်။ သူတို့ ၏ဘ၀ဇာတ်ကြောင်းကိုကျွန်ုပ်တို့ကြားသိရခြင်းဖြင့်ကျွန်ုပ် တို့အတွက်လည်း သင်ယူစရာ၊ ခွန်အားယူစရာဖြစ်လာရသည်။ ယေဇူးသခင်နှင့်အတူကျွန်ုပ်တို့ဘ၀၏အကွက်များကိုဆန်းပြားအောင်ထွင်ယက်နိုင် သည်။ လွှတ် သွားသောချည်စ၊ အပေါက်အပြဲများကိုပြန်လည်ဖာထည်းနိုင်သည်။ ကျွန်ုပ်တို့အားလုံးဤ သို့ပြုလုပ်ရန်အဘယ်မျှလိုမည်နည်း။

ကြီးမြတ်သောသမိုင်းကြောင်းပြောသူ၏အကြင်နာမျက်၀န်းသည် နောက်ဆုံးပန်းတိုင်ကိုမြင်နိုင် သောတစ်ဦးတည်းသောသူဖြစ်သည်။ သို့သော်ကျွန်ုပ်တို့၏ညီအစ် ကိုမောင်နှမများကိုလည်းချဉ်းကပ်နိုင် ပါသည်။ အဘယ်ကြောင့်ဆိုသော်၄င်းတို့သည်လည်းကျွန်ုပ် တို့ရှင်သန်ဖြတ် သန်းနေရသောစက်၀န်း၌ရှင် သန်နေကြသောကြောင့်ဖြစ်သည်။ ကမ္ဘာကြီး၏ဇာတ်ခုံ၌အဘယ်သူများလူပိုဟူ၍မရှိ။ လူတိုင်း၏ဘ၀ ဇာတ်လမ်း သည်တစ်ဦးတစ်ယောက်၏ဘ၀ကိုပြောင်းလဲပေးနိုင်စွမ်းသည်။ လူတစ်ဦး၏သမိုင်းဆိုးကို ပြောလျင်လည်းထိုအဆိုးမှအကောင်းကိုသင်ယူ နိုင် သည်။ (ယေဇူးသခင်အားငွေအသပြာသုံးဆယ်နှင့် ရောင်းစားခဲ့သောတပည့်မိုက်ယုဒအီစကာရုဒ်အကြောင်းစဉ်းစားပြီး၊ သူလိုမဖြစ်ရန်တရား အလင်းရလာ သည်။) ထိုသမိုင်းဆိုးမှအကောင်းကိုအရယူနိုင်ရမည်။

ထို့ကြောင့်မိမိတို့၏ဘ၀ဇာတ်ကြောင်းကိုပြောပြခြင်းသည်ပြောရုံသက်သက်၊ မိမိအကြောင်းကို လူသိစေရန်ကြော်ငြာ၀င်ရုံ သက်သက် မဖြစ်စေရ။ ကျွန်ုပ်တို့သည်ဘုရားသခင်၏မျက်မှောက်တော်၌အ ဘယ်သို့ဖြစ်နေ၊ အဘယ်သူဖြစ်နေသည်ကိုသတိရရမည်။ ကျွန်ုပ်တို့၏နှလုံးသား ထဲ၌၀ိညာဉ်တော်ရေး သားထားသည်များကိုရှင်သန်သက်သေပြရမည်။ မိမိတို့သိသောသူတို့၏ဘ၀ဇာတ်ကြောင်းများကို လည်းပြန်လည်ပြောပြ ၍၊ ထိုဇာတ်ကြောင်း၌မြှုပ်နေသောအံ့ဩဖွယ်အကြောင်းအရာများကိုဖော်ထုတ် ရန်လိုအပ်သည်။ ဤသို့ပြုလုပ်နိုင်ရန်အတွက်လူ့အဖြစ်ခံယူတော် မူသောဘုရားကိုမိမိ၏၀မ်းကြာသိုက် ၌ပေါင်းစည်းတော်မူသောအမျိုးသမီးအားယုံကြည်စွာအပ်နှံထားကြပါစို့။ ဧဝံဂေလိကျမ်းစာကထိုပေါင်း စပ် ခြင်းကိုအမျိုးသမီးကသူ၏ဘ၀ကိုနွယ်ယှက်ထားလိုက်သည်ဟုဆိုပါသည်။ အဘယ်ကြောင့်ဆိုသော် ကညာစင်မယ်တော်သည် ‘ဤအကြောင်း အရာအလုံးစုံကိုမိမိ၏နှလုံးတွင်စဉ်းစားဆင်ခြင်လျက်သိမ်း ထားလေ၏။’ (ရှင်လုကာ ၂း၁၉) သူ၏ကူညီမစခြင်းကိုတောင်းခံကြပါစို့။ သူသည် ဘ၀၏အထုံးအဖွဲ့ များအားလုံးကိုညှင်သာသောချစ်ခြင်းစွမ်းအားဖြင့်အဘယ်သို့ဖြေရမည်ကိုကောင်းစွာသိသည်။

အိုမာရိယာ၊
သင်သည်အမျိုးသမီးလည်းဖြစ်ပြီး၊ မိခင်လည်းဖြစ်ပါသည်။ ဘုရားသခင်၏နှုတ်တော်ထွက်စ ကားကိုသင်၏၀မ်းတော်၌သန္ဓေ တည် စေ ခဲ့သည်။ သင်၏အသက်တာဖြင့်ဘုရားသခင်၏အလွန်ကြီးမြတ် သောလုပ်ဆောင်ချက်ကိုဖော်ပြခဲ့သည်။ ကျွန်ုပ်တို့၏ဘ၀ဇာတ်လမ်းကိုနား စွင့် တော်မူပါ။ မယ်တော်၏ နှလုံးသားထဲ၌မှတ်သားထားတော်မူပြီး၊ အဘယ်သူမျှမနာကြားလိုသောဘ၀ဇာတ်လမ်းကိုမယ်တော်ပိုင် အဖြစ်ပြုတော်မူ ပါ။ သမိုင်းတလျှောက်လူသိများအသုံးချခဲ့သောချည်အမျိုးအစားကိုသိရှိရန်သင်ကြား ပေးတော်မူပါ။ ကျွန်ုပ်တို့၏အသိများကိုရိုက်ချိုးပစ်နေသော အထုံး၊ အဖုအထစ်များကိုမယ်တော်၏ညှင် သာသောလက်တော်ဖြင့်ဖြေလျော့ချောမွေ့စေတော်မူပါ။ သန့်ရှင်းသော၀ိညာဉ်တော်ဘုရား နှင့်ပြည့်ဝသူ၊ ယုံကြည်ခြင်း၏မိခင်၊ ကျွန်ုပ်တို့အားယုံကြည်တတ်သူများဖြစ်စေတော်မူပါ။ ငြိမ်းချမ်းရေး၏သမိုင်း ကိုတည်ဆောက်နိုင်စေတော်မူပါ။ ငြိမ်း ချမ်းရေးသမိုင်းသည်အနာဂါတ်ကိုညွှန်းလေ့ရှိသည်။ ထိုသမိုင်း ကြောင်းနှင့်အတူအသက်ရှင်သန်ရန်လည်းလမ်းပြပေးတော်မူပါ။

ဤသဝဏ်လွှာကိုဇန်နာ၀ါရီလ (၂၄၊ ၂၀၂၀) ဆေးလ်စ်မြို့မှစိန့်ဖရန်စစ်ပွဲနေ့၌ ရောမမြို့ရှိ၊ လာတဲရန် တွင်ရေးသားခဲ့သည်။

ဘာသာပြန်ဆိုသူ- ဖာသာရ်ကလဲမင့်အားတယ်

 

https://bit.ly/2ZHlHv6

Add new comment

12 + 3 =