သာသနာပြုခြင်း၏အောင်မြင်မူသည်စည်းစနစ်ကြောင့်မဟုတ်ဘဲသန့်ရှင်းသော၀ိညာဉ်တော်ကျေးဇူးတော်သက်သက်ဖြစ်သည်ဟုရဟန်းမင်းကြီးမိန့်ကြား

သာသနာပြုခြင်း၏အောင်မြင်မူသည်စည်းစနစ်ကြောင့်မဟုတ်ဘဲသန့်ရှင်းသော၀ိညာဉ်တော်ကျေးဇူးတော်သက်သက်ဖြစ်သည်ဟုရဟန်းမင်းကြီးမိန့်ကြား

သာသနာပြုခြင်း၏အောင်မြင်မူသည်စည်းစနစ်ကြောင့်မဟုတ်ဘဲသန့်ရှင်းသော၀ိညာဉ်တော်ကျေးဇူးတော်သက်သက်ဖြစ်သည်ဟုရဟန်းမင်းကြီးမိန့်ကြား

ဧဝံဂေလိသတင်းကိုကြေငြာဟောပြောခြင်းသည် နိုင်ငံရေး (သို့) ဘာသရေးကိုသွပ်သွင်းသော နည်းဗျူဟာများနှင့်ကွာခြားသည်။ သာ သနာပြုခြင်းသည်သန့်ရှင်းသော၀ိညာဉ်တော်၏အဖိုးအခမဲ့ ကျေးဇူးတော်သက်သက်ဖြစ်သည်။ ဤကျွမ်းကျင်မူသည်မည်သည့်သင်တန်း ၌မျှ မသင်ယူနိုင်။ ထို့အတူ မည်သည့်ဘာသာရေးအသင်းအဖွဲ့ကမျှမပေးနိုင်ပေ။ ကိုယ်တိုင်ခံယူ၊ ခံစားမြှင့်တင်မှ၊ ကိုယ်တိုင်အစပျိုး လုပ်ဆောင်မှ၊ ထိုသို့လုပ်ဆောင်ရာမှလူသတိထားသွား၊ လူသိများသွားရမည်ဖြစ်သည်။
ရဟန်းမင်းကြီးသည်ယခုရက်ပိုင်း၌ရဟန်းမင်းကြီး၏ခွင့်ပြုချက်ရထားသောသာသနာပြုအဖွဲ့အစည်းနှင့်ရောမမြို့တွင်တွေ့ဆုံရာလျာထားခဲ့သော်လည်းကိုဗစ် (၁၉) ကပ်ဆိုးကြီးကြောင့်ရွေ့ဆိုင်းခဲ့ရ သည်။ ထိုအဖွဲ့၏နှစ်စဉ်အထွေထွေအစည်းအ‌ေ၀းနှင့်စပ်လျင်း၍ရဟန်းမင်း ကြီးသည်အောက်ပါအတိုင်းထောက်ရူထားသည်။

သာသနာ၏အုတ်မြစ်များ

သာသနာတော်ကြီး၏သာသနာပြုအမူတော်၌သန့်ရှင်းသော၀ိညာဉ်တော်ဘုရားသည်ဗဟို ချက်မဖြစ်သည်။ ကျွန်ုပ်တို့၏စိတ်ကူးစိတ် သန်းများ၊ ကျွန်ုပ်တို့၏အစီအမံကောင်းများကြောင့်မဟုတ်။ ၀◌ိညာဉ်တော်၏၀မ်းမြောက်ခြင်းကိုခံယူခြင်းသည်ကျေးဇူးတော်ဖြစ်သည်။ ထို ကျေးဇူးတော်သည်သာ ကျွန်ုပ်တို့အားဧ၀ဂေလိတရားဟောကြားရန်တွန်းအားဖြစ်သည်။ ကယ်တင်ခြင်းသည်ကျွန်ုပ်တို့အစွမ်း အစကြောင့်အောင် မြင်ခြင်းမဟုတ်သကဲ့သို့၊ လူ့အဖြစ်ကိုယူတော်မူသောနှုတ်တော်ထွက်ကိုကျွန်ုပ်တို့ ဟောပြောသောကြောင့်လည်းမဟုတ်။ ကယ်တင်ခြင်းသည် ကျွန်ုပ်တို့ကိုခေါ်တော်မူသောသူနှင့်ဆုံ ဆည်းမှသာရရှိနိုင်သည်။ ထို့ကြောင့်ပျော်ရွှင်ခြင်းနှင့်ကျေးဇူးတရား၏အကျိုးရလာဒ်ဖြစ်သည်။ ဧ၀ဂေ လိ တရားကိုကြေငြာသည်ဆိုရာ၌ဘုန်းဂုဏ်တော်နှင့်ရှင်ပြန်သောခရစွတူးကိုသက်သေခံခြင်းဖြစ်သည်။

အလွန်ထင်ရှားသောသာသနာပြုခြင်းအကြောင်းအရာများ

….. စာချွန်တော်အရသာသနာပြုရာတွင် အောက်ပါအချက်အလက်များသည်အလွန်ထင်ရှား သည်။ ၄င်းတို့မှာ
၁။ စွဲဆောင်မူရှိခြင်း
သာသနာတော်ကြီးသည် ကမာကြီးအတွင်း၌စွဲဆောင်မူရှိရှိကြီးထွားတိုးပွားလာသည်။ အတင်း အကြပ်စီမံစည်းရုံးသိမ်းသွင်းခြင်းမပြု။ အကယ်၍ယေဇူးသခင်နောက်စစ်ဖြစ်လျှင်ဘ၀ကိုပျော်ရွှင်စွာနေ ထိုင်ဖြတ်သန်းသည်ကိုလူအများကသတိထားမိကြပေမည်။ ထိုပျော်ရွှင်သော ဘ၀ကိုဖြတ်သန်းရှင်သန် နေသည်ကိုမြင်ရသူများပင်လျင်အံ့အားသင့်သွားပေမည်။
၂။ ကျေးဇူးတရားသိတတ်ခြင်း
ကျေးဇူးတင်တတ်ခြင်း၊ ကျေးဇူးတရားသိတတ်ခြင်းသည်လည်းအချက်တစ်ချက်ဖြစ်သည်။ အ ဘယ်ကြောင့်ဆိုသော် သာသနာပြု လိုသောစိတ်သည်ဆင်ခြင်တွေးတောခြင်းနှင့်တွက်ချက်ခြင်းများကို အခြေခံ၍မရနိုင်။ ပြုလုပ်ရန်လည်းမလို။ အဓိပါယ်လည်းမရှိ။ သာသနာ ပြုခြင်းသည်ကျေးဇူးတရားကို ပြန်လည်ဆင်ခြင်ခြင်းဖြစ်သည်။
၃။ နှိမ့်ချခြင်း
ပျော်ရွှင်ခြင်းနှင့်ကယ်တင်ခြင်းသည် ကျွန်ုပ်တို့၏ပိုင်ဆိုင်ရာအမွေမဟုတ်။ ကျွန်ုပ်တို့၏တော် တတ်ကျွမ်းကျင်မူကြောင့်ရလိုက် ခြင်း လည်းမဟုတ်။ ခရစွတူးသခင်၏ဧ၀ဂေလိတရားကိုနှိမ့်ချခြင်းဖြင့် သာလျှင်ကြေငြာဟောပြောနိုင်သည်။ မာနကင်းစင်နေရမည်။

၄။ ရိုးရှင်းခြင်း
ရိုးရှင်းခြင်းသည်လည်းသာသနာပြုခြင်း၌ အလွန်အခရာကျသောအချက်တစ်ချက်ဖြစ်သည်။ ခက် ခဲရှုပ်ထွေးခြင်းမရှိစေရ။ သာ သနာပြုရာတွင်မလိုအပ်ဘဲ၀န်ပိုစေခြင်းမဖြစ်စေရ။ အဘယ်ကြောင့်ဆို သော်လူတို့သည်လောကဓံတရားကြောင့်၀န်လေးမောဟိုက်နေကြပြီဖြစ် သည်။ ထို့ကြောင့်မလိုအပ် သောအခြားအစီအစဉ်၊ အကြောင်းအရာများကိုထပ်မဖြည့်သင့်တော့ပြီ။ ရိုးရှင်းသောပုံစံဖြင့်ယေဇူးသ ခင်သင်ကြား ပေးခဲ့သောတရား၊ အကြောင်းအရာများကိုပေါ့ပါးလေးနက်စွာနားလည်ခံစားတတ်ရန်ပြု လုပ်ရမည်။
၅။ ပြုပြင်ပြောင်းလဲနေသောဘ၀နှင့်နီးနီးကပ်ကပ်ရှိနေခြင်း
အဘယ်ကြောင့်ဆိုသော် သာသနာပြုခြင်းဟုဆိုရာ၌လူတို့ရှိနေသောနေရာနှင့်သူတို့ဖြစ်နေသည့် အတိုင်းအခြေအနေအတိုင်းအနီး အပါး၌ရှိနေခြင်းဖြစ်သည်။ ဘုရားသခင့်လူမျိုးတော်၏ခံစားချက်ကိုခံ စားခြင်းဖြစ်သည်။ အသိမ်ငယ်ဆုံးသောသူတို့နှင့်နွမ်းပါးချို့တဲ့သူသူတို့ ကိုအထူးဂရုစိုက်ပေးခြင်းဖြစ် သည်။ ဤနည်းမှလွှဲ၍အခြားရွေးချယ်စရာနည်းလမ်းမရှိ။

အစွမ်းအစများကိုပြုပြင်မြှင့်တင်ခြင်း
အနာဂါတ်ကိုမျှော်ကြည့်၍လည်း ရဟန်းမင်းကြီးအသိအမှတ်ပြုထားသောသာနာပြုအသင်းကြီး များသည် သာသနာပြုနယ်မြေ၏လို အပ်ချက်အပေါ်မူတည်၍ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ဤခံစား ချက်သည်ဆေးကြောခြင်းစကရာမင်းတူခံယူခြင်းမှသနွေတည် မွေးဖွားလာ ခြင်းဖြစ်သည်။ ထို့ကြောင့် သာသနာပြုသောနည်းလမ်းသည် ဘုရားလူမျိုးတော်၏ခံစားချက်၊ လိုအပ်ချက်နှင့်ဆက်နွယ်မူရှိသည်။ သာသနာပြု အဖွဲ့အစည်းကြီးများသည် ဆုတောင်းခြင်းနှင့်ကရုဏာရေးလုပ်ငန်းများပြုလုပ်ခြင်းတည်း ဟူသောမြစ်နှစ်မွှာအတိုင်းရွေ့လျှားရသည်။ ဤသာ သနာပြုအသင်းကြီးသည် ရောမသာသနာ၏အသိ အမှတ်ပြုခြင်းကိုခံကြရသည်။ ၄င်းတို့သည်၄င်းတို့အမူတော်ထမ်းရာသာသ နာနယ်မြေ၌အစေ ခံနေခြင်း ဖြစ်သည်။ သာသနာပြုအသင်းကြီးများသည်ကမ္ဘာ့တိုက်ကြီးအသီးသီးသို့ကွန်ရက်ချိပ်ဆက်ဖြန့်ကျက် နေခြင်းဖြစ်သည်။ ဤသို့ဖြန့် ကျက်လုပ်ဆောင်ခြင်းသည်ပေါင်းစပ်မရသောအတွေးအခေါ်နှစ်ခုဒွန်တွဲနေ သည့်အခြေအနေမျိုးကိုဟန့်တားကာကွယ်နိုင်စေမည်ဖြစ်သည်။

ချောက်နက်ကြီးထဲမကျရောက်ရန်ရှောင်
သာသနာပြုများ၏ဘ၀၌ကျရောက်သွားနိုင်သောခြောက် (ကြွင်း၊ အပေါက်) များကိုသတိထား ရန်လည်းသတိပေးခဲ့သည်။ ထိုချောက် များမှာ
၁။ မိမိ၏ဂုဏ်ဖော်ခြင်း
မိမိ၏ဂုဏ်ဖော်ခြင်းဖြင့်ထင်ပေါ်လူဇော်ဖြစ်သွားစေမည့်ဘေးမျိုးသင့်ရောက်နိုင်သည်။
၂။ စိုးရိမ်ကြောင့်ကြစိတ်
အကောင်းဆုံးရလာဒ်မျိုးကိုမျှော်မှန်းလွန်းပြီးလုပ်ဆောင်ခြင်း၊ မိမိ၏အသင်းအဖွဲ့မှခွင့်ပြုထား သည်ထက်စည်းဘောင်ကျော်လွန်လုပ်ဆောင်ခြင်းဖြစ်သည်။ ထိုစည်းဘောင်သည်အမိသာသနာတော် ကြီးကခွင့်ပြုထားသောဆက်ကပ်အစေခံခွင့်ဖြစ်သည်။
၃။ အကျော်အမော်၊ အတော်အတတ်စာရင်း၀င်ဖြစ်လိုခြင်း
မိမိတို့သည်အကျော်အမော်၊ အတော်အတတ်များစာရင်း၀င်ဖြစ်လိုခြင်းကြောင့်အောက်စလွှတ် ချင်လာတတ်သည်။
၄။ လူများနှင့်ထိတွေ့မူကန့်သတ်လာခြင်း
သာသနာပြုများသည်လူများထိတွေ့ရမည့်သူများဖြစ်သည်။ လူများနှင့်ထိတွေ့ခြင်းမှရှောင်ရှား ခြင်းမပြုရ။ ဤသို့အားဖြင့်ဘုရားသခင်၏လူမျိုးတော်များ၏ဩတ္တပ္ပစိတ်များသည်အစဉ်နိုးကြားပေးရန်၊ အစဉ်ရွေ့လျှားပေးရန်၊ သင်ကြားပေးရန်၊ ဆွေးနွေးပေးရန်၊ တင်ပြတတ်ရန်လိုအပ်သူများဖြစ်သည်ကို သိရမည်။ထို့အတူလက်တွေမကျသောစိတ်ကူးသက်သက်အတွေးအခေါ်မျိုးနှင့်သာသနာပြုခြင်းကို၀◌ိညာဉ်ရေးအခြေမခံဘဲအလုပ်သက်သက်ကိုသာဦးစားပေးလုပ်ကိုင်လွန်းသော၀န်ထမ်းသက်သက်အဖြစ်သို့လည်းကျရောက်နိုင်ကြောင်းကိုသတိပေးခဲ့သည်။

ရှေ့ဆက်ခရီးနင်ရန်အားပေးအားမြောက်ပြု

သာသနာ ပြုများ သည် ဘုရားလူမျိုးတော်ကြီးမှဖြစ်လာခဲ့၍ မိမိတို့သည်လည်းဘုရားသခင့်လူမျိုး တော်၏တစ်စိတ်တစ်ပိုင်းဖြစ်နေ သည်ကိုအစဉ်အမှတ်ရရန်၊ ထို့ကြောင့်မိမိတို့၏သာသနာပြုလုပ်ငန်း များပိုမိုထိရောက်အောင်မြင်စေရန် ပိုမိုကြီးမားသောအမိသာသနာတော် ကြီး၏ကွန်ရက်အဖွဲ့အစည်းနှင့် ချိပ်စက်လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ သာသနာပြုအသင်းအဖွဲ့ကြီးများအား ဆုတောင်းခြင်းနှင့်သာ သနာပြု ရာ၌အကျိုးရှိထိရောက်မည့်အရင်းအမြစ်များကိုစုစည်း၍ ရှင်းလင်းစွာဖြင့်ဘုရားသခင်၏လူမျိုး တော်အားလက်ဆင့်ကမ်းသင်ကြားပေးရန် ကို လည်းတိုက်တွန်းထားသည်။

ရဟန်းမင်းကြီးအသိအမှတ် ပြုထားသောသာသနာပြုအသင်းကြီးအနေဖြင့် မိမိတို့သာသနာပြုနေသောဒေသာရှိ သာသနာအတွက် အသုံးခံကိရိယာတန်ဆာဖြစ်ရန်ခံယူထားရမည်။ အထူးသာသနာပြုနည်းနာများကိုအသုံးပြုရန်မလို။ လက်ရှိမြေပြင်အခြ​ေ အနေ၏လိုအပ်ချက်ကိုကိုယ်တိုင်မြင်တွေ့ရသည့်အတိုင်းလက်တွေ့ကျသောနည်း လမ်းများကိုဖန်တီးရယူရန်နှင့်ပညာရှင်များသာပြုလုပ်နိုင် သောအခြေအနေကိုမျှော်လင့်မနေသင့်ကြောင်း၊ ဘုရားသခင်၏လူမျိုးတော်များ၏ဘ၀အမှန်ကိုကြည့်ရန်၊ မှန်ထဲ၌သာမကြည့်ရန်နှင့်လက် တွေ့ ခံစား နေရသော၄င်းတို့၏၀န်ကိုပေါ့အောင်၊ ပိုမိုလေးလံအောင်မဖန်တီးရန်တိုက်တွန်းထားသည်။

အလှူများ
သာသနာပြုအဖွဲ့အစည်းကြီးသည် အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) ကဲ့သို့ရံပုံငွေရရှိရေး ကိုသာဇောင်းပေးအသွင်ပြောင်းမသွား စေရန်၊ အကြောင်းအမျိုးမျိုးကြောင့် အချို့သောအပိုင်း၌အလှူ ငွေများလျော့နည်းသွားလျင်အခြားသောနည်းလမ်း များဖြင့်အခက်အခဲကိုမိမိ တို့ ကိုယ်တိုင်လည်းကြံဆ ပြီးဘုရားသခင်၏လူမျိုးတော်များအားလုံး၏ပူးပေါင်းပါ၀င်မူဖြင့်ဖြေရှင်းကြရန်၊ နည်းလမ်းမကျသော အပေးအယူပြု လုပ် သည့်နည်းလမ်းများဖြင့်မဖြေရှင်းရန်၊ ကမာ့သာသနာပြုများနေ့ကိုနှစ်စဉ်အောက်တို ဘာလတွင်ကျင်းပမြဲဖြစ်ရာ၊ ဤဦးတည်ချက်ကိုအရယူရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။
အလှူများကိုအသုံးပြုရာ၌သာသနာပြုများ၏အခြေခံလိုအပ်ဆုံးအရာ များ၌အသုံးပြုရန်ကို လည်းအထူးသတိထားရန်၊ တစ်ချိန်တည်း ၌အလျှံပယ်သုံးခြင်းကိုလည်းရှောင်ရှားရန်၊ ချို့တဲ့သူများ၉၉ ကိုလည်းမမေ့လျော့ရန်၊ သာသနာပြုအသင်းကြီးများသည်ထောင်သောင်းသော ဘုရား သခင်၏လူမျိုးတော်မျက်နှာတော်ကိုကိုယ်စားပြုနေသည်။ ထို့ကြောင့်ဧ၀ဂေလိသတင်းကောင်းကြေငြာဟောပြော ခြင်းမှလွှဲ၍မလိုအပ်သော အခြားကိစွများထပ်မံမဖြည့်စွပ်ရန်သတိထားရမည်။ မည်သည့်စံချိန်စံနှုန်းမှီ ရန်ဆို၍ဖြည့်စွပ်ခြင်းသည်တကမာလုံးနှင့်ဆိုင်သော ခရစ်ယာန် ယုံ ကြည်ခြင်းကိုမှေးမှိန်သွားစေသည်။
နောက်ဆုံး၌ရဟန်းမင်းကြီး၏အသိအမှတ်ပြုခံထားရသောသာသနာပြုအသင်းကြီးများအနေ ဖြင့်သာသနာအတွင်း၌မိမိတို့စိတ် ကြိုက် ဆုံးဖြတ်လုပ်ကိုင်နိုင်သောအသင်းများမဟုတ်။ ၄င်းတို့ပြုလုပ် ဆန်းသစ်သမျှသည်ရောမမြို့၏ဆရာတော် (ရဟန်းမင်းကြီး) နှင့်ချိပ်ဆက်ဆန်း သစ်ရမ၉ည်ဖြစ်သည်။ စိန့်အီညှားရှို၏အဆိုအမိန့်ဖြစ်သော ‘ဝဝအားလုံးသည်သင့်အပေါ်၌တည်မှီနေသကဲ့သို့ခံယူပြီး၊ သင့်အ မူတော်ကိုအ ကောင်းဆုံးဆက်ကပ်ပါ။ ထိုတစ်ချိန်တည်းတွင်အရာအားလုံးသည်ဘုရားသခင်၌တည် နေသည်ကိုလည်းမမေ့ပါနှင့်’ ဟုအားပေးတိုက်တွန်းရင်း နိဂုံးချုပ်ထားပါသည်။

 

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2AStLiB

Add new comment

1 + 1 =