ရဟန်းမင်းကြီး၏ကိုဗစ် (၁၉) ၏ဘေးနှင့်ကမ္ဘာ့ရွေ့ပြောင်းများနှင့်ဒုက္ခသည်မျာနေ့၏သတင်းစကား

ရဟန်းမင်းကြီး၏ကိုဗစ် (၁၉) ၏ဘေးနှင့်ကမ္ဘာ့ရွေ့ပြောင်းများနှင့်ဒုက္ခသည်မျာနေ့၏သတင်းစကား

ရဟန်းမင်းကြီး၏ကိုဗစ် (၁၉) ၏ဘေးနှင့်ကမ္ဘာ့ရွေ့ပြောင်းများနှင့်ဒုက္ခသည်မျာနေ့၏သတင်းစကား

ရဟန်းမင်းကြီးသည် ကမ္ဘာ့ရွေ့ပြောင်းများနှင့်ဒုက္ခသည်များနေ့၌ဒေသမငြိမ်းခြင်း၊ ဆင်းရဲနွမ်း ပါးခြင်း၊ ကမ္ဘာကြီးပူနွေးလာ၍လုပ်ကိုင်စားသောက်ရန်အခြေအနေနည်းပါးလာခြင်းတို့ကြောင့်နေရာ ဒေသစွန့်ခွာကြသောအမျိုးသား၊ အမျိုးသမီးနှင့်ကလေးငယ်သန်းပေါင်းများစွာကိုတိုင်တည်၍သတင်း ပါးခဲ့သည်။

ကိုဗစ် (၁၉) ရောဂါဆိုးကြီးကိုတိုက်ပွဲ၀င်နေစဉ် ရဟန်းမင်းကြီးသည်စွန့်ပစ်ခြင်း၊ လစ်လျူရူခြင်း၊ ခွဲခြားဆက်ဆံခံနေကြရသောသူများ၏အရေးကိုလည်းမေ့မထားနိုင်ရှာပေ။ ယခုနှစ်သည် မိမိတို့နေရပ် ဒေသစွန့်၍ရေကြည်ရာ၊ မြက်နုရာရွေ့ပြောင်းကြသောသူများနှင့်ဒုက္ခသည်များ၏ (၁၀၆) ကြိမ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည်။ ဤနေ့ကို (၂၀၂၀၊ စက်တင်ဘာလ၊ ၂၇) ရက်နေ့တွင်ကျင်းပမည်ဖြစ်သည်။ ထိုနှစ်ပတ်လည်နေ့ကျင်းပခြင်း၏ဆင်ခြင်စရာသတင်းစကားမှာ လွှတ်ငြိမ်းအောင်ယေဇူးသခင်ကဲ့သို့အ မိန့်ပေးပါ ဟုဖြစ်သည်။

ယနေ့မျက်မှောက်ခေတ်၏စိန်ခေါ်ချက်

ရဟန်းမင်းကြီးသည် လူသားတို့၏အသက်ရှင်သန်ရေးအရေးပေါ်လိုအပ်ချက်နှင့်ကမ္ဘာကြီးပူနွေး လာမူ၏ထိခိုက်ပွန်တိုက်မူအကြောင်းကိုမီးမောင်းထိုးပြထားသည်။ ထိုထိခိုက်ပွန်တိုက်မူများကြောင့် လုပ်ကိုင်စားသောက်ရန်ခက်ခဲလာပြီး၊ ဒေသခံများနေရပ်စွန့်ကာခြေတစ်လုံးအိမ်တိုင်များဖြစ်လာနေကြ သည်။ ထို့ကြောင့်၄င်းတို့၏လူမူရေးအခြေအနေသည်အလွန်နိမ့်ချချို့တဲ့လာသည်။ ပြည်တွင်းအိမ်ယာမဲ့ ပြသာနာသည်လက်ရှိကမာ၏အမြင့်ဆုံးစိန်ခေါ်မူကြီးဖြစ်နေသည်။

(၂၀၂၀) ၏ကမ္ဘာ့စစ်တမ်းများအရ ပြည်တွင်းဒေသစွန့်ခွာသူများ၊ ပဋိပက္ခများ၊ ဘေးဒဏ်အမျိုး မျိုးကြောင့်အိမ်ရာမဲ့ဖြစ်ခဲ့သူပေါင်း (၃၃.၄) သန်းရှိကြောင်း၊ ဤဦးရေမှာကမ္ဘာ့နိုင်ငံပေါင်း (၁၄၅) မှဖြစ် ပြီး၊ (၂၀၁၉) ခုနှစ်တွင်ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ ဒေသမတည်ငြိမ်မူ၊ ပြသာနာ ပေါင်းစုံနှင့်ဘေးဒဏ်အ မျိုးမျိုးသည်နှစ်စဉ်အိုးမဲ့အိမ်မဲ့သန်းနှင့်ချီ၍ထွက်ပေါ်လာနေစေပါသည်။ လက်ရှိကြုံတွေ့နေရသောကပ် ရောဂါ ဆိုးကြီး ၏ရိုက်ခတ်မူသည်အရေးပေါ်လိုအပ်ချက်များကိုအချိန်မှီကူညီကယ်တင်မည့်ကမာ့အဖွဲ့အ စည်းများကိုအလွန်အခက်အခဲ ရောက် စေမည်ဖြစ် သည်။ အတိဒုက္ခရောက်နေသူများ၌ယေဇူးသခင်၏မျက်နှာကိုမြင် နိုင်ရမည်။ ဤစိန်ခေါ်ချက်ကိုကြိယာလေးလုံးဖြင့် (၂၀၁၈) ယနေ့ ကဲ့သို့နေ၏ သ၀ဏ်လွှာတွင်ဖော်ပြ ထားသည်။ ထိုကြိယာလေးလုံးမှာ ကြိုမည်။ ကာကွယမည်။ မြှင့်တင်မည်။ ဖော်ဆောင်မည်ဖြစ်သည်။

ကြိယာခြောက်တွဲပါစကားစုအသစ်

ယခုနှစ်၌ (၂၀၁၈) ၏သ၀ဏ်လွှာ၌ကြိရိယာစကားစုခြောက်ခုကိုထပ်တွဲတင်လိုက်သည်။ ထိုစကားလုံးတွဲခြောက်လုံးမှာလက်တွေ့ကျသောလုပ်ဆောင်ချက်များလည်းပါပြီးဖြစ် သည်။ ထို့အတူကြောင်းကျိုးတရားနှင့်တွဲပြီးသားဖြစ်သည်။ ထိုစကားစုခြောက်ခုမှ

၁။ နားလည်ရန်သိရှိထားပါ။

ဗဟုသုတသည်နားလည်ခြင်းအတွက်အရေးကြီးသောခြေလှမ်းဖြစ်သည်။ ရွေ့ပြောင်းနှင့်အိမ်ရာ မဲ့တို့အကြောင်းပြောဆိုသောအခါကျွန်ုပ်တို့အားလုံးသည်အချက်အလက်များ၊ လူဦးရေစာရင်းများအ ဆင့်၌ရပ်တန့်သွားကြသည်။ အမှန်မှာအချက်အလက်၊ လူဦးရေစာရင်းမျှသာမဟုတ်။ လူသားစဉ်စစ်တို့ ၏အဖြစ်ဖြစ်သည်။ သူတို့နှင့်တွေ့ဆုံပြီး၊ သူတို့၏ဘ၀အဖြစ်အပျက်ကိုသိအောင်ပြုလုပ်မှသာလျှင်သူတို့ ၏ဘ၀ကိုနားလည်လိမ့်မည်။ ဥပမာဆိုရသော်ယခုကိုဗစ် (၁၉) ကပ်ရောဂါဆိုးကြီးသည်ကျွန်ုပ်တို့၏ဘ ၀ကိုအဘယ်မျှကြောက်ရွံ့စိုးရိမ်စိတ်ဖြစ်စေသည်ကိုကိုယ်တိုင်ကြုံ၍ဖြတ်သန်းနေရသောကြောင့်သိသကဲ့သို့ပင်ဖြစ်သည်။

၂. အစေခံနိုင်ရန်နီးနီးကပ်ကပ်နေပါ။

ကြောက်ရွံ့စိတ်နှင့်ကြိုတင်ဆုံးဖြတ်တတ်သည့်စိတ်သည် ကျွန်ုပ်တို့ကိုအခြားသူများနှင့်ဝေးကွာစေသည်။ ထို့အတူ၄င်းတို့၏လိုအပ်ချက်ကိုချစ်ခြင်းမေတ္တာဖြင့်ကူညီရန်အလှမ်းဝေးသွားစေ သည်။ အခြားသူများနှင့်နီးကပ်စွာနေထိုင်ခြင်းဟုဆိုရာ၌တစ်ခါတစ်ရံစွန့်စားရသည်။ ဥပမာအားဖြင့် လွန်ခဲ့သောလများ၌ကိုဗစ် (၁၉) ရောဂါစွဲကပ်နေသောလူနာများကိုမကြောက်မရွံ့ကုသပြုစုပေးသော ဆရာ၀န်များ၊ သူနာပြုများ၏ ဘ၀သည်ကျွန်ုပ်တို့ အတွက်အကောင်းဆုံးသင်ခန်းစာဖြစ်သည်။

၃. ကျေအေးခြင်းကိုပြုလုပ်နိုင်ရန်နားထောင်ရမည်။

ယနေ့ကမ္ဘာ၌သတင်းများပွားလျှက်ရှိသည်။ နားထောင်တတ်သည့်အလေ့အကျင့်သည်ပျောက် ဆုံးနေသည်။ နားထောင်တတ်သည့်အလေ့အကျင့်ကိုပြန်လည်ရရှိရန်မှာနှိမ့်ချခြင်းဖြင့်အာရုံစူးစိုက်နား ထောင်တတ်ရမည်။ သို့မှသာအမှန်တကယ်ကျေအေးနိုင်မည်ဖြစ်သည်။ ယခုနှစ်ကျွန်ုပ်တို့၏လမ်းဆုံ လမ်းများ၌ ခြောက်ခြားစရာကောင်းသောတိတ်ဆိတ်မူကြီးမင်းမူခဲ့သည်။ ထိုတိတ်ဆိတ်မူကြီးသည် အားနည်းသူ၊ အခြေအနေမဲ့သူများနှင့်ဆိုးရွားစွာဆုတ်ယုတ်လာနေသောကမ္ဘာမြေကြီး၏အော်ဟစ်သံ ကိုနားထောင်ရန်အခွင့်အရေးတစ်ခုဖြစ်ခဲ့သည်။

၄. ဝေမျှရန်အတွက်ကြီးထွားလာရန်လိုအပ်သည်။

ဖန်ဆင်းရှင်ဘုရားသခင်သည် ကမ္ဘာကြီး၏အရင်းအမြစ်ကိုလူအနည်းငယ်ကသာလက်ဝါးကြီး အုပ်ကာအကျိုးအမြတ်ကိုခံစားရန်အလိုတော်မရှိ။ ကိုဗစ် (၁၉) ရောဂါကပ်ဆိုးကြီးသည်ချမ်းသာသူများ သာခံရသည်မဟုတ်။ ဤရောဂါကပ်ဆိုးကြီးကိုအားလုံးအတူတူမျှခံကြသကဲ့သို့ကောင်းကျိုးကိုလည်း အားလုံးမျှတူခံစားရမည်ဖြစ်ကြောင်း သင်ကြားပေးနေသည်။ ထို့ကြောင့်အဘယ်သူမျှတစ်ဦးတည်းဘေး ရန်ကင်း‌ေ၀းစွာမနေနိုင်။ မရှင်သန်နိုင်သည်ကိုအသိပေးနေသည်။

၅. မြှင့်တင်နိုင်ရန်ပါ၀င်လုပ်ဆောင်ပါ။

ကျွန်ုပ်တို့ကူညီနေသူများအားမြှင့်တင်ပေးလိုပါလျင်၊ ၄င်းတို့၏လက်ရှိအခြေအနေမှရုန်းထွက်နိုင် ရန်ပါ၀င်ကူညီပေးရမည်။ အတူတကွ တာ၀န်ယူဖြေရှင်းခြင်းသည်အဘယ်မျှအရေးကြီးကြောင်းကို ကို ဗစ် (၁၉) ရောဂါဆိုးကြီးသည်ကျွန်ုပ်တို့အားသင်ခန်းစာပေးနေသည်။ အဘယ် ကြောင့်ဆိုသော်အားလုံး ၏ပူပေါင်းပါ၀င်မူ၊ ထိုပါ၀င်မူတွင်မည်သည့်အခါမျှအရေးကြီးသည်ဟုသတ်မှတ်မခံရသောသူတို့၏ပါ၀င် မူပင်လျင် အရေးပါလာသည်။ ထို့ကြောင့်လူတိုင်းသည်အရေးကြီးသည်၊ လိုအပ်သည်ကိုသိရှိလာအောင် ကြိုးစားပြီး၊ အားလုံးကိုနွေးထွေးစွာကြိုဆိုရန်၊ ညီ အစ်ကိုမောင်နှမစိတ်မွေးရန်၊ တစ်စိတ်တစ်၀မ်းတည်း ရှိရန်တည်ဆောက်လုပ်ဆောင်ရမည်။

၆. တည်ဆောက်နိုင်ရန်ကူညီလုပ်ဆောင်ပါ။

ဘုရားသခင်၏နိုင်ငံတော်ကိုတည်ဆောက်ရန်တာ၀န်သည်အားလုံးသောခရစ်ယာန်များနှင့်ဆိုင်သည်။ ထို့ကြောင့်အချင်းချင်းကူ ညီ လုပ်ဆောင်တတ်ရန်သင်ကြားရမည်။ ထိုသို့လုပ်ဆောင်ရာတွင်သူ သာကိုယ်သာမနာလိုစိတ်များမ၀င်မိစေ၊ မတိုင်းတာမိစေနှင့်။ ကွဲပြားမူများ မွေးဖွားစေနှင့်။ လက်ရှိအ နေအထား၌မိမိကိုယ်မိမိဗဟိုပြုလွန်းရမည့်အချိန်မဟုတ်။ အဘယ်ကြောင့်ဆိုသော်လက်ရှိရင်ဆိုင်နေရ သောပြသာ နာသည်အားလုံး၏ပါ၀င်မူ၊ အားလုံးကလည်းမျှယူရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ဘုံအိမ်ကို ကာကွယ်ရန်နှင့်ဘုရားသခင်၏မူလအစီအမံတော် အ တိုင်းပြန်လည်ဖြစ်ရန်မှာနိုင်ငံတကာ၏ပါ၀င်လုပ် ဆောင်မူ၊ တစ်ကမာလုံး၏စိတ်တစ်လုံးတစ်၀မ်းတည်းထားရှိမူ၊ အဘယ်သူအား မျှချန်လှန် ဖယ်ထုတ်မူမရှိရန်လိုအပ်သည်။

ရှင်ဂျိုးဇက်ကိုစံပုဂ္ဂိုလ်အဖြစ်ထားရှိဆုတောင်းခြင်း

ရဟန်းမင်းကြီးသည်သူ၏မိန့်ခွန်းကိုသ၀ဏ်လွှာ၏ခေါင်းစဉ်ကိုထင်ဟပ်စေမည့်ထောက်ရူချက်ဖြင့်အဆုံးသတ်ထားသည်။ ဤသို့ထောက်ရူရခြင်းမှာရှင်ဂျိုးဇက်ထံမှရရှိခြင်းဖြစ်ကြောင်း၊ အဘယ်ကြောင့် ဆိုသော်ယေဇူးသူငယ်တော်သွေးနုသားနုအချိန်တွင်သူငယ်အတွက်ဘေးသင့်ရောက်နိုင်သေကြောင့်အီ ဂျစ်နိုင်ငံသို့ထွက်ပြေးတိမ်းရှောင်ရန်အတင်းအကြပ်ခိုင်းစေခံခဲ့ရသည်။

အဖ၊ ကိုယ်တော်သည်ကိုယ်တော့်အတွက်အလွန်အဖိုးထိုက်လှသော သူငယ်တော်ယေဇူးနှင့် သူ ၏မိခင်မယ်အားမကောင်းမူ၏ခြိမ်းခြောက်မူ၊ ဘေးရန်မှကာကွယ်လွှတ်ကင်းစေရန် ရှင်ဂျိုးဇက်အား အပ်နှံခဲ့သည်။ ကျွန်ုပ်တို့လည်းရှင်ဂျိုးဇက်၏ကာကွယ်မူနှင့်အကူအညီကိုခံစားရစေတော်မူပါ။ အမုန်း၏ ဘေးမှလွှတ်မြောက်သွားသောသူတို့၏ကျမ္မာကိုခံထမ်းဝေမျှခဲ့သူသည်၊ စစ်ဘေး၊ နွမ်းပါးချို့တဲ့မူ၊ အခြေအနေအမျိုးမျိုးကြောင့်မိမိတို့၏နေရပ်များကိုစွန့်ခွာထွက်ပြေးနေရသောကျွန်ုပ်တို့ညီအစ်ကို မောင်နှမများအားလည်းကာကွယ်ပေးစေတော်မူပါ။ လုံခြုံသောနေရာများကိုတွေ့ရှိစေတော်မူပါ။ ရှင် ဂျိုးဇက်၏ထပ်ဆင့်ဆုတော်းပေးခြင်းအားဖြင့်ထိုအတိဒုက္ခရောက်နေသူများအားခွန်အားပေး၍ ဆက်လက်ရှင်သန်နိုင်ရန်၀မ်းနည်းချိန်၌နှစ်သိမ့်ခြင်းနှင့်ရဲစွမ်းသတ်တိကိုပေးတော်မူပါ။ အိုတရားပြီး၊ အမြော် အမြင်ရှိသောအဖ၊ ၄င်းတို့အားကြိုဆိုလက်ခံသောသူတို့အားကိုယ်တော်သည်ယေဇူးသခင်ငယ်တော်နှင့် အမိမယ်တော်ကိုနူးညံ့သောချစ်ခြင်းဖြင့်ချစ်သကဲ့သို့ချစ်နိုင်စေတော်မူပါ။ နေ့စဉ်နှင့်အမျှလိုအပ်သောအ စားအစာကိုရိုးသားစွာဖွေရှာစားသောက်ရာတွင်စောင့်ရှောက်ပေးတော်မူပါ။ အလုပ်ဂုဏ်ကိုတိုးစေတော် မူပါ။ မိသားစုအတွင်း၌လည်းစား၀တ်နေရေးပြေလည်၍ငြိမ်းချမ်းပျော်ရွှင်စေပါ။ ဤကောင်းကြီးများ အားလုံးကို ရှင်ဂျိုးဇက်၏အကူအညီဖြင့်အီဂျစ်ပြည်သို့ထွက်ပြေးတိမ်းရှောင်ခြင်းအားဖြင့် အသက်ဘေး မှကင်းလွှတ်ခဲ့သောကိုယ်တော်၏သားတ္ကော်ယေဇူးခရစွတူးအားဖြင့်တောင်းလျှောက်ကြပါသည်။ ထို့အ ္ကစွာတရားကြီးမားသောအိမ်ထောင်ဦးစီးအဖြစ်ကိုယ်တော်၏အလိုတော်အတိုင်းချစ်သောအမိမယ်တော်၏ထပ်ဆင့်ဆုတောင်းပေးခြင်းအားဖြင့်လည်းတောင်းလျှောက်ကြပါသည်။ အာမင်

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3cHfZgu

Add new comment

3 + 6 =