ခရစ်ယာန် အသက်တာ၏ ဆုတောင်းမေတ္တာသည် ဘုရားသခင် နှင့်ရင်းနှီးကျွမ်းဝင်မှုရှိသော၊ ဘုရားသခင် အားအကြွင်းမဲ့ယုံကြည် အားကိုးနိုင်သော၊ ခိုင်မာသော ဆုတောင်းမေတ္တာဖြစ်သည်။

ခရစ်ယာန် အသက်တာ၏ ဆုတောင်းမေတ္တာသည် ဘုရားသခင် နှင့်ရင်းနှီးကျွမ်းဝင်မှုရှိသော၊ ဘုရားသခင် အားအကြွင်းမဲ့ယုံကြည် အားကိုးနိုင်သော၊ ခိုင်မာသော ဆုတောင်းမေတ္တာဖြစ်သည်။

ခရစ်ယာန် အသက်တာ၏ ဆုတောင်းမေတ္တာသည် ဘုရားသခင် နှင့်ရင်းနှီးကျွမ်းဝင်မှုရှိသော၊ ဘုရားသခင် အားအကြွင်းမဲ့ယုံကြည် အားကိုးနိုင်သော၊ ခိုင်မာသော ဆုတောင်းမေတ္တာဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဆုတောင်းမေတ္တာသည် လူသားအားလုံးနှင့်သက်ဆိုင်သည်- ဆုတောင်းမေတ္တာပြုခြင်းသည် ဘုရားရှင်နှင့် ရင်းနှီး ကျွမ်းဝင်မှုရှိ ပြီး စိတ်နှလုံးအကြွင်းမဲ့ဘုရားရှင်အားယုံကြည်အားကိုးနိုင်သည် အစရှိသော ဆုတောင်းမေတ္တာ၏ တန်ဖိုးရှိသောအနှစ်သာရများအကြောင်းကို ၂၀၂၀ ပြည့်နှစ် မေလ ၁၃ ရက်နေ့က မိန့်ကြားတော်မူခဲ့ပါသည်။

ကမ္ဘာ့ကပ်ရောဂါဖြစ်သောကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုးကြီး ကမ္ဘာ့မြေပေါ်မှကွယ်​ပျောက်သွားဖို့ရန်အတွက် ဘုရားရှင်အထံတော်မှာ မေလ ၁၄ ရက် ကြာသာပတေးနေ့၌ အတူတကွဆုတောင်းကြဖို့ ဖိတ်ခေါ်ခဲ့ပသာည်။

ဆုတောင်းမေတ္တာသည်လူသားအားလုံးနှင့်သက်ဆိုင်သောကြောင့် မည်သည့်ဘာသာတရားကိုမဆိုသက်ဝင်ယုံကြည်သော သူဖြစ်စေ ဆုတောင်းမေတ္တာပြုနိုင်သည်ဟု ရဟန်းမင်းကြီးက မိန့်ကြားတော်မူခဲ့ပါသည်။

နှလုံးသား၏စီးဆင်းရာ 

ဆုတောင်းမေတ္တာ ပြုခြင်းအားဖြင့်ကျွန်ုပ်တို့သည် ဘုရားရှင်နှင့် ခင်မင်ရင်းနှီးစွာဖြင့် နက်ရှိုင်းစွာပေါင်းစပ်နိုင်ကြသည်။ ခရစ်ယာန် ဘာသာရေးစာပေများကိုရေးသားသော စာရေးဆရာများပြောလေ့ ရှိသည်မှာ ' ဆုတောင်းမေတ္တာ သည် ကျွန်ုပ်တို့ ဖြစ်တည်မှု၏ အတွင်းဘက်အနက်ရှိုင်းဆုံးနေရာ၌ မွေးဖွားခြင်းခံရသည်။ ထိုနက်ရှိုင်းသောနေရာကို နှလုံးသား ဟုခေါ်သည်' ။
ကျွန်ုပ်တို့ ၏ဖြစ်တည်မှုသည် ကိုယ်၊ စိတ်၊ နှလုံး သုံးပါးဖြင့်ဖွဲ့စည်းတည်ဆောက်ထားသည်။ ထို့ကြောင့် ဆုတောင်းမေတ္တာ ပြုရာ၌ ကိုယ်၊ စိတ်၊ နှလုံး သုံးပါး ပေါင်းစပ်ခြင်းအားဖြင့်ဆုတောင်းမှသာလျှင် ဆုတောင်းမေတ္တာ၏ နက်နဲသော၊ တန်ဖိုးရှိသော အနှစ်သာရများကိုခံစားသိရှိနိုင်မည်ဖြစ်သည်။ မိမိတို့၏ ခန္ဓာကိုယ် တစ်ခူ တည်းအားဖြင့်သော်လည်းကောင်း၊ စိတ်ဝိညာဉ်တစ်ခုလည်းအားဖြင့်သော်လည်းကောင်း၊ အသိဉာဏ် တစ်ခုတည်းအားဖြင့်သော် လည်းကောင်း ဆုတောင်းမေတ္တာ၏ တန်ဖိုးကို နားမလည်နိုင်ပေ။ ထို့ကြောင့်ပုပ်ရဟန်းမင်းက 'လူသားသည် ကိုယ်စိတ်နှလုံးသုံးပါးအားဖြင့် ဆုတောင်းမေတ္တာပြုသည်' ဟု မိန့်ကြားတော်မူခဲ့ပါသည်။

ဘုရားသခင်ကိုနားမလည်နိုင်သောနက်နဲရာများနှင့်ဖုံးကွယ်မထားပါ

ဆုတောင်းမေတ္တာသည် တောင်းတမျှောင်လင့်ခြင်းဖြစ်သည်။ ထိုသို့သော တောင့်တမျှောင်လင့်ခြင်းသည် ကျွန်ုပ်တို့က အခြားလူတစ်ဦးတစ်ယောက်အား ရှာဖွေတောင့်တ ခြင်းထက်သာလွန်သည်။ သင်က ဘုရားရှင်တစ်ဦးတည်းကိုသာ ကြိုးစားရှာဖွေခြင်းသည် ဆု တောင်းမေတ္တာပြုခြင်း ဖြစ်သည်။
ခရစ်ယာန် အသက်တာ၏ ဆုတောင်းမေတ္တာသည် နက်နဲသောအရာများထဲ၌တည်ရှိနေသော ဘုရား ရှင်ကိုရှာဖွေ
ခြင်းနှင့် စတင်သည်။ ခရစ်ယာန်ဘာသာတရားသည် ကိုးကွယ်ယုံကြည်မှုတစ်ခုဖြစ်ပြီး ခမည်းတော်ဘုရား၊ သားတော်ဘုရား၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရား ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူ၏ ဘုန်းတော်ဂုဏ်တော်ကို စဉ်ဆက်မပြတ် ရိုသေဝတ်ပြု ကိုးကွယ်ခြင်းဖြစ်သည်။

 

ရင်းနှီး ကျွမ်းဝင်သောဆက်နွယ်မှု

အဖခမည်းတော် ဘုရားသည်ကျွနုပ်တို့၌ အစဉ်တည်ရှိနေမှုကို တစ်ပါးတည်းသော သားတော်ဖြစ်တော်မူသော သခင်ခရစ်တော်အားဖြင့် ထုတ်ဖော်ပြ တော်မူ၏။ ထို့ကြောင့် ခရစ်ယာန်တို့၏ ဆုတောင်းမေတ္တာသည် ဘုရားရှင်နှင့် ကျွန်ုပ်တို့အကြား၌ ကြောက်ရွံ့မှုကင်း သော၊ စိုးရိမ်ပူပန်မှုကင်းသောဆက်နွယ်မှုကို သယ်ဆောင်လာပေးသည့်ပေါင်းကူး တံတား တစ်ခုပင်ဖြစ်သည်။

ခရစ်ယာန် ဘာသာတရားသည်ဘုရားသခင်နှင့်ဆက်သွယ်ရာ၌ အဆင့်အတန်းခွဲခြားသောပုံစံအပြုအမူများကိုဖယ်ထုတ်ခဲ့ပြီးဖြစ်သည်။ သူတစ်ပါးကိုလွှမ်းမိုးချုပ်ကိုင်လိုသောစိတ်ထားများ၊ အာဏာမက်မောခြင်းနှင့်ပတ်သက်ပြီးဖြစ်ပေါ်လာသောလိုခြင်တပ်မက်မှုများ၊ သူတစ်ပါးအားကျွန်ပြုလိုခြင်းစိတ်ထားများကို ညီအစ်ကိုမောင်နှမစိတ်ဓာတ်၊ ဘုရားရှင်၏ ပျက်ပြယ်မသွားနိုင်သောသစ္စာတရား၊ တစ်လုံးတစ်ဝတည်းရှိမှုတို့ဖြင့် အစားထိုးခဲ့ပြီးဖြစ်သည်

ဘုရားသခင်သည် ကျွန်ုပ်တို့၏ အရင်းဆုံးမိတ်တွေ၊ ကျွန်ုပ်တို့၏ မဟာမိတ်၊ ကျွန်ုပ်တို့၏ သတို့သားဖြစ်တော်မု၏။ကျွန်ုပ်တို့သည် ဆုတောင်းမေတ္တာ ပြုခြင်းဖြင့် ဘုရားသခင်နှင့်ခိုင်မာရင်းနှီးသောဆက်နွယ်မှုကို ယုံကြည်စိတ်ချစွာတည်ဆောက်နိုင်ကြသည်။ ဘုရားသခင်၌ အကျွင်းမဲ့ယုံကြည်ခြင်း သခင်ခရစ်တော်သည် ကျွန်ုပ်တို့အားယုံကြည်ခြင်းဖြင့် ဘုရားသခင်ထံ ချဉ်းကပ်နိုင်ဖို့ရန်အတွက် ' ကောင်းကင်ဘုံမေတ္တာ'ကို သင်ကြားပေးတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်အထံတော်၌ လိုအပ်သမျှအရာတိုင်းကို တောင်းခံနိုင်သည်။ မိမိတို့၏ခံစားချက်များကို ယုံကြည်စိတ်ချစွာ ရင်ဖွင့်နိုင်သည်။ ကျွန်ုပ်တို့၏ အခြေအနေများ ၊ အတွေးအခေါ်အမြင်များ မည်သို့ပင်နိမ့်ကျစေကာမူ ဘုရားသခင်သည်ကျွန်ုပ်တို့အပေါ်၌ အမြဲတမ်း သစ္စာရှိကြောင်းကျွန်ုပ်တို့သိကြသည်။ ထို့အပြင် ဘုရားသခင်သည် ကျွန်ုပ်တို့အားသနား ကြင်နာခြင်း ချစ်ချင်းမေတ္တာတော်အား ဖြင့်ထွေးပိုက်ထားတော်မူ၏။ ဘုရားရှင်သည်ကျွန်ုပ်တို့အပေါ်၌ အစဉ်အမြဲ အချိန်းတိုင်း စက္ကန့်တိုင်း အခြေအနေအရပ်ရပ်တိုင်း၌ သစ္စာရှိသော မိတ်ဆွေကောင်းဖြစ်၏။

လူသားတို့သည် ဘုရားရှင်၏ကြီးအားလှသော ချစ်ချင်းမေတ္တာကို မတုံ့ပြန်ဘဲ မသိကျိုးကျွံပြုလျှင်တောင်မှ ဘုရားသခင်၏ ကျွန်ုပ်တို့အပေါ်၌ထားရှိသောချစ်ချင်းမေတ္တာသည်ရပ်တံ့သွားမည်မဟုတ်ပေ။ ထိုချစ်ချင်းမေတ္တာသည်သူ့အားကာလ်ဝါရီတောင်းကုံးစီသို့ပို့လျှင်တောင် သူ၏ချစ်ချင်းမေတ္တာသည် ရပ်တံသွားမည်မဟုတ်ပေ။ ကျွန်ုပ်တို့အားဆက်၍ ချစ်နေမည်သာဖြစ်ပေသည်။ မပျက်ပျယ်နိုင်သောသစ္စာတရား၏ နက်နဲမှုပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဘုရားရှင်၏မပျက်ပြယ်နိုင်သောသစ္စာရား၏ နက်နဲမှုကိုထိတွေ့ခံစားကြဖို့ လူသားများအား ဖိတ်ခေါ်ရင်းသူ၏ သြဝါဒကို နိဂုံး ချုပ်ခဲ့ပါသည်။ ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူး၏ ပြည့်ဝပျော်ရွှင်သော အသက်တာ၌ပါဝင်ရင်းဘုရားရှင်၏ အကြင်နာတရားကြီးမားသော လက်များဖြင့်ထွေးပိုက်မှုကို ခံစားနိုင်ဖို့ရန်အတွက် ဆုတောင်းမေတ္တာ၌ မွေ့လျှော်ကြပါစို့။ လူသားတိုင်းသည်ထိုသို့ခံစားနိုင်ဖို့ရန်အတွက် အဆင့်အတန်းအရောင်အဆင်းခွဲခြားမှုမရှဘဲ
ဖိတ်ခေါ်ခံရသည် ဟုမိန့်ကြားတော်မူခဲ့ပါသည်။

Translated by Sr. Geraldine Swe

 

https://bit.ly/3g4YMjo

Add new comment

1 + 0 =