သားသမီးလေးတွေကို ပြောဆိုနေထိုင်မှုတွေ သင်ပေးကြရအောင်

သားသမီးလေးတွေကို ပြောဆိုနေထိုင်မှုတွေ သင်ပေးကြရအောင်

Teaching Manners

          ဒီနေ့မှာ သားသမီးလေးတွေကို ပြောဆိုနေထိုင်မှုတွေ သင်ပေးကြရအောင် ဆိုတဲ့ အကြောင်းတွေ ပြောချင်ပါတယ်။

          သားသမီးလေးတွေကို ပြောဆိုနေထိုင်မှု mannersတွေ သင်ပေးရမှာက မိဘများရဲ့တာဝန်ရှိမှုပဲ မဟုတ်ပါကလား။

          ဒါဆိုရင် ဒီပြောဆိုနေထိုင်မှုတွေကို ဘယ်အချိန်ကစလို့ သင်ပေးမှာလဲ?

          ကိုယ့်သားသမီး ၆-လသာ အရွယ်ကစရင် မမှားပါဘူး။ ကလေးတစ်ယောက်ရဲ့ ဘဝအစမှာ မိဘကနေ ဒီကလေးငယ်လေးကို သာမန် နားလည်နိုင်တဲ့ စကားလုံးတွေဖြစ်တဲ့ ကျေးဇူးပြု၍ ကျေးဇူးပါ လို့ကလေးငယ်လေးကို သေးတွေစိုနေတဲ့  အနှီးလဲပေးတဲ့အချိန် သူ့ရဲ့အင်္ကျီလေးလဲပေးတဲ့ အချိန်တိုင်း ပြောတာဟာ ကိုယ့်သားသမီးကို ယဉ်ကျေးစွာပြောဆို နေထိုင်မှုရဲ့ အစဆိုရင်မမှားပါဘူး။ ဒီစကားစုကို ကလေးကမပြောတတ်လည်း သူ့ကိုအနှီးဝတ်လဲပေးရင်း အဝတ်အစားလဲပေးရင် ပြောပါလားဆိုပြီး နှားရည်ဝသွားပြီး မဟုတ်လား။

          ကလေးတစ်ယောက်ရဲ့ နှုတ်နဲ့ပြောဆိုနိုင်တဲ့ စွမ်းရည်မရှိသေးတဲ့ အချိန်မှာ သူ့ကိုနှားရည်ဝအောင် လုပ်တဲ့စကားပြော ရှု့ထောင့်တစ်ခုကို သင်ပေးလိုက်သလို ဖြစ်သွားပါတယ်။

          အရေးကြီးတာက နေ့စဉ်ဘဝတစ်သက်တာမှာ အခြေခံယဉ်ကျေးလိမ္မာတဲ့ ပြောဆိုနေထိုင်မှုကို သာမန် သင်ပေးလိုက်သလို အခုလိုကလေးတစ်ယောက်ကို ပိုကောင်းအောင် လုပ်ပေးတဲ့အတွက် ဒီကလေးဆီကလည်း ပိုကောင်းတဲ့ဆုလာဘ်ကို မိဘကတွေ့ကြုံရမှာပါ။

          ဒါဆိုရင် မိဘတွေက ကလေးဆီကနေ စစ်မှန်တဲ့ ယုံကြည်ရလောက်တဲ့ အသွင်အပြင်လက္ခဏာ တွေကို  ပေါ်လာမြင်လာဖို့ အထောက်အကူရတာပဲ မဟုတ်လား။

          ခုခါကမ္ဘာပေါ်မှာ ရိုင်းပြတဲ့လူငယ် adults တွေနဲ့ အများကြီးရှိနေပါတယ်။ ကိုယ့်သားသမီး တစ်ယောက် ယဉ်ကျေးလိမ္မာအောင် သင်ပေးရတာဟာ အထူးတလည် ဥပဒေတွေ စာပေကျမ်းဂန်တွေ ဖတ်ပြီးမှ သင်ပေးရတာမဟုတ်ပါဘူး။ မိဘကနေ ကိုယ့်ပတ်ဝန်းကျင်က မိတ်ဆွေတွေနဲ့ ပြောဆိုဆက်ဆံ ရတဲ့ အခါမှာ ကျေးဇူးပြု၍ ကျေးဇူးပါ၊ ဒါကမှားသွားပါတယ်။ Sorry ပါလို့ သားသမီးရှေ့မှာ ပြောဆိုရင်းနဲ့ သားသမီးကပါ ဒါကိုအတုယူသလို သူလဲပြုမူတက်လာတာပါ။

          သားသမီးလေးတွေကို မရလို့ manners သင်ပေးတယ်ဆိုတာ သူ့ကိုယ်သူပြန်ပြီး respect for Themselves အရိုအသေပေးတဲ့ သဘောနဲ့တခြားသူကိုလည်း အရိုအသေပေးတဲ့သဘောနဲ့ တခြားသူကို တန်ဖိုးထားတဲ့ သဘောကို ဆောင်စေပါတယ်။

          ကလေးရဲ့စိတ်ထဲမှာလည်း ငါဒီလိုပြောလိုက်တဲ့အတွက် တစ်ဘက်ရဲ့ ကျေးဇူးတင်ကာ၊ အရိုအသေပေးတာတွေ ခံရပါလားဆိုပြီး ကလေးရဲ့စိတ်မှာ မြင့်မြတ်တဲ့အမူအကျင့်တွေ ပိုပိုပြီး ပျံ့နှံ့သွား ပါတယ်။

          ငယ်တဲ့အရွယ်မှာ အခုလိုစာသင်ခဲ့ရင် သူ့ရဲ့ကျောင်းသားဘဝနဲ့ ဘဝတစ်သက်မှာ ဒီကျင့်ဝတ် အတိုင်း ကျင့်ကောင်းသွားပြီး အသုံးဝင်တဲ့ကျင့်ဝတ်တစ်ခုပါလား ဆိုပြီး တဖြည်းဖြည်း သိလာပါလိမ့်မယ်။

          ကလေးတစ်ယောက်ဟာ အရင်ဆုံးသူ့ကိုယ်သူ respect  ပေးတတ်မှ တခြားသူကို respect ပေး တက်မှာပါ။

          ဒါကြောင့် ကလေးတစ်ယောက်ဟာ ရိုးသားရမယ် ဖြောင့်မတ်ရမယ်ဆိုတဲ့ အသိတွေရှိအောင် သာမန်ကာရှန်ကာ မဟုတ်ပဲ အကျွမ်းတဝင်ရှိအောင် သင်ပေးရပါမယ်။ ဒါတွေက ကလေးတစ်ယောက် အတွက် ခက်ခဲတဲ့သင်ခန်းစာတွေလို့ တွေးလို့ထင်ရပေမဲ့ အမှန်တရားရဲ့ အခြေခံတွေပဲဆိုတာ ကလေးက မိဘအား ထက်သန်စွာနဲ့ ခံယူသင့်တဲ့လေ့ကျင့်သင့်တဲ့ သင်ယူသင့်တဲ့ way of life ဘဝနေနည်းတွေပါပဲ။

          ကလေးတစ်ယောက်ရဲ့ ငယ်ဘဝမှာ ကတည်းက သူ့ရဲ့ညီအစ်ကိုမောင်နှမတွေထက် ဦးစားပေး ခဲ့မရဘူးဆိုတာရယ် သူလိုချင်တဲ့ သူဆန္ဒရှိတဲ့ အရာရာတိုင်းတော့  ချက်ချင်းမရနိုင်ဘူးဆိုတာ မိဘက မဖြစ်မနေ ညွန်ပြပေးရပါတယ်။

          ယဉ်ကျေးလိမ္မာအောင် သင်ပေးတဲ့နေရာမှာ အရေးကြီးတာက မရှက်မကြောက်ဖို့ပါ။ တခြားသူက ကိုယ့်ကိုအရိုအသေ ပေးတယ် respect ပေးတဲ့ အခါကိုယ်ရဲ့ စိတ်ခံစားချက်က ဘယ်လောက်ကောင်းသလဲ ပိတိဖြစ်သလဲဆိုတာကို နားလည်သဘောပေါက်အောင် ညွန်ပြပေးပါ။ ဒါဆိုရင် ဒီကလေးက တခြားကလေး တွေရှေ့မှာ အမှန်တရားတွေကို ပိုလုပ်ပြမယ် သူများအာရုံစိုက်လာအောင် လုပ်မယ်သူ့ကိုယ်သူ ဂုဏ်ယူပြီး အဲဒီလို ခံစားချက်မျိုးရအောင် သူ့ဘဝတစ်လျှောက် လုပ်လာတော့မှာပါ။

          မိဘတွေအနေနဲ့ ဒီလို manners တွေသင်တဲ့ နေရာမှာ အရေးကြီးတဲ့ ရှုထောင့်တစ်ခုကတော့ တစ်ပါးသူကို ပျူပျူငှာငှာဆက်ဆံရမယ် ယဉ်ကျေးပြီး စာနာတက်တဲ့အမူအကျင့်တွေနဲ့ဆက်ဆံရမယ်။ ဒါပေမဲ့ တစ်ပါးသူက ကိုယ့်ကိုဒီလိုပြုမူလို့ အနိုင်သွားရမယ်။ ကျော်တက်နင်းသွားမယ်။ အနိုင်ပေးရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူးဆိုတာကို သင်ပြပေးရမယ်။

          တစ်ခါတစ်လေကြရင်လည်း ကလေးတွေက လူကြီးတွေကို နားမခံတဲ့ စကားအသုံးအနှုန်း တွေသုံးပြီး ပြောတဲ့အခါ ရိုင်းပျတာမဟုတ်ဘူး သူတို့ရင်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း စိတ်ခံစားချက်ကို ထုတ်ဖော်တာဖြစ်တယ်။ သူတို့ ဆူးဆူးဝါးဝါး အော်ဟစ်တာစိတ်ထွက်ပေါက် ရှာလောက်တဲ့ အဖြစ်မျိုးအထိ ရောက်မသွားအောင် ရင်ဖွင့်ခွင့် ပေးရပါအုံးမယ်။ ဒါမှသာ  Frustration က ဖျက်ကယက်လုပ်တာတွေ ရှိမှာမဟုတ်တော့ပါဘူး။

          သားသမီးတွေရဲ့ ပြုမူနေထိုင်ပုံရဲ့ အဓိကကျတဲ့ သိသာတဲ့ အချက်က မိဘတွေက ဘယ်လိုပြုမူ နေထိုင်သလဲ? မိဘက ဘယ်သူတွေကိုဘယ်လို ဆက်ဆံသလဲ? သူတို့က မြင်နေတာဖြစ်တယ်။ မိဘတွေက တစ်ပါးသူကို ဟန်ဆောင်ပြုံးနေတာလား။ တန်အောင်ဆက်ဆံနေတာလား။ သူတို့က အားလုံးမြင်

 နေရတယ်။  သူတို့က အဲ့ဒီအတိုင်းအတုယူမှာ ဖြစ်ပါတယ်။

          ဒါ့ကြောင့် သားသမီးတွေကို manners ပြောဆိုနေထိုင်ပုံတွေ သင်ပေးရတာ မိဘတွေရဲ့  နေ့စဉ် ဖြတ်သန်းရတဲ့ အပြုအမူတွေကို သားသမီးတွေက ကြည့်ရင်းသင်ကြားသလို ဖြစ်သွားတာပါ။ ဘာမှ ခက်ခက်ခဲခဲမရှိလှပါဘူး။ ဒါပေမဲ့ သားသမီးရဲ့ အတွင်းစိတ်ခံစားချက်ကို သိမှသာ အဲ့ဒီစိတ်ခံစားချက်ကို အခြေခံပြီး မိဘက စစ်မှန်တဲ့ အပြောဆိုနေထိုင်မူတွေကို ထောက်ပံ့ပေးပြီး သူတို့လေးတွေရဲ့ အောင်မြင်တဲ့ ဘဝခရီးကို ရောက်အောင် guide လမ်းပြဦးဆောင်ပေး နိုင်မှာပါ။  

Add new comment

8 + 6 =

Please wait while the page is loading

သားသမီးလေးတွေကို ပြောဆိုနေထိုင်မှုတွေ သင်ပေးကြရအောင် | Radio Veritas Asia

Error

The website encountered an unexpected error. Please try again later.