သန့်ရှင်းသောဝိညာဉ်တော်ဘုရားပွဲနေ့ ကာဒီနယ်ချားလ်စ်ဘို ၏ သြဝါဒ

သန့်ရှင်းသောဝိညာဉ်တော်ဘုရားပွဲနေ့ ကာဒီနယ်ချားလ်စ်ဘို ၏ သြဝါဒ

သန့်ရှင်းသောဝိညာဉ်တော်ဘုရားပွဲနေ့ ကာဒီနယ်ချားလ်စ်ဘို သြဝါဒ

ပျော်ရွှင်၊ ကျန်းမာတဲ့ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားပွဲနေ့ကြီးဖြစ်ပါစေ။ အိမ်မှာစုရုံးနေကြတဲ့ ညီအစ်ကိုမောင်နှမများ- ပျော်ရွှင်သောပွဲနေ့ကြီး ဖြစ်ပါစေ။ ဒီနေ့ဟာ အရေးပါတဲ့ နေ့တစ်ရက်။ အမိအသင်းတော် မွေးဖွားတဲ့ ရက်ဖြစ်ပါတယ်။ ပါစကားပွဲအပြီးရက်(၅၀)အကြာမှာ ဝိညာဉ်တော်ဘုရား အမှောင်ထု Covid ကို ဖေါက်ပြီး- အလင်းပေးနေပါတယ်။ ဒီနေ့ဟာ ကမ္ဘာကြီးကို ကုသပေးတဲ့နေ့ အစဖြစ်ပါစေ။

သန့်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့ အစွမ်းတန်ခိုး အာရုံကြောထဲ ထိုးဝင်နှက်စေပါ။ ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းတိုင်းကို ကုသပေးပါစေ။ ဒီနေ့ဟာ ကျွန်ုပ်တို့ကို ကယ်မ လွတ်မြောက်စေတဲ့နေ့ဖြစ်ပါစေ။

* ဝိညာဉ်တော်ဘုရားကြွလာပါ။ တပည့်တော်တို့၏ နှလုံးသားများကို အရှင့်ရဲ့ ဉာဏ်ပညာနဲ့ ပြည့်ဝစေပါ။ | ကျွန်ုပ်တို့ အသိုင်းအဝိုင်းမှာ သန့်ရှင်းသောဝိညာဉ်ဘုရားအကြောင်း ဟော

ပြော ဆွေးနွေးတာကြားခဲ့တယ်။ ဘုရားကျောင်းသွားတယ်။ အဖခမည်း တော်အကြောင်း ကြားရတယ်။ ကယ်တင်အရှင်သခင်ယေဇူးအကြောင်း ဟောပြောကြတယ်။ သန့်ရှင်းသော ဝိညာဉ်တော်အကြောင်း သြဝါဒထဲမှာ သိတ်ကြားရလေ့မရှိဘူး။ သခင်ယေဇူး မိမိလုပ်ငန်းကြီးအပြီး မိုးကောင်းကင်တက်ကြွတဲ့အခါ နောက်လိုက်များကို ဝိညာဉ်တော်ဘုရားစေလွတ်မယ်လို့ ဂတိထားခဲ့တယ်။ ကျွန်ုပ်တို့ဘဝမှာ ဝိညာဉ်ဘုရား လိုအပ်နေပါတယ်။ ဘဝမှာ ရုံးကန်နေရတယ်။ အားကိုးမှုက အားနည်းနေသေးတယ်။ ဝိညာဉ်ဘုရား သည် ပုဂ္ဂိုလ်(၃)ပါး တတိယပုဂ္ဂိုလ်-။ ကျွန်ုပ်တို့အားလုံးရဲ့ ခန္ဓာကိုယ်ဟာ ဝိညာဉ်ဘုရား ကိန်းအောင်းရာနေရာ ဗိမာန်ဖြစ်တယ်။

သူ့ရဲ့ဉာဏ်ပညာကို ကျွန်ုပ်ရှာဖွေရာ အားနည်းနေပါတယ်။

ကျွန်ုပ်တို့ ဘယ်သူနဲ့တူလဲဆိုတော့ ရွှေခွက်ကြီးကိုင်ပြီးတောင်းစားနေတဲ့ မျက်မမြင်သူတောင်းစားနဲ့တူပါတယ်။ လမ်းဆုံလမ်းဝမှာထိုင်ပြီး တောင်းစား နေတယ်။ မူးစေ့မတ်စေ့လေးတွေ ပစ်ချသွားတယ်။ လူကြီးတယောက်က သူကိုင်ထားတဲ့ခွက်က ဆန်းလှချီလား။ ကြည့်လိုက်တော့- ရွှေခွက်ဖြစ် နေတယ်။ သူတောင်းစားကို “မင်းကအားလုံးထက်ဌေးတယ်ကွ။ သူတောင်း စားက ခင်ဗျာဟာသတွေ ဖေါက်မနေပါနဲ့။ ကျွန်တော်လူမွဲပါ။” မဟုတ်ဘူး မင်းက အကန်းတောင်းစားနေတယ်။ မင်းကိုင်တဲ့ခွက်က ရေခွက်ကွ

ကျွန်ုပ်တို့ ကက်သလစ်အများ၊ ဒီမျက်မမြင်သူတောင်းစားနဲ့ တူပါတယ်။ ကိုယ့်စီမှာ သန့်ရှင်းသောဝိညာဉ်တော်တည်ရှိနေတာကို လစ်လျူရပြီး ဉာဏ်ပညာနဲ့ နှစ်သိမ့်ခြင်းကို တောင်းနေကြတယ်။ တတ်စွမ်းနိုင်သူမက တန်ခိုးပေးပိုင်ရှင်ဖြစ်ပြီး (၇)ပါး ရပြီသော ကျေးဇူးနဲ့ ကျွန်ုပ်နားမှာ ရှိနေပါတယ်။

Wisdom - ဉာဏ်ပညာ Understanding - နားလည်တတ်ခြင်း Counsel - အကြံပေးတတ်ခြင်း၊ Fortitude - အင်အားသတ္တိ Knowledge - သိမြင်တတ်ခြင်း Piety - ဘုရားတရားကြည်ညိုခြင်း Fear of the Lord - ဘုရားကို ကြောက်ရွံ့ ရိုသေခြင်း၊ ဒီ(၇) ခုသော ကျေးဇူးများမက ဝိညာဉ်တော်ဟာ (၇)မျိုးသော နည်းလမ်းနဲ့ ကျွန်ုပ်တို့နဲ့ အတူတူခရီးပြုနေတယ်။

- He is the Paraclete. ဝမ်းနည်းချိန် - နှစ်သိမ့်မှုပေးတယ်။ - He is the Counselor. အဆိုးထဲက အကောင်းကို ရွေးနိုင်ဘို့မစတယ်။

- He is the Teacher. ဘုရားနုတ်ကပတ်တော် ကျမ်းချက်များရဲ့ | နက်နဲဘွယ်ရာများ နားလည်ခွင့် မျက်စိဖွင့်ပေးတယ်။ ။ - He is the Accompanier. ဘဝခရီးပန်းတိုင်ရောက်ဘို့ လမ်းညွှန်။ - He is the Strengthener. ပြိုကွဲချိန် - စိတ်ပျက်ချိန်

တကိုယ်တည်းဖြစ်ချိန် ရပ်တည်ပေးတယ်။ ။ - He is the Intercessor. လိုအပ်ချက်များ - အဖခမည်းတော်ထံ တောင်းခံပေးတယ်။ - He is the Healer. ကုသပေးတယ်။

Quarantine အချိန် - Lockdown အချိန် Stay at home အချိန် စဉ်းစားပါ။ ဝိညာဉ်တော် ဘုရားအနီးနားမှာ ကျေးဇူးတော်နဲ့ရှိနေပါတယ်။

ဝိညာဉ်ဘုရားအံ့ဘွယ်ရာများ ပြုပါတယ်။ သံပေတရူး- ဝိညာဉ်တော် အစွမ်းနဲ့ လူ(၃)ထောင်ကို တရားဟောနေတယ်။ မကြာခင်တုံးကပဲ၊ သူ(၃)ခါ သခင်ယေဇူးကို ငြင်းပယ်ခဲ့တာ။ မရှက်တော့ဘူး။ သူ သရဲဘောနည်းခဲ့တယ်။ တခြားတမန်တော်ကြီးတွေ ထွက်ပြေးကြတယ်။ သခင်တစ်ပါးသာလျင် ကားစင်ကို ထမ်းတက်တယ်။ ဝိညာဉ်တော်ဘုရားဆင်းသက်လာပြီး အံ့ဘွယ် ရာများဖြစ်နေပြီ။ တမန်တော်ကြီးတိုင်း စိတ်တွေ ရှင်းလင်းပြီး သခင်ယေဇ အပ်နှင်းခဲ့တဲ့ တာဝန်တွေကို ပြတ်ပြတ်သားသားမြင်ရပြီ။ သာသနာတော် ဟောကြားချင်တဲ့ စိတ်ဆန္ဒတွေ ပြည့်ဝလာပြီ။ ကြောက်စိတ်တွေ ကင်းပြီး ရဲရဲရင့်ရင့် ကြေငြာချင်ကြတယ်။ စိတ်ဇဝေဇဝါတွေ အရည်ပျော်ပြီး သခင်ယေဇူးရဲ့ အမှန်တရား အလင်းနှလုံးသားထဲ ထင်ထင်ရှားရှား တွေ့ရပြီ။ တရားတော်အတွက် အသေခံဘို့ မကြောက်ရွံ့ကြတော့ဘူး။ ဝိညာဉ်တော်ရဲ့ စိတ်အားထက်သန်မှုရရှိပြီး စာပေမတတ်ကျွမ်းကျင်တဲ့ ဂါလေလီ တငါသည်တွေ- ကြီးမားတဲ့ ရောမအင်ပါယာကြီးကို စိန်ခေါ်ပြီး၊ နေရာတိုင်း နိုင်ငံအနှံ့အပြား၊ တရားဟောကြတယ်။ ဝိညာဉ်တော်ဘုရား သူတို့ထဲနေရာ ယူတဲ့အခါ သူတို့အပြင်ထွက် ကမ္ဘာလောကကြီးကို ထက်အောက်

ဗြောင်းပြန်လုပ်ပြီး-အသင်းတော်တည်ထောင်ပြီး နှစ်(၂)ထောင်ကျော် အသက်ရှင်လှုပ်ရှားနေတယ်။ လူပေါင်းသိန်းသန်းကုဋေကုဋာကို သခင့်လမ်း လိုက်ဘို့ နှိုးတော်နေတယ်။ ဒါဟာပိုက်ဆံ၊ ရွှေ၊ ငွေ၊ ရတနာနဲ့ မဟုတ်၊ ဘုရားကျောင်းအဆောက်အအုံကြီးနဲ့လည်းမဟုတ် But by sheer power of the Spirit that worked in those simple men + women . သခင်ယေဇူးကြိုတင် မိန့်မှာခဲ့သလို။ တမန် ၁:၈ “သင်တို့ အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော်ဆင်းသက်သောအခါ၊ သင်တို့သည် တန်ခိုးကို ခံရ၍ ဂျေရဇလင်မြို့မစသော၊ ယုဒပြည်၊ ရှာမာရိပြည်၊ မြေကြီးစွန်း တိုင်အောင် ငါ၏ သက်သေဖြစ်ကြလိမ့်မည်။

ကက်သလစ်အသင်းတော်ဟာ ဝိညာဉ်တော်ရဲ့ တန်ခိုးအစွမ်းပိုလိုအပ် ပါတယ်။ ကျွန်ုပ်တို့ တစ်ဦးစီထဲ ကိန်းအောင်းနေတယ်။ ဆေးကြောခြင်း အားဖြင့် ခရစ္စမားအားဖြင့်၊ စက္ကရမင်တူးများအားဖြင့် You are the temple of the Holy Spirit (1 Cor 6:19) သာယာဝပြောအချိန် ခက်ခဲဆိုးသွမ်းချိန် ကျွန်ုပ်တို့ကို လမ်းညွှန်ပေးနေပါတယ်။

Now Let me dwell a while on Prosperity Gospel. Prosperity Gospel: ပစ္စည်း ကုံလုံကြွယ်ဝစေတဲ့ နှုတ်ကပတ်တော် အယူအဆလွဲမှား ချက်လေးတွေ သုံးသပ်စေချင်တယ်။ ချမ်းသာစေတဲ့ကျမ်း၊ စာ- သတင်းကောင်း (Prosperity Gospel) ရဲ့ အစကနဦး မွေးဖွား နေရာက- အရင်းရှင်သူဌေး အမေရိကန်ရဲ့ မျှော်မှန်းချက်။ အဓိက အခြေခံ သတင်းက - Life is about enjoying material benefits ဒို့လောက မှာ- ပျော်ပါး- ကုံလုံကြွဝဘို့ဖြစ်တယ်။ ဆင်းရဲတယ်ဆိုတာ အကျန်ခံရသူ ဘုရားကောင်းကြီးမရရှိသူများဖြစ်တယ်။ မှန်ကန်မွန်မြတ်သူ တွေဟာ အမြဲကြွယ်ဝသူဌေးဖြစ်ကြတယ်။ ကျမ်းစာကျင့်တဲ့သူတွေ ချမ်းသာ မယ်။ ကြီးပွားကြမယ်။

ရဲရဲတင်းတင်းကြေငြာကြတာက- God will give your heart’s desires: money in the Bank. ကိုယ်ခန္ဓာကျန်းမာမယ်၊ မိသားစုကောင်းစားမယ်။ ယုံကြည်သူတိုင်း ဘုရားကဌေးအောင်လုပ်ပေးမယ်။ ပြဿနာတိုင်းကို ရှင်းပေးမယ်။ ယုံကြည်ရင် ဘာမဆိုတတ်နိုင်တယ်။

အမြင့်ပေါ်က ခုန်ချတောင် မထိခိုက်စေရဘူး။ ရဲတင်လွန်း- စိတ်ကြီးဝင်တဲ့ Presumption လို့ခေါ်တယ်။ သခင်ယေဇူးတောင်၊ နတ်ဆာတန်ရဲ့ နှောက်ရှက်ခြင်းခံရတယ်။ ဗိမာန်တော်ကခုန်ချ၊ ခြေကိုမြေနဲ့ မထိအောင် ကောင်းကင်တမန်းများ “မ”ထားမယ်။ ဆုတ်တဲ့နတ်ဆိုး၊ လို့ သခင်အောင်မြင်ခဲ့တယ်။

ဒါမျိုးတရားဟောတဲ့သူတွေ “Mega pastors”- ဧရာမကြီးကျယ် ထယ်ဝါ တဲ့ တရားဟောဆရာတွေ ကြီးမားတဲ့ အဆောင်တွေ၊ ထောင်သောင်းမက ဆန့်တဲ့အားကစားရုံ တွေမှာဟောကြတယ်။ Television – telecast မှာဟောကြတယ်။ “ဒေါ်လာ ၁ဝဝထည့် - (၁)ထောင်ပြန်ရမယ်။” ၁ဝဖို့၁ဖို့ထည့် သူဌေးဖြစ်မယ်။ အလှူထည့်၊ အဆ(၁ဝဝ)ပြန်ရမယ်။ ဒါမျိုး Prosperity Gospel ဟောတဲ့ Pastor ကြီးတွေက သန်းကုဋေကြွယ်ဝတဲ့သူတွေဖြစ်ကြတယ်။ ဟောပြောသူတွေ၊ ခေါင်းဆောင်

တွေ၊ ကိုယ်ပိုင် Private Jet လေယာဉ်တွေပိုင်ကြတယ်။ သန်းကုဋေ အိမ်ယာပိုင်ကြတယ်။ ဘုရားသူတို့အပေါ်ပြတဲ့ အချစ်မေတ္တာတဲ့။

ဒီပုဂ္ဂိုလ် Paster တွေက ဒီခေတ်အချိန် လူတွေရဲ့ တမ်းတလိုလားချက်ကို အတတ်သိတယ်။ ယုံကြည်သူများထွက်ပေါက်ရှာနေတယ်။ ဆင်းရဲဒုက္ခမှ ထွက်ပေါက်၊ မနာကျန်းဖြစ်ရခြင်းမှ ထွက်ပေါက်၊ ယုံကြည်၊ ဆုတောင်း အာလုံးအဆင်ပြေမယ်။ စီးပွားရေးကောင်းမယ်။

ယုံကြည်၊ ဆုတောင်း၊ အလှူပေး၊ အဲဒီတော့ Pastor တွေက ဌေးကြတာ ပေါ့။ ချမ်းသာကြွယ်ဝစေတဲ့ ကျမ်းချက်ကို အများပိုင်း Pentecostal Churches တွေမှာ တွေ့ရတယ်။ သူတို့က အများသော အားဖြင့်

တဲ့ရှိတဲ့- ခရစ်ယာန်များကို ဦးတည်ထားတယ်။

ဒီတစ်ခုဟာ ကမ္ဘာမှာ အံ့ဘွယ်ဖြစ်ရပ်တစ်ခုဖြစ်တယ်။ မြန်မာနိုင်ငံထဲလည်း

ရောက်နေပြီ။ ကလေးမြို့၊ ကားလမ်းဘေး၊ ဘယ်ညာမှာ အသင်းတွေ

မှိုလိုပေါက်နေပြီ- ဟောကြ၊ ပြောကြ၊ အော်ကြ၊ ဌေးတဲ့အသင်းတော် ဆင်းရဲတဲ့အသင်းတော်ဆိုပြီ။ ဆင်းရဲ၊ ချမ်းသာ ကွဲပြားခြားနားနေကြတယ်။ Prosperity theology ကိုလူတွေသဘောကျပြီး born again – anointed ဆီလိမ်းကျံ၊ ဘိသိတ်ခံရပြီ။ စသဖြင့် ကြေငြာကြတယ်။

သန့်ရှင်းသောဝိညာဉ်ဘုရားအကြောင်း လွဲလွဲမှားမှားဖြစ်စေတယ်။ ဘိသိတ်ခံ ရတဲ့ အသင်းတော်ဆိုပြီး ရင်ဘတ်စည်တီး၊ ငိုကြ၊ အသံကုန်ဟစ်အော်ကြ၊ လက်ခုပ်တီးကြ၊ အသံဗလံအားကုန် ဖန်တီးကြ ပတ်ဝန်းကျင်တောင် အနှောက်အရှက်ဖြစ်စေတယ်။ ဆုတောင်းရင်း လဲမှောက်သွားကြ၊ နတ်ပူး သလိုဖြစ်၊ အမှား အယွင်းယွင်း ရှေးနိမိတ်ဖြစ်မဲ့ အရာတွေဟောကြ။ ပရောဖကလုပ်ကြ၊ တခြားဘာသာ အသင်းဂိုဏ်းအကြောင်းဝေဖန်၊ ဆန့်ကျင်ဖက်ပြောကြတာတွေ ကြည့်ပြီး၊ ဒါဟာ သန့်ရှင်းသောဝိညာဉ်တော် ဘုရားကို ထိခိုက်တဲ့ အပြစ်တစ်မျိုးပါပဲ။ ဒါဟာ ခရစ်ယာန်အချင်းချင်း နာမည်ဖျက်တဲ့ အရာတွေ၊ စည်းလုံးခြင်းကို ဆန့်ကျင်ကွဲပြားစေတဲ့ အဖွဲ့အစည်းတွေဖြစ်ပါတယ်။

ဒီအဖွဲ့အစည်းတွေက Pope ရဟန်းမင်းကြီးကို ဆန့်ကျင်ကြတယ်။ ဆင်းရဲ ရခြင်းဟာ ဘာကြောင့်လဲ၊ ဇစ်မြစ်ကိုကြည့်ပါတဲ့။ ရဟန်းမင်းကြီးက ပြောတယ်။ လူရဲ့ အတောမသတ်နိုင်တဲ့ လောဘကြောင့် လူတွေဟာ မျှမျှတတ မမျှဝေနိုင်တဲ့အတွက် ရွေးသူများကပိုဌေး၊ ဆင်းရဲသူများက ပိုမွဲကြတယ်။ ရဟန်းမင်းကြီး ကွန်မြူနစ်လို့ ခေါ်ဝေါ်သမုတ်ကြတယ်။

Prosperity Gospel ကို ဟောပြောခြင်းဟာ- သခင်ယေဇူးရဲ့ ဝမ်းမြောက် စရာသတင်းကို ဒီအာရှ၊ အရှေ့ပိုင်းမှာ အဟန့်အတားဖြစ် စေတယ်။ အရှေ့ပိုင်းမှာက ဗုဒ္ဓ ၊ ဟန္ဒူ ဘာသာလိုက်နာ ကျင့်ကြံတဲ့သူများက ထယ်ထယ်ဝါဝါနေတာမျိုး၊ ဆူဆူညံညံလုပ်ချက်တွေကို မနှစ်မြို့ကြဘူး။ တည်တည်ကြည်ကြည်၊ ရိုးရိုးသားသားနေထကို နှစ်သက်ကြတယ်။ ခရစ်ယာန်များ လုပ်နေပုံက ဘာပုံစံလဲလို့ ဝေဖန်တာက၊ model of market economy of the West. အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ဈေးကွက်လို့ မြင်ကြတယ်။ အဲ့ဒီတော့ ဒို့ရဲ့ကျင့်ပုံက It has nothing to contribute towards the wisdom and simplicity of the eastern religions. ဒို့ကအော်ဟစ်ဆူညံ စကားအမျိုးမျိုး speaking in tongues. ပြောကြပြီး- ဝိညာဉ်တော်ဘုရားရဲ့ အစွမ်း ကျေးဇူးရတယ်လို့ ပြောကြခြင်းဟာ- They abuse the Holy Spirit.

ရှင်ပေါလူးဂလာတိ (၁၆-၂၂) မှာ ပြောထားခဲ့တယ်။ ဝိညာဉ်ပကတိ အတိုင်း ကျင့်ပါ။ ဇာတိပကတိက ဆန့်ကျင်နေတယ်။ ဇာတိပကတိကဘာလဲ။ များများရေးထားတယ်။ သူတပါးပြစ်မှားခြင်း သူတပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုန်ခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းကွဲခြင်း၊ ပွဲလုပ်ခြင်း စသဖြင့်ဖေါ်ပြထားတယ်။

ဝိညာဉ်ပကတိက ဘာလဲ။ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းများ ဖြစ်တယ်။

ရှင်ပေါလူးက စစ်မှန်တဲ့ ခရစ်ယာန်တိုင်း ဝိညာဉ်ပေးတဲ့ ဆုကျေးဇူးတော် များကို ရှာဖွေတောင်းခံဘို့ ဖြစ်တယ်။ “တယောက်သော သူကို ပညာတရားပေးပါတယ်။ နောက်တယောက်ကို ထိုးထွင်းခြင်းတရားပေးပါတယ်။ တပါးသူကို ယုံကြည်ခြင်း ပေးပါတယ်။ ။ တခြားသူကို အနာရောဂါကို ငြိမ်းစေနိုင်သော အခွင့်ပေးပါတယ်။ တယောက်ကို တန်ခိုးပြသောအခွင့်၊ ပရောဖက်ပြုနိုင်သော ကျေးဇူး စိတ်ဝိညာဉ်တို့ကို ပိုင်းခြားသိနိုင်သောအခွင့် တစ်ဦးကို ဘာသာစကား အမျိုးမျိုးပြောနိုင်တဲ့ကျေးဇူးပေးပါတယ်။

ဒိုခရစ်ယာန် ကက်သလစ်များ ဝိညာဉ်တော်ဘုရားလက်လှမ်းမှီရုံမက ကိုယ်ထဲမှာ ကျိန်းအောင်းစံပ္ပါယ်နေပါတယ်။ အနီးနားမှာတောင်မဟုတ်။ | အထဲအတွင်းထဲမှာ ရှိနေပါတယ်။ ဝိညာဉ်တော်ဘုရားကို အခုထက် အရင်ကထက်၊ အားမကိုးမသင့်ဘူးလား။ ရွှေခွက်ကြီး ကိုင်ထားပြီးတောင်းစားနေကြအုံးမှာလား။

အရင်ကထက် အခုလို အကြပ်အတည်းတွေ့ရချိန်မှာ ကိုယ့်ခန္ဓာကိုယ်မှာရှိတဲ့ အသဲနှလုံးကစပြီး၊ တကိုယ်လုံးကို သန့်ရှင်းစေဘို့ ဝိညာဉ်တော်ဘုရားစီ ဆုတောင်းကြရအောင်။ ဝိညာဉ်တော်ဘုရားပဲ ဒီ Covid-19 Virus ပိုးကိုဖျက်ဆီးနိုင်ပါတယ်။ အစစအရာရာကို မဖန်ဆင်းခင်၊ ဝိညာဉ်တော် ဘုရားဟာ ကမ္ဘာမြေကြီးပေါ်မှာ ဝဲပျံနေသလို။ ကျွန်ုပ်တို့ တစ်ဦးစီအပေါ် မိသားစုအပေါ် နိုင်ငံတော်အပေါ် ကမ္ဘာတစ်ခုလုံးအပေါ် လွှမ်းမိုးဝဲပျံပြီး ကုသပါစေ။ ဒီပွဲအပြီးမှာ ကျွန်ုပ်တို့ အားလုံး၊ သွားနေကျ၊ လပ်နေကျ ဆက်လက်ပြုနိုင်ကြမှန်ပါ။

ကျွန်ုပ်တို့ ဒူးထောက်၊ လက်မြှောက်ပြီး မှန်ကန်စစ်မှန်တဲ့ ဆုတောင်းခြင်းကို ဝိညာဉ်တော်က ဆုတောင်းပေးမှန်ပါ။

ရှင်ပေါလူး (ရောမ ၈း၂၆) အတိုင်း “ငါတို့ “ မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည့်အတိုင်း အဘယ်ဆုကိုတောင်းရမည်ဟု မသိက။ ငါတို့ ဆုတောင်းခြင်းအမှုကို၊ နှုတ်မမြှတ်နိုင်သော ညည်းတွားခြင်း အားဖြင့် ဝိညာဉ်တော်သည် စောင်မတော်မူ၏” ဝိညာဉ်တော်သည် သန့်ရှင်း သော သူတို့၏ ဆုတောင်းခြင်းအမှုကို ဘုရားသခင်၏ အလိုတော်နှင့်အညီ စောင်မတော်မူပါစေ။

မိသားစုတိုင်းအပေါ် ဝိညာဉ်တော်ဘုရား၏ ရှိနေခြင်း၊ ကျေးဇူးတော်အားဖြင့် ကျန်းမာခြင်း၊ ငြိမ်းချမ်းခြင်း ခံစားရပါစေ။ အာမင်။

 

Add new comment

5 + 4 =