ဒုက္ခထဲကသုခရတနာ အဆိုးထဲက အကောင်း

ဒုက္ခထဲကသုခရတနာ အဆိုးထဲက အကောင်း

ဒုက္ခထဲကသုခရတနာ အဆိုးထဲက အကောင်း
Fr. Camillus Suan SDB

ယေဇူးက သင်တို့၏စိတ်နှလုံး၌ စိုးရိမ်ပူပန်ခြင်း မရှိစေကြနှင့်။ (ရှင်ယောဟန် ၁၄း၁)

ပဉ္စမပါစကားတနင်္ဂနွေ နေ့(တမန်တော်ဝတ္ထု ၆း၁-၇)၊ ပ-ပေတရု ၂း၄-၉)၊ ရှင်ယောဟန် ၁၄း၁-၁၂)

တစ်ကမ္ဘာလုံးယုံကြည်သူဘာသာသူသန်းပေါင်းတစ်ထောင်သုံးရာကျော်
ဝိညာဉ်ခွန်အားရရှိစေဘို့အတွက်သာသနာတော်ပေးထားတဲ့ ပထမကျမ်း တမန်တော် ၆း၁-ရ မှာ ဘာတွေ့ရလဒဆိုတော့ ကနဦးခရစ်ယာန်တွေမှာယုံကြည်သူဦးရေတိုးလာသည်နဲ့အမျှ ဂရိစကားပြောဆိုသူတွေနဲ့ ဟေဗြီဦးစကားပြောသူတွေကြား ဒုက္ခအခက်အခဲပြသာနာတွေလည်း တိုးလာတယ်။ ဒီဒုက္ခအခက်အခဲပြသာနာကိုတပည့်တော်ကြီးတွေကဝိုင်းဝန်းအဖြေရှာပြီး အပြုသဘောဆောင်တဲ့ချဉ်းကပ်မှုနဲ့ဖြေရှင်းလိုက်တော့ သာသနာတော်လုပ်ငန်းအောင်မြင်ဘို့အတွက်အဟန့်အတား အတားအဆီးတစ်ခုဖြစ်မဲ့အစား ပိုပြီးအောင်မြင်စေတယ်၊တိုးတက်စေတယ်၊ပြန့်ပွားစေတယ်၊စည်းလုံးချစ်ခင်ပြီးညီညွတ်စေတယ်ဆိုတာတွေ့ရတယ်။

ဒုတိယကျမ်း (ပ-ရှင်ပေတရု ၂း၄-၉) မှာ ခရစ်တော်ဟာ မယုံကြည်တဲ့သူတွေအတွက်တော့ တိုက်ကိုဆောက်သောသူတို့ပယ်ထားတဲ့ကျောက်ဟာထောင့်ချုပ်ကျောက် အဓိကကျတဲ့ကျောက်ဖြစ်လာခြင်းကိုတော့ခလုတ်တိုက်ပြီးလဲကျစေတဲ့ကျောက်ဖြစ်သွားတယ်။မယုံကြည်တဲ့သူတွေအတွက်ဒီထောင့်ချုပ်ကျောက်(ခရစ်တော်)ဟာခလုတ်တိုက်မိလို့လဲကျစေခြင်းအားဖြင့်ဘုရားနဲ့ဝေးသွားစေပေမဲ့လဲ ခရစ်တော်ကိုယုံကြည်တဲ့သူတွေအတွက်တော့ ပိုမြင့်တဲ့အထက်ကိုတက်ဘို့တက်ခုံဖြစ်စေပြီး ဘုရားရှင်နဲ့မိုးကောင်းကင်နဲ့ပိုနီးစေတယ်။ဒါကြောင့်လဲ ရှင်ပေါလုဆက်ပြောတာက- သင်တို့သည်ကား ရွေးကောက်ခြင်းခံသောလူမျိုး၊ တော်ဝင်ရဟန်းမျိုး၊ သန့်ရှင်းမြင့်မြတ်တဲ့လူမျိုးနှင့် ဘုရားသခင်ပိုင်ဆိုင်သောလူမျိုးဖြစ်ကြ၏။ ဤသို့ဖြင့် သင်တို့ကို မှောင်မိုက်ထဲမှနေ၍ ကိုယ်၏အံ့ဘွယ်ရာအလင်းတော်သို့ ခေါ်ထုတ်တော်မူသော သခင်၏ချီးမွမ်းထိုက်သောအမှုတော်တို့ကို သင်တို့ကြေညာဟောပြောကြရပေလိမ့်မည်(ပ-ပေတရု ၂း၉)။

အဲဒီတော့ဒီကျမ်းပိုက်မှာလည်းဘဲ စုံစမ်းနှောက်ရှက်ခြင်းတစ်ခု၊ဒုက္ခအခက်အခဲပြသာနာတစ်ခုခုက ကိုယ့်အတွက် ခလုတ်တိုက်လို့လဲကျစရာကျောက်တုံးလား အထက်ပိုမြင့်တဲ့နေရာရောက်ဘို့တက်ခုံတစ်ခုအနေနဲ့အသုံးပြုလား a stumbling block or a stepping stone? အမှောင်သို့ရောက်စေလားအလင်းသို့ပို့ဆောင်လား။ကိုယ့်ခံယူချက်ဆုံးဖြတ်ချက်ပေါ်မှာမူတည်တယ်။

ဧဝံဂေလိကျမ်းမှာလည်းဘဲ (ရှင်ယောဟန် ၁၄း ၁-၁၂)မှာ ယေဇူးဘုရားရှင်က သင်တို့၏စိတိနှလုံး၌ စိုးရိမ်ပူပန်ခြင်းမရှိစေကြနှင့် ((ရှင်ယောဟန် ၁၄း၁)လို့ မိန့်မှာခဲ့ပါတယ်။ ဘာဖြစ်လို့ဒီစကားတွေမှာထားရလဲဆိုရင် ရှင်ယောဟန်အခန်းကြီး ၁၃မှာ နောက်ဆုံးညစာစားပွဲဖြစ်လို့ ခဏနေရင် ရန်သူတွေက သူ့ကိုလာဖမ်းမယ်၊ညဉ်းပန်းနှိပ်စက်မယ်၊ဒုက္ခစရိယာခံထမ်းမယ်၊အသတ်ခံမယ့်အကြောင်းတွေကိုဘယ်လိုတုံ့ပြန်ကြရမလဲ၊ဘယ်လိုမျိုးစိတ်ဓါတ်တွေ၊ဘယ်လိုခံယူချက်ဘယ်လိုယုံကြည်ချက်တွေရှိကြရမလဲဆိုတဲ့အရေးကြီးလှတဲ့စကားတွေနောက်ဆုံးစကားအဖြစ်မှာထားလိုက်တာဖြစ်တယ်။

ဆိုလိုတာက ဒီလိုဒက္ခအခက်အခဲတွေပြသာန်တွေ ပူပင်သောကတွေနဲ့ရင်ဆိုင်ရတဲ့အချိန်မှာ အဲဒီဒုက္ခပြသာနာမှာပဲထွက်ပေါက်မရှိအောင် get lost ပျောက်သွားတာမျိုးမဟုတ်ဘဲ ပဓါန နဲ့ သာမညကိုခွဲတတ်ဘို့ အဲဒီဒုက္ခတွေထက်ပိုပြီးအရေးကြီးတဲ့တန်ဘိုးကြီးတဲ့အစွမ်းကြီးတဲ့အရာတွေမမေ့ရလေအောင်ကြိုတင်သတိပေးခြင်းဖြစ်တယ်။ ဘုရားကိုယုံကြည်ကြလော့။ငါ့ကိုလဲယုံကြည်ကြလော့(ရှင်ယောဟန် ၁၄း၁)ဆိုပြီးထပ်မှာတယ်။

ရှင်ယောဟန် ၁၄း၂-၃

ငါ့ခမည်းတော်၏အိမ်တော်၌ အခန်းများစွာရှိ၏။ ထိုသို့မဟုတ်ခဲ့ပါလျှင် ငါသည်သင်တို့အတွက် နေရာပြင်ဆင်ရန်သွားမယ်ဟု ပြောပါမည်လော။ ငါသည် သင်တို့အတွက်နေရာပြင်ဆင်ရန် သွားပြီးလျှင် တစ်ဖန်ပြန်လာ၍ ငါရှိသောနေရာတွင် သင်တို့လည်းရှိစေရန် သင်တို့ကို ငါ့ထံသို့ခေါ်ဆောင်မည်။

ဒါကတော့ကျွန်တော်တို့အများပိုင်းနားလည်ဒါက မိုးကောင်းကင်နိဗ္ဗာန်တော်ထာဝရဘုရားဗိမ္မာန်တော်အိမ်တော်မှာဘုရားရှင်ရဲ့ဘုန်းတော်အစဉ်စံစားကြမှာဆိုပြီးလက်ခံကြတယ်။ဒါလဲမှန်တယ်။သမ္မာကျမ်းစာတတ်မြောက်တဲ့ပုဂ္ဂိုလ်တစ်ချို့ကတော့ ဒီထကပြိုပှီးလေးနကတြဲ့အဓိပျပါယဖြှငြ့ဆိုခကွကြို ဒီလိုပေးထားပါတယ်။

ဂျူးလူမျိုးတွေရဲ့လက်ထပ်မဂ်လာဆောင်တဲ့ထုံးစံအတိုင်း စေ့စပ်ပြီးပြီဆိုရင် သူတို့သားက သူ့အဖေအိမ်မှာသတို့သမီးကိုယူတဲ့အချိန်မှာ အတူနေဘို့အခန်း (သို့) အိမ်ကိုပြင်ပြီးမှအားလုံးမဂ်လာကိစ္စအဝဝအဆင်သင့်ရှိပြီဆိုမှ သတို့သမီးကိုအိမ်ကိုပင့်ဆောင်တဲ့မဂ်လာအခမ်းအနား ကျင်းပခြင်းကိုဖော်ဆောင်ပြီး ယေဇူးခရစ်တော်ဟာ မဂ်လာဆောင်သူတို့သားဖြစ်ပြီး သူ့ကိုကျွမ်းဝင်ယုံကြည်သူအသင်းတော်ရဲ့အသင်းသူအသင်းသားတိုင်းကို သတို့သမီးကဲ့သို့မှတ်ယူပြီး တစ်ယောက်စီကိုတန်ဘိုးထားမြတ်နိုးလို့ ချစ်လို့ သူနဲ့တစ်လုံးတစ်ဝတည်းရှိနေချင်လို့ လင်နဲ့မယားတစ်လုံးတစ်ဝတည်း ဖြစ်နေခြင်းကိုနားလည်သဘောပေါက်အောင်ပြောဆိုခြင်းဖြစ်တယ်လို့ဆိုပါတယ်။

ချစ်ခြင်းရဲ့နိယာမ (သို့)သဘောတရားကတော့ တကယ်ချစ်တယ်ဆိုရင် မဝေးချင်ဘူး နီးချင်တယ်။ မခွဲချင်၊မကွဲချင်ဘူး တွဲချင်တယ်။ ဥပမှာ အချစ်သူချင်းတစ်ချို့မှာ မင်းနားရောက်ချင်သည် ချစ်ခွင့်ရချင်သည်...၊ မင်းနားမှာအမြဲနေချင်တယ် မငျးရဲ့ပုံရိပျလေးလဲတမျူတဆဲ၊ အသက်ထက်ဆုံးဘဝ အနားမှာအမြဲရှိနေချင်တယ်စသဖြင့်ပေါ့။စာသားတွေမှန်လားတော့မသိ။မမှန်ရင်ခွင့်လွတ်ပါ။

ဒီချစ်ခြင်းရဲ့သဘောတရားဟာ ဘုရားကလူကိုချစ်တဲ့နေရာမှာလဲအတူတူပဲ။ဒီထက်တောင်ပိုကြီးသေးတယ်။ကျွန်မရှင်းပြတတ်လို့ပါ။ပိုပြီးတော့နားလည်အောင်ရှင်းပြချင်ပါတယ်။ဘုရားရဲ့ကြီးမားတဲ့ချစ်ခြင်းမေတ္တာနားလည်လက်ခံစေချင်လို့လဲဒီစာကိုအချိန်ကုန်ခံ အပင်ပန်းခံ ခေါင်းစားခံပြီးရေားနေရတာပါ။

မြင့်မြတ်တဲ့ဘုရားရှင်က ကျွန်တော်တို့ကိုချစ်လွန်းလို့ သူကအဝေးတစ်နေရာမှာနေ၊ကျွန်တော်တို့ကိုအဝေးတစ်နေရာမှာပစ်ထားပြီးအဝေးကနေ remote control နဲ့ထိန်းနေတဲ့ဘုရားမဟုတ်ဘူး။ချစ်တဲ့အတွက်ကြောင့်နီးချင်လို့ လူ့အဖြစ်ကိုယူတော်မူပြီးကျွန်တော်တို့အလယ်မှာစံပယ်တော်မူသောဘုရား၊ ဧမယနူအဲလ်၊ငါတို့နှင့်အတူရှိတော်မူသောဘုရား(ရှင်မာတေဦး ၁း၂၃)ဖြစ်တယ်။

ဒါတွေမကသေးဘူး ဒေသနာတော်ဟောကြားတော်မူပြီးကျွန်တော်တို့လူသားများအတွက်ကယ်တင်ခြင်းလုပ်ငန်းတွေဆောင်ရွက်အပြီးမှာ သူ့အဖခမည်းတော်ဘုရားရဲ့အိမ်တော်မိုးကောင်းကင်ပြန်မသက်ခင်မှာ သူ့ချစ်တဲ့တပည့်တွေနဲ့ကျွန်တော်တို့ကို ပစ်မထားဘဲ ငါသည်သင်တို့အတွက် နေရာပြင်ဆင်ရန် သွားပြီးလျှင် တစ်ဖန်ပြန်လာ၍ ငါရှိသောနေရာတွင် သင်တို့လည်းရှိစေရန် သင်တို့ကို ငါ့ထံသို့ခေါ်ဆောင်မည်(ရှင်ယောဟန် ၁၄း၃)လို့ သေချာထပ်ပြောတယ်။ နောက်အဖခမည်းတော်ဘုရားဆီမှာဆုတောင်းတာက အိုအဖ၊ ကမ္ဘာမတညိရှိမီကပင် ကိုယ်တော်သည် ချစ်ခြင်းမေတ္တာတော်၌ အကျွနုပ်ကိုပေးတော်မူသော ဘုန်းတော်ကို အကျွနုပ်ထံသို့ ကိုယ်တော်အပ်နှံထားသောသူတို့မြင်ကြစေရန် သူတို့ကိုလည်း အကျွနုပ်ရှိရာအရပ်၌ အကျွနုပ်နှင့်အတူရှိစေလိုပါသည်(ရှင်ယောဟန် ၁၇း၂၄)လို့ သူနဲ့အတူကျွန်တော်တို့အမြဲရှိဘို့ဆုတောင်းတယ်၊အလိုတော်ရှိတယ်။

အဲဒီတော့ ဘဝမှာဒုက္ခအခက်အခဲပြသာနာတွေရှောင်လွှဲလို့မရအောင်ကြုံလာမှာပါ။ဒါပေမဲ့အဲဒီသာမညတွေကြားက မဓါနဖြစ်တဲ့ငါ့ရဲ့တည်မြဲတဲ့ချစ်ခြင်းကိုတော့မမေ့ပါနဲ့။အားယူပါ။ ကြုံလာရတဲ့ဒုက္ခအခက်အခဲပြသာနာတွေကြားမှာ သင်တို့၏စိတိနှလုံး၌ စိုးရိမ်ပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ကိုလည်းယုံကြည်ကြလော့ (ရှင်ယောဟန် ၁၄း၁)လို့ ခွန်အားပေးဖိတ်ခေါ်နေတယ်လို့ ခံယူပြီးအားယူကြရအောင်။

ဒီတစ်ရက်နှစ်ရက်အတွင်းမှာ Covid-19 ထက်ပိုဆိုးတဲ့ဒုက္ခအခက်အခဲပြသာနာတသ်ခုမမျှော်လင့်ဘဲကြုံတွေ့ရလို့ စိတ်သောကရောက်နေတဲ့အချိန်မှာ နာမည်ကြီးစာရေးဆရာ Rick Warren ရဲ့ A Faith That Can't Be Troubled by Troubles ကိုတွေ့တယ်။ ဒုက္ခတွေဒုက္ခမပေးနိုင်သော ယုံကြည်ခြင်းဆိုတာကိုဝေမျှမယ်လို့ ရှည်သွားမှာကြောက်လို့ တစ်ရက်နှစ်ရက်ပြီးမှပဲတင်ပေးလိုက်မယ်။ကျွန်တော်ရေးတဲ့ဟာတွေဖတ်ပြီးဆက်အားပေးရင်းshare လဲလုပ်ပေးကြပါလို့ခရစ်တော်ရဲ့နာမတော်မြတ်၌ဖိတ်ခေါ်ပါရစေ။ဘုရားမြတ်ရှင်အယောက်တိုင်းစီကောင်းချီးပေးပါစေ။ အာမင်။

Fr. Camillus Suan SDB

 

Add new comment

10 + 0 =